0 Shares 42 Views

Audi ရဲ့ လျှပ်စစ်ကားအားလုံးကို “E-Tron” ဆိုတဲ့ နာမည်အောက်ကနေထုတ်လုပ်မည်

Audi ဟာ အနာဂါတ်မှာ ထွက်ရှိလာမယ့် သူတို့ရဲ့ လျှပ်စစ်ကားတွေကို လွယ်ကူရိုးရှင်းစွာပဲ E-Tron လို့ နာမည်ပေးထားကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ မော်ဒယ်၊ ဒီဇိုင်း၊ နံပါတ်တွေမပါသေးတဲ့ နာမည်ပဲ ဖြစ်ပါတယ်။ ကားထုတ်လုပ်သူအနေနဲ့ ကားသစ်တွေကို လွန်ခဲ့တဲ့ ၈၀ပြည့်လွန်နှစ်တွေတုန်းက ထုတ်လုပ်ခဲ့တဲ့ All Wheel Drive အမျိုးအစားကားတွေအားလုံးကို Quattro လို့နာမည်ပေးခဲ့သလိုပဲ ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

audi-electric-cars2

“ဒါဟာ Audi ရဲ့ ပထမဆုံး Quattro မော်ဒယ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပြီး အလွယ်တကူပဲ Quattro လို့သိသွားကြပါတယ်” လို့ Audi ရဲ့ အရာရှိချုပ်ဖြစ်သူ Rupert Stadler ကဆိုပါတယ်။ “တစ်ချိန်ကျရင် E-Tron ဆိုတဲ့ နာမည်ဟာ သန့်စင်စွမ်းအင်နဲ့ လည်ပတ်တဲ့ လျှပ်စစ်ကားတွေရဲ့ ရှေ့ဆောင်နာမည်တစ်မျိုး ဖြစ်လာမှာပါ” လို့လည်း ပြောကြားခဲ့တာပါ။

Audi ဟာ E-Tron ဆိုတဲ့ နာမည်ကို အရင်ထွက်ခဲ့ဖူးတဲ့ မော်ဒယ်နှစ်မျိုးမှာ ပေးခဲ့ဖူးပါတယ်။ E-Tron ဟာ လျှပ်စစ်ကားတွေအတွက် သီးသန့်ကိုယ်စားပြုထားတဲ့ နာမည်ဖြစ်ကြောင်းလည်း Rupert Stadler ကဆိုခဲ့တာပါ။ Audi ဟာ အောက်မှာပြထားတဲ့ ဆီဒင်ကားအမျိုးအစား သစ်တွေကိုလည်း လာမယ့် ၂၀၂၀ခုနှစ်မှာ ထုတ်လုပ်ဖို့အတွက် စီစဉ်ထားပါတယ်။

audi-electric-cars3

Ref: Engadget

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category