0 Shares 251 Views

ဘက်ထရီပမာဏ 4900 mAh အထိ ပါဝင်မယ့် တန်ဖိုးနည်းစမတ်ဖုန်း Blu Energy X Plus 2

Oct 19, 2016
0 251

တန်ဖိုးနည်းပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဖုန်းတွေ ထုတ်လုပ်တဲ့ Blu  ဟာ ယခုအခါ Energy စီးရီးနဲ့ ဒေါ်လာ ၁၀၀ တန် Android ဖုန်းသစ်တစ်မျိုးထပ်မံထုတ်လုပ်လိုက်ပြန်ပါပြီ။ Blu Energy X Plus 2 မော်ဒယ်ဟာ မနှစ်က ထုတ်လုပ်ခဲ့တဲ့ Energy X Plus လိုမျိုးပဲ တန်ဖိုးသင့်ပြီး ဘက်ထရီပမာဏကောင်းမွန်တဲ့လုပ်ဆောင်ချက်အပြင် တခြား လုပ်ဆောင်ချက်ကောင်ကောင်းတွေ ပါဝင်ပါတယ်။

Blu ဟန်းဆက်အသစ်မျာ 4900 mAh ပါဝင်ပြီး ထုတ်လုပ်သူတွေရဲ့အဆိုအရ သာမန်အသုံးပြုမှုတွေကိုပြုလုပ်မယ်ဆိုရင် ၃ရက်အထိ အသုံးပြုနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။ ဘက်ထရီကို အားအမြန်သွင်းနည်းပညာအသုံးပြုထားပြီး Energy X Plus 2 ရဲ့ အဓိကအားသာချက်ဖြစ်တယ်လို့ သိရပါတယ်။

blu-energy-x-plus-2-1

 

၅.၅လက်မအရွယ်၊ 720 x 1280 pixles ရှိတဲ့ မျက်နှာပြင်ပါဝင်မှာ ဖြစ်ပြီး Blu Energy X Plus 2 ဟာ Quad-core MediaTek MTK6580 Processor ကိုအသုံးပြုထားတာဖြစ်ပါတယ်။ RAM ပမာဏကတော့ 1GB ဖြစ်ပြီး 8GB Internal Memory ပါဝင်ပါတယ်။ SD ကတ်လည်း ထပ်စိုက်နိုင်ပါတယ်။ 8MP ရှိတဲ့ ကျောဘက်ကင်မရာနဲ့၊ 5MP ရှေ့မျက်နှာကင်မရာတွေကို တပ်ဆင်ထားပြီး LED flash, Dual SIM နဲ့ HSPA connectivity တို့ပါဝင်တယ်လို့ သိရပါတယ်။

Blu Energy X Plus 2 ဟာ Android 6.0 Marshmallow နဲ့အလုပ်လုပ်မှာ ဖြစ်ပြီး Android 7.0 Nougat ကို Update လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ စမတ်ဖုန်းကို လက်ရှိမှာ ဝယ်ယူနိုင်ပြီဖြစ်ပြီး Amazon ကနေရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ၁၀၇ဒေါ်လာ ရှိမှာဖြစ်ပြီး အရောင်အနေနဲ့ အနက်၊ ရွှေနဲ့ Rose Gold ဆိုပြီး အရောင်သုံးမျိုးရရှိနိုင်မှာပါ။

blu-energy-x-plus-2-3

Ref: Phone Arena

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category