လုံခြုံရေးအထောက်အထားပြသမှုမှာ Password တွေရဲ့ နေရာကို အစားထိုးဝင်ရောက်တော့မယ့် Selfie Identification

ဖုန်းတွေထုတ်လုပ်မှုမှာ အရေးပါတဲ့ နေရာမှာပါဝင်လာတာကတော့ Front Facing ကင်မရာလို့ခေါ်တဲ့ အသုံးပြုသူတွေရဲ့ Selfie ဓာတ်ပုံတွေရိုက်ူးရာမှာ အသုံးပြုတဲ့ ကင်မရာရဲ့ အခန်းကဏ္ဍကလည်း မရှိမဖြစ်နေရာမှာ ပါဝင်လာပါတယ်။ Self portrait လို့ခေါ်တဲ့ မိမိကိုယ်ကိုရိုက်ကူးတဲ့ အလေ့အထဟာ တဖြည်းဖြည်းနဲ့ ရေပန်းစားလာတာကြောင့် ကုမ္ပဏီတွေအနေနဲ့ ယခုအခါမှာ ဓာတ်ပုံတွေကို Password တွေရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် အသုံးပြုလာနိုင်ဖို့အတွက် ကြံစည်နေကြပြီ ဖြစ်ပါတယ်။

အဲ့ဒီထဲက တစ်ခုကတော့ MasterCard ပဲ ဖြစ်ပါတယ်။ MasterCard ဟာ Identity Check Mobile လို့ခေါ်တဲ့ App တစ်ခုကို မိတ်ဆက်ခဲ့ပြီး အဲ့ဒီ App နဲ့ အသုံးပြုသူတွေဟာ သူတို့ရဲ့ ခရက်ဒစ်ကဒ်တွေက အထောက်အထားအနေနဲ့ စမတ်ဖုန်းထဲက ကင်မရာကို ကြည့်လိုက်ရုံနဲ့ အွန်လိုင်းကနေ Verify လုပ်နိုင်မှာပါ။

အသုံးပြုသူရဲ့ ပုံရိပ်ကို Master Card ရဲ့ ဆာဗာထဲမှာ ပြန်လည် မဖျက်ခင် (Encrypt) အထိ သိမ်းထားပေးမှာ ဖြစ်ပါတယ်။ နောက်နှစ်မှာ MasterCard က အသုံးပြုသူရဲ့ Selfies တွေကို Identity Check Mobile app ထဲမှာ ဘေးကင်းလုံခြုံစေဖို့ ကြိုတင်ကာကွယ်မှုအနေနဲ့ သိမ်းဆည်းထားမှာပါ။ MasterCard ဟာ ဒီပရိုဂရမ်ကို ဥရောပမှာ စတင်မှာဖြစ်ပြီး ၉၂ရာခိုင်နှုန်းသော Customer တွေက ဒါဟာဆိုရင် Password စနစ်ထက်စာရင် Mobile Banking စနစ်မှာ သူတို့ပိုမိုလိုချင်တဲ့ ဇီဝအချက်အလက်နဲ့သက်ဆိုင်တဲ့ Login စနစ်တစ်ခုဖြစ်တယ်လို့ ဆိုခဲ့ကြတာပါ။

selfie-identification2

တက္ကစီဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Uber ဟာဆိုရင်လည်း သူတို့ဒရိုက်ဘာတွေသာအသုံးပြုနိုင်အောင် လုပ်ထားတဲ့ Selfie App တစ်ခုနဲ့ ခရီးသည်ဆီက ငွေလက်မခံခင်မှာ ရိုက်ကူးလိုက်ပါတယ်။ ပုံက Microsoft ရဲ့ cloud ပေါ်အခြေခံတဲ့ Cognitive ဝန်ဆောင်မှုဆော့ဖ်ဝဲကိုဖြတ်ပြီး အထဲက Algorithm က Selfie ပုံနဲ့ ဖိုင်ထဲကပုံတူမတူ တိုက်ဆိုင်စစ်ဆေးပါတယ်။ တကယ်လို့ ပုံတွေကသိပ်မကောင်းဘူးဆိုရင်တောင်မှ Uber ရဲ့ Selfie App ဟာ ၉၉ရာခိုင်နှုန်းအထိမှန်အောင် စစ်ဆေးပြီးအချက်အလက်တွေကို ယာဉ်မောင်းထံပို့ဆောင်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

Selfie ရိုက်ကူးတဲ့ Identification ဟာ မျက်နှာရဲ့အတိုင်းအတာပေါ်မူတည်ပြီး ထွက်ရှိလာတဲ့ နံပါတ်စီးရီးလိုက်ပေါ်မူတည်ပြီး အထောက်အထား အချက်အလက်တွေအဖြစ် ပြောင်းလဲပေးမယ့် စနစ်ပဲ ဖြစ်ပါတယ်။ ဥပမာ၊ တစ်ဦးတစ်ယောက်ရဲ့ နှာခေါင်းအကျယ်အဝန်းတွေ၊ သူတို့ရဲ့ မေးရိုးအကွေးတွေကို တိုင်းတာပြီး ID Code တစ်ခုအဖြစ်နဲ့ ပြောင်းလဲလိုက်ကာ၊ ဖိုင်ထဲမှာသိမ်းထားတဲ့ ဓာတ်ပုံရဲ့ အကိုးအကားတွေနဲ့ နှိုင်းယှဉ်တိုက်ဆိုင်စစ်ဆေးတာပါ။

ဒီစနစ်ဟာ လက်ရှိအထိ ပြီးပြည့်စုံခြင်းမရှိသေးတဲ့ စနစ်ဆိုပေမယ့် ကုမ္ပဏီတော်တော်များများဟာ ဒီစနစ်ကို အသုံးပြုဖို့အတွက် အဆင်သင့်ဖြစ်နေကြပါပြီ။ ဥပမာဆိုရင် ဗြိတိန်ဘဏ် HSBV ဟာ ဘဏ် Customer တွေကို အွန်လိုင်းအကောင့်ဖွင့်ပြီး သူတို့ရဲ့ ဒရိုက်ဘာလိုင်စင်ပုံနဲ့ နှိုင်းယှဉ်ပြီး အသုံးပြုနိုင်ဖို့အတွက် ခွင့်ပြုထားပြီးဖြစ်ပါတယ်။

Ref: Phone Arena

%d bloggers like this: