0 Shares 47 Views

Android စနစ် စတင်ခဲ့ကတည်းက လက်ရှိအချိန်အထိ အမြတ်ငွေ ဒေါ်လာ ၂၂ ဘီလီယံ ရရှိထားပြီးဖြစ်

Jan 24, 2016
0 47

Google ကုမ္မဏီက တည်ဆောက်ထားတဲ့ Android စနစ်ဟာ စတင်ထုတ်လုပ်ခဲ့စဉ်ကတည်းက အခုအချိန်ထိ ဘဏ္ဍာငွေ ဒေါ်လာ ၃၁ ဘီလီယံ ရှိခဲ့ပြီး အကျိုးအမြတ်အားဖြင့်တော့ ဒေါ်လာ ၂၂ ဘီလီယံ ရရှိပြီးဖြစ်တယ်လို့ Google ကို ဆော့ဖ်ဝဲ ကုမ္မဏီတစ်ခုက တရားစွဲဆိုခဲ့ရာမှာ ထိုဆော့ဖ်ဝဲ ကုမ္မဏီ ရဲ့ ရှေ့နေက ထွက်ဆိုခဲ့ပါတယ်။

Google ဘက်က ရှေ့နေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ဆွေးနွေးပြောဆိုခြင်းမရှိခဲ့ပေမယ့် သူတို့ရဲ့ Alphabet လုပ်ငန်းစုအနေနဲ့ Android က ရရှိလာတဲ့ ဘဏ္ဍာငွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပြန်ပါတယ်။

Android မိုဘိုင်းလ် စနစ်ဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ Android Alpha ဆိုတဲ့ စနစ်ကို စမ်းသပ်ထုတ်လုပ်ခြင်းနဲ့ စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ မှာတော့ Android 1.0 ဆိုတဲ့ စီးပွားဖြစ် ထုတ်လုပ်မှုကို စတင်ခဲ့ပါတယ်။ အခုဖြစ်နေတဲ့အမှုအခင်းမှာတော့ ဒေတာဘေ့စ် ဆော့ဖ်ဝဲနဲ့ နည်းပညာ ကုမ္မဏီဖြစ်တဲ့ Oracle အဖွဲ့ဟာ Google ကို သူတို့ရဲ့ Java ဆော့ဖ်ဝဲကို အခကြေးငွေမပေးပဲ ယူသုံးပြီး Android ကို ဖန်တီးတည်ဆောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီအမှုအခင်းနဲ့ ပတ်သက်တဲ့ အီလက်ထရောနစ်ဆိုင်ရာ စာရွက်စာတမ်းတွေကို ဆန်ဖရန်ဆစ္စကို တရားရုံးပိုင် ကွန်ပျူတာစနစ်မှာ လူထုကို ကြည့်ရှုခွင့်ပေးခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ထို စာရွက်စာတမ်းတွေကို ရုပ်သိမ်းထားတယ်လို့လည်း Reuters သတင်းတစ်ရပ်အရသိရပါတယ်။

လက်ရှိဖြစ်နေတဲ့အမှုအခင်းကတော့ Google အနေနဲ့ Android စနစ်တည်ဆောက်ရာမှာ အသုံးပြုခဲ့တဲ့ Java ပရိုဂရမ်းရေးနည်းဘာသာစကားတွေရဲ့မူပိုင်ခွင့်ကာကွယ်မှုလို့လည်း ဆိုနိုင်မှာဖြစ်ပါတယ်။ Oracle ကုမ္မဏီကတော့ Google အနေနဲ့ သူတို့ရဲ့ Java ပရိုဂရမ်ကို အသုံးပြုခဲ့ခြင်းအတွက် နစ်နာကြေး ကိုတောင်းဆိုနေတာဖြစ်ပြီး Google ကတော့ Java ကို အခကြေးငွေမပေးပဲ သုံးစွဲခွင့်ရှိသင့်တယ်လို့ ပြန်လည် ချေပ ပြောဆိုနေဆဲပါပဲ။

Ref : Gadgets 360

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Most from this category