0 Shares 47 Views

Gionee က 5000mAh ဘက်ထရီရှိတဲ့ Marathon M5 Enjoy ဟန်းဆက်ကို ထုတ်လုပ်

gionee_marathon_m5_enjoy_front_back

 

Gionee ကုမ္မဏီဟာ Marathon M5 Plus ကို ထုတ်လုပ်ပြီးတဲ့နောက် နာမည်ဆင်တူ ဟန်းဆက်နောက် တစ်လုံးကို တနင်္လာနေ့က တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ ထို ဟန်းဆက် ကတော့ Marathon M5 Enjoy ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၁၀ ခန့် ကျသင့်မယ်လို့ သိရပါတယ်။

Marathon M5 Enjoy ဟာ မူလ Marathon M5 ဟန်းဆက်နဲ့ ဘက်ထရီ ၊ ကင်မရာ တို့ကလွဲရင် ပါဝင်ပစ္စည်းတွေ တူညီမှု ရှိပါတယ်။ နောက်တစ်ခုက လက်ဗွေရာ ဆင်ဆာ ကို အနောက်မှာ မထားတော့ပဲ အရှေ့ဘက် Home ခလုတ်မှာ တွဲဖက်ထားရှိထားတာပါ။ လက်ဗွေရာနဲ့ Unlock ပြုလုပ်ဖို့အတွက်လည်း အချိန် ၀.၅ စက္ကန့် ကြာမယ်လို့ သိရပါတယ်။ သတ္တုနဲ့ ဖုံးအုပ်ထားတဲ့ Marathon M5 Enjoy ဟာ ဘက်ထရီအဖြစ် 5000mAh ရှိတဲ့ လီသီယမ် ပိုလီမာ ဘက်ထရီကို အသုံးပြုထားပြီး စကားပြောချိန်နဲ့တွက်မယ်ဆိုရင် ၅၂ နာရီ နဲ့ သာမန်အတိုင်းဖွင့်ထားဖို့ဆိုရင် ၇၇၅ နာရီ အသုံးခံတယ်လို့ ကုမ္မဏီ က အခိုင်အမာ ဆိုထားပါတယ်။

Marathon M5 Enjoy ဟာ Android 5.1 Lollipop စနစ်ကို အခြေခံထားတဲ့ Amigo 3.1 ကို အသုံးပြုထားပြီး Dual-SIM အမျိုးအစားဖြစ်ကာ SIM ကတ် ၂ ကတ်ထည့်သွင်းထားပါက ၂ ကတ်လုံးကို 4G LTE နဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ်လို့လည်းသိရပါတယ်။ မျက်နှာပြင်ကတော့ ၅.၅ လက်မ ကျယ်ဝန်းပြီး 720 x 1280 Pixel ကြည်လင်ပြတ်သားတဲ့ HD ရုပ်ထွက်ဖြစ်သလို Processor အနေနဲ့လည်း 64-bit 1.5GHz quad-core MediaTek MT6735 SoC ကို အသုံးပြုထားပြီး RAM 3GB နဲ့ Mali-T720 GPU တို့လည်း ပါဝင်နေပါတယ်။

Storage ပမာဏကတော့ 16GB ဖြစ်ပြီး microSD ကတ်ထည့်သွင်းအသုံးပြုမယ်ဆိုရင် 128 GB အထိ Support ပေးနိုင်ပါတယ်။ အနောက်ကင်မရာကတော့ 8 MP ရှိတဲ့ AutoFocus ကင်မရာ ဖြစ်ပြီး CMOS sensor နဲ့ LED Flash တို့လည်း ပါဝင်ပါတယ်။ အရှေ့ ကင်မရာကတော့ 5 Megapixel သာရှိပါတယ်။ အလျား ၁၅၅ မီလီမီတာ ၊ အနံ ၇၆ မီလီမီတာ နဲ့ အမြင့် ၉ မီလီမီတာ ရှိပြီး အလေးချိန် ၂၀၀ ဂရမ် ရှိတဲ့ Marathon M5 Enjoy ဟာ အရောင်အနေနဲ့ ရွှေရောင်တစ်မျိုးသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref : Gadgets 360

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category