0 Shares 139 Views

တန်ဖိုးသင့်ဖုန်းတွေအတွက် Snapdragon SoC အသစ်သုံးမျိုးကို Qualcomm မိတ်ဆက်

Oct 18, 2016
0 139

ကမ္ဘာ့အကြီးဆုံးမိုဘိုင်းချစ်ပ်ထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Qualcomm ဟာ တနလာင်္နေ့က ဟောင်ကောင်မှာ ပြုလုပ်သွားခဲ့တဲ့ 4G/5G ထိပ်သီးဆွေးနွေးပွဲမှာ မိုဘိုင်းပရိုဆက်ဆာအသစ်သုံးမျိုးကို မိတ်ဆက်သွားခဲ့ပါတယ်။

Snapdragon 653 , 626 နဲ့ 427 SoC လို့ အမည်ပေးထားတဲ့ ပရိုဆက်ဆာအသစ်သုံးမျိုးလုံးကို တန်ဖိုးသင့်၊စွမ်းဆောင်ရည်အလယ်အလတ် စမတ်ဖုန်းနဲ့တက်ဘလက်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး၊ စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်မြှင့်တင်ပေးထားတာကို တွေ့ရပါတယ်။

653 ၊ 626 နဲ့ 427 အသစ်သုံးမျိုးလုံးမှာ X9 LTE modem အသစ်ပါဝင်လာပြီး၊ Qualcomm ရဲ့ နာမည်ကျော် Quick Charge 3.0 နည်းပညာလည်း ပါဝင်လာတာတွေ့ရပါတယ်။ ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကတော့ အရင်က Snapdragon 800 စီးရီးမှာပဲ ပါဝင်တဲ့ dual-camera support ကို ယခုချစ်ပ်သုံးမျိုးလုံးမှာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မကြာခင်အချိန်အတွင်း တန်ဖိုးသင့်ဖုန်းတော်တော်များများမှာ ကျောကင်မရာနှစ်လုံးတွဲပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

ယခုချစ်ပ်သုံးမျိုးထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးက octa-core Snapdragon 653 ဖြစ်ပြီး၊ အရင်မော်ဒယ် 652 ထက် စွမ်းဆောင်ရည် ၁၀ ရာခိုင်နှုန်းပိုကောင်းလာတယ်လို့ ဆိုပါတယ်။ Clock speed 1.95 အထိ အမြင့်ဆုံးရနိုင်မှာဖြစ်ပြီး၊ RAM ကလည်း 8GB အထိ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ GPU စွမ်းဆောင်ရည်လည်း ပိုမြင့်လာသလို ချစ်ပ်မှာ ကုမ္ပဏီရဲ့ Enhanced Voice Services နည်းပညာပါ ထည့်သွင်းပေးထားတာကြောင့် VoLTE ဖုန်းခေါ်ဆိုမှုတွေက ပိုမိုကြည်လင်ပြတ်သားမှုရှိလာမှာပါ။

Snapdragon 653 နဲ့ 626 SoCs တွေက ယခုနှစ်ကုန်ပိုင်းလောက်မှာ ဈေးကွက်ဝင်မှာဖြစ်ပြီး၊ 427 ကတော့ နောက်နှစ်အစောပိုင်းလောက်မှ ဈေးကွက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

nexus2cee_626-668x475

nexus2cee_427-668x474

 

Ref: Tech Crunch, Android Police

 

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category