အောက်တိုဘာလ ၁၈ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေ များစွာရှိတဲ့ အနက် ထင်ရှားတာကတော့ Thomas Edison ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၈၄၇ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Edison အနေနဲ့ ၁၈၇၈ခုနှစ်မှာ ကမ္ဘာပေါ်ကို အကြီးမားဆုံးအပြောင်းအလဲဖြစ်ပေါ်စေခဲ့တဲ့ ‘လျှပ်စစ်မီး’ ကို ယူဆောင်လာပေးခဲ့သူလည်း ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာ Edison အနေနဲ့ ကုမ္ပဏီတည်ထောင်ပြီး လျှပ်စစ်မီးသီးတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ နည်းပညာလောကကြီးကို အကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ လုပ်ဆောင်ချက်တွေလို့တောင် ဆိုနိုင်ပါတယ်။
ဒါပေမယ့် ၁၉၃၁ခုနှစ်၊ အောက်တိုဘာ ၁၈ရက်နေ့မှာတော့ Edison ဟာ ရှုပ်ထွေးတဲ့ ဆီးချိုရောဂါတွေနဲ့ နယူးဂျာစီပြည်နယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့နောက်ဆုံးထွက်သက် ‘လေ’ ကို Tube တစ်ခုနဲ့ သိမ်းဆည်းထားပြီး လက်ရှိမှာ မီချီဂန်ပြည်နယ်၊ Dearborn မှာရှိတဲ့ Henry Ford ပြတိုက်မှာ သိမ်းဆည်းပြသထားပါတယ်။
ဒါကြောင့် ဒီနေ့မှာ DT ပရိတ်သတ်ကြီးအတွက် Thomas Edison ရဲ့ နာမည်ကျော်စကားစု (Quote) ကိုလည်း တင်ဆက်ပေးလိုက်ရပါတယ်။
“I’ve not failed, I found 10,000 ways that won’t work”
ကျွန်တော်မကျရှုံးပါဘူး။ အလုပ်မဖြစ်တဲ့ နည်းလမ်းပေါင်း ၁၀,၀၀၀ ကိုသာ ရှာတွေ့ခဲ့တာပါ။
Ref: Day In Tech