0 Shares 49 Views

အိတ်ကပ်ထဲ ခေါက်သိမ်းထားနိုင်တဲ့ iPhone ဂိမ်းခလုပ် (သို့) Gamevice

Jan 24, 2016
0 49

iPhone 6S နဲ့ iPhone 6S Plus တို့ဟာ ယနေ့ခေတ်မှာ သင်ဝယ်နိုင်တဲ့ လက်ကိုင် ဂိမ်းစက်လေးတွေလို့ပြောရင်လည်းမမှားပါဘူး။ ထို iPhone တွေဟာ ဂိမ်းတွေကို ပြသတဲ့အခါ Nintendo 3DS (သို့) Playstation Vita တို့မှာသာ ပြသလေ့ရှိတဲ့ CG worlds တွေကိုလည်း စုံလင်စွာ ပြသ ပေးနိုင်စွမ်းရှိကြပါတယ်။

ဒါပေမယ့်လည်း iPhone နဲ့ ဂိမ်းဆော့တဲ့ သူတွေအတွက် လိုအပ်နေတာတစ်ခုဟာ ဂိမ်း လက်ကိုင်ခလုပ် တစ်ခုပဲဖြစ်ပါတယ်။ iPhone နဲ့ ချိတ်ဆက်ပြီး ကစားနိုင်တဲ့ ဂိမ်းခလုပ်တွေများစွာထဲကမှာ Gamevice ဟာ လက်တွေ့အဆန်ဆုံး ဂိမ်းခလုပ်လို့လည်း ဆိုနိုင်မှာဖြစ်ပါတယ်။ iOS အတွက်ထုတ်လုပ်ထားတဲ့ ဂိမ်းခလုပ်အများစုဟာ Xbox (သို့) Play Station တို့လို စတိုင်လ် မျိုးရှိတဲ့ ဂိမ်းခလုပ်တွေ အပြိုင်အဆိုင်ထုတ်နေကြပေမယ့် ပုံစံ ရိုးရှင်းတဲ့ Gamevice ရဲ့ အားသာချက်က အလွယ်တကူသယ်ဆောင်သွားနိုင်တာပဲဖြစ်ပါတယ်။

Gamevice ဟာ iPhone တွေနဲ့ မတပ်ဆင်ထားတော့ပဲ သိမ်းထားမယ်ဆိုရင်လည်း ခေါက်သိမ်းလို့ရနိုင်ပြီး ခေါက်လျက် အနေအထားကတော့ အကျီင်္အိတ်ကပ်(သို့) ပိုက်ဆံ အိတ်အသေးလေးတွေမှာပါ ၀င်ဆံ့နိုင်မှာဖြစ်ပါတယ်။

Dual-Analog အမျိုးအစား ဂိမ်းခလုပ် ဖြစ်တာကြောင့်လည်း Dead Effect ၊ Unkilled တို့လို ဂိမ်း မျိုးတွေကိုပါ အလွယ်တကူ ဆော့နိုင်မှာဖြစ်ပြီး Grand Theft Austo:San Andreas နဲ့ Final Fantasy VII တို့လို ဂိမ်းမျိုးတွေအတွက်လည်း ဂိမ်းခလုပ်နဲ့ ဆော့တဲ့အခါမှာ မျက်နှာပြင်နေရာ ကျယ်ကျယ်ဝန်းဝန်း ရရှိစေမှာဖြစ်ပါတယ်။ အခက်အခဲတစ်ခုရှိတာကတော့ Android စနစ်မှာ ဂိမ်းခလုပ်နဲ့ တွဲဖက်ဆော့နိုင်တဲ့ ဂိမ်းတွေအားလုံးကို iOS မှာ ဂိမ်းခလုပ်နဲ့ဆော့ဖို့ Support မရနိုင်ပါဘူး။အဲဒီအတွက် ဂိမ်းခလုပ်နဲ့တွဲဖက်ဆော့မယ်ဆိုရင်တော့ Apple ရဲ့ App Store မှာကတည်းက Controller Game တွေကို ရွေးချယ်ပြီး ဒေါင်းလုဒ်ပြုလုပ်သင့်ပါတယ်။

ဒေါ်လာ ၁၀၀ တန်ဖိုးကျသင့်မယ့် ဒီ Gamevice ဟာ USB နဲ့ အလွယ်တကူ အားသွင်းယူနိုင်မှာဖြစ်ပြီး iPhone နဲ့ ချိတ်ဆက်ပြီး ဂိမ်းကစားနေစဉ်မှာလည်း အသံထွက်စနစ်အတွက် နားကြပ်ထည့်ဖို့ အပေါက်တစ်ပေါက်လည်းပါဝင်ပါတယ်။

Ref : CNet

You may be interested

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ
cameras, FEATURES, Softwares & Application
181 shares165 views

Android မှာ Camera Shutter Sound ကို ပိတ်နည်းများ

Ko Thuya - Aug 22, 2017

စမတ်ဖုန်းများမှာ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာ Camera Shutter Sound ထွက်လာအောင် ဖန်တီးထားကြပါတယ်။ အဲဒီ အသံဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ပိတ်နည်းများဟာ စမတ်ဖုန်း တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ သင့် ဖုန်းမှာ…

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ
Knowledge, Others, Trends
220 shares101 views

အမျိုးသမီးတွေ အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာတော့မယ့် AI စက်ရုပ်တွေ

zayarsan - Aug 22, 2017

AI တွေကို အမျိုးသမီးတွေရဲ့ မီးဖိုချောင်အကူကနေစပြီး အမျိုးသားတွေရဲ့ အားကစားပွဲတွေထိ ပါဝင်အောင် လိင်အမျိုးအစား ခွဲ၍ Train ပေးခဲ့ပြီး အချိန်ကာလများစွာ လေ့လာခဲ့တယ် လို့ သိရပါတယ်။ လေ့လာသူတွေရဲ့ နှစ်ရှည်စီမံကိန်းက ပုံတွေကို စုဆောင်းဖော်ပြခဲ့ရာမှ AI တွေကို လူသားတွေအတွက် လေ့ကျင့်မှု…

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ
Gadgets, Google, HUBS
126 shares78 views

Google မှ နောက်ထွက်မယ့် Laptop design ကို မူပိုင်ခွင့်ပုံကြမ်း ထုတ်ဖော်ပြသ

zayarsan - Aug 22, 2017

ကွန်ပျူတာ နဲ့ အိုင်တီ Cosumer ဈေးကွက်ကို တစ်ဆင့်ချင်း လာနေပြီဖြစ်တဲ့ Google ကုမ္ပဏီ ဟာ အရင်က လိုင်းဖုန်းတွေမှာ Chrome book, Pixel line လို့ လူသိများတဲ့ Chromebook လိုမျိုး ၂ မျိုး သုံး…

Most from this category