0 Shares 42 Views

2600 MHz Spectrum လေလံ အောင်မြင်သူများကို အောက်တိုဘာ (၂၀) ရက်နေ့ကြေညာမည်

Oct 19, 2016
0 42

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ 2600 MHz Spectrum လေလံ ပြိုင်ပွဲကို၂၀၁၆  ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ နဲ့ (၁၈) ရက်တို့မှာ ကျင်းပခဲ့ပြီး လေလံ အောင်မြင်သူများအား 2600 MHz Auction Framework မှာ သတ်မှတ်ထားတဲ့ အတိုင်း ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ (ကြာသပတေးနေ့) မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရကုမ္ပဏီများ အနေနဲ့ မြန်နှုန်းမြင့် Broadband Data ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Simultaneous, Multiple-Rounds Auction (SMRA) နည်းလမ်း အသုံးပြုတဲ့ 2600 MHz Spectrum လေလံအား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၉:၀၀) နာရီ အချိန်က နေပြည်တော်ရှိ The Hotel Royal ACE မှာ စတင်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ 2600 MHz ဆိုင်ရာ Auction Framework အား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပြီး လုပ်ငန်းစဉ်အဆင့်ဆင့်အလိုက် ဆက်လက်ဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီတဲ့ Qualified Bidder (၉) ဦး ကိုရွေးချယ်ခဲ့ပြီး ၄င်းတို့အနေနဲ့ မိမိတို့ရဲ့ Business Plan အတိုင်းသာ ပါဝင်ယှဉ်ပြိုင်သွားနိုင်ရေး နဲ့ ဈေးကစားမှုများကို ရှောင်ရှားနိုင်ရေးအတွက် အခြားနိုင်ငံ အများအပြားမှာ အသုံးပြုလျက်ရှိတဲ့ Simultaneous Multiple Rounds Auction (SMRA) နည်းလမ်းအား အသုံးပြုခြင်းဖြစ်တယ်လို့သိရပါတယ်။

 2600 MHz Band အတွင်းက လှိုင်းနှုန်းစဉ်များအနက် 20 MHz Lot (၂) ခုအား နယ်မြေ (၁)-နေပြည်တော်၊မကွေး၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ၊ နယ်မြေ (၂) – ရန်ကုန်၊ ဧရာဝတီ၊ ရခိုင် နဲ့ နယ်မြေ (၃)- မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်၊ ကယား စသည့် နယ်မြေ (၃) ခုအတွက် လေလံစနစ်ဖြင့် ဆောင်ရွက်အသုံးပြုခွင့်ပေးသွားမှာဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုဟာ အများဆုံးအနေနဲ့ Lot (၂) ခု ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်သော်လည်း နယ်မြေတစ်ခုတည်းမှာ Lot (၂) ခု ယှဉ်ပြိုင်ခွင့်မရှိဘူး လို့သိရပါတယ်။

နယ်မြေတစ်ခုခြင်းစီအလိုက် ကြမ်းခင်းဈေးနှုန်းများမှာ နယ်မြေ (၁) အတွက် အမေရိကန် ဒေါ်လာ (၃) သန်း၊ နယ်မြေ (၂) အတွက် အမေရိကန်ဒေါ်လာ (၇) သန်း၊ နယ်မြေ (၃) အတွက် အမေရိကန်ဒေါ်လာ (၅) သန်းဖြစ်ပြီး အဆိုပါ ကြမ်းခင်းဈေးနှုန်းများအား ပထမအဆင့် (First Round) ဈေးနှုန်းအဖြစ် သတ်မှတ်ပြီး လေလံလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ခဲ့ တာဖြစ်တယ်လို့သိရပါတယ်။

mcit

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category