0 Shares 14 Views

3D စကန်နာ နဲ့ ပရိုဂျက်တာ တို့တပါတည်းပါဝင်ပြီး တက်ဘလက်အဖြစ်ပါသုံးနိုင်မယ့် HP ရဲ့ ဆန်းသစ်တဲ့ Sprout Pro PC

HP Sprout Pro ဟာ လွန်ခဲ့တဲ့နှစ်က HP က ထုတ်ဖော်ပြသခဲ့တဲ့ ဆန်းသစ်ထူးခြားတဲ့ Sprout PC ကို အဆင့် မြှင့်တင်ထားတဲ့ PC တစ်လုံးဖြစ်ပြီး၊ အနုပညာဖန်တီးသူတွေ၊ ဒီဇိုင်းပညာရှင်တွေအတွက် အဓိကထားကာထုတ်လုပ် ထားတာဖြစ်ပါတယ်။

HP Sprout Pro မှာ နောက်ဆုံးမျိုးဆက် Intel Core i7 ပရိုဆက်ဆာကို အသုံးပြုထားပြီး Windows 10 Pro စနစ်ဖြစ်ပါတယ်။ ကီးဘုတ်နဲ့မောက်စ် တို့ အစား လက်မ နှစ်ဆယ်အရွယ် Touch Mat ပါဝင်ပါတယ်။ ဒီ Mat ကို ဒုတိယမော်နီတာအဖြစ်လည်းအသုံးပြုနိုင်သလို၊ ကီးဘုတ်နဲ့ မောက်စ်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ Touch Mat ကနေ ပုံတွေ၊ဒီဇိုင်းတွေ ရေးဆွဲနိုင်ဖို့ အတွက် Stylus တစ်ချောင်းလည်း ပါရှိပါတယ်။

နောက်ထပ်ထူးခြားတဲ့စွမ်းဆောင်ရည်တစ်ချက်ကတော့ Mat ပေါ်တင်လိုက်တဲ့ပစ္စည်းမှန်သမျှကို PC မှာ တပ်ဆင်ထားတဲ့ 3D စကင်နာကနေ ဖတ်သားကာ၊ တပါတည်းတပ်ဆင်ထားတဲ့ ပရိုဂျက်တာက Mat အပေါ် ပုံရိပ်ပြန်ထိုးပြနိုင်ပါတယ်။ ထို့နောက် Mat ပေါ်မှာပဲဖြစ်ဖြစ်၊ PC မော်နီတာကနေပဲ ဖြစ်ဖြစ်၊ ပုံကို အရောင်ဖြည့်တာ၊ ပြင်ဆင်တာတွေ ပြန်လုပ်နိုင်ပါတယ်။

HP Sprout Pro မှာ RAM 8GB ၊ Nvidia GeForce GT 945A 1GB ဂရပ်ဖစ်ကတ် တို့ပါဝင်ပြီး 1TB အထိ ဒေတာသိုလှောင်နိုင်တဲ့ SSD Drive နဲ့ 1-megapixel ကင်မရာတို့ ပါရှိပါတယ်။
စီးပွားရေးလုပ်ငန်းတွေနဲ့ တက္ကသိုလ်၊ကျောင်းတွေအတွက် အဓိကထုတ်လုပ်ထားတာဖြစ်လို့ ဈေးကတော့ အတန်ငယ်များပြီး လာမယ့် ဖေဖော်ဝါရီလအတွင်း ဒေါ်လာ ၂၁၉၉ နဲ့ ၀ယ်ယူရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: The Verge

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
770 shares256 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Most from this category