0 Shares 138 Views

ယာဉ်တိုက်မှုမဖြစ်နိုင်တဲ့ ကားသစ်တစ်မျိုးကို ၂၀၂၀ခုနှစ်မှာ ထုတ်လုပ်သွားမှာဖြစ်ကြောင်း Volvo ကြေငြာ

Jan 24, 2016
0 138

ဆွီဒင်အခြေစိုက် ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Volvo ရဲ့  ၂၀၂၀ ခုနှစ်မှာ ထုတ်တဲ့ကားကို မောင်းနှင်မယ့်သူတိုင်းဟာ ယာဉ်တိုက်မှုကြောင့်သေဆုံးရတာမျိုးရှိမှာမဟုတ်ပါဘူးလို့  ကုမ္ပဏီက အခိုင်အမာပြောကြားလိုက်ပါတယ်။

လုံခြုံရေးပိုင်းဆိုင်ရာဦးစားပေးမှုအတွက် နာမည်ကျော်တဲ့ ကားကုမ္ပဏီ Volvo က နောက်ဆိုရင် ဆိုးရွားတဲ့ယာဉ်တိုက်မှုတွေဆိုတာ သမိုင်းစာအုပ်ထဲမှာ လိုက်ရှာနေရတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဆွီဒင်အင်ဂျင်နီယာတွေက ပွင့်လင်းပါတယ်။ သူတို့မဖြစ်နိုင်ဘူးလို့ထင်တဲ့အရာကို မပြောတတ်ပါဘူး” လို့ Volvo မြောက်အမေရိကရုံးရဲ့ CEO Lex Kerssemakers က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Volvo ဟာ ၂၀၂၀ မှာထုတ်လုပ်မယ့်ကားတွေမှာ ဆန်းသစ်တဲ့နည်းပညာတွေကို စုံလင်စွာ ထည့်သွင်းသွားပြီး သူတို့ရဲ့ကားတွေကို ယာဉ်တိုက်မှုလုံးဝမဖြစ်အောင်လုပ်သွားမှာဖြစ်ပါတယ်။

Volvo ရဲ့ အနာဂတ်ကားတွေမှာ Adaptive Cruise Control ခေါ် အလိုအလျောက်ယာဉ်နှုန်းထိန်းကိရိယာ ပါဝင်မှာဖြစ်ပြီး တခြားရှေ့၊နောက်က ကားတွေနဲ့ ဘေးကင်းမှုရှိတဲ့အကွာအဝေးမှာပဲ ကားကို အမြဲတမ်းရှိစေမှာဖြစ်ပါတယ်။

ကားမှာတပ်ဆင်ထားတဲ့ ကင်မရာနဲ့ အာရုံခံကိရိယာတွေကနေ လမ်းကူသူတွေ၊ လမ်းအတားအဆီးတွေနဲ့ တိရိစ္ဆာန်အကောင်ကြီးတွေကို ဖမ်းယူသိရှိနိုင်ပြီး၊ ယာဉ်မောင်းသူကို သတိပေးပြောကြားပေးမှာဖြစ်ပါတယ်။ အကယ်လို့ ယာဉ်မောင်းအနေနဲ့ အကြောင်းကြောင့် တုံ့ပြန်မှုမရှိဘူးဆိုရင်၊ ကားက အလိုအလျောက် ဘရိတ်အုပ်ပေးနိုင်မှာပါ။

ဒီ့အပြင်ယာဉ်မောင်းသူ အိပ်ငိုက်နေပါက၊ အိပ်ချင်မူးတူးကားမောင်းတတ်သူတွေရဲ့ ကားမောင်းပုံအမူအကျင့်၊ လက္ခဏာတွေကို ကားကသိရှိပြီး၊ ယာဉ်မောင်းသူကိုနှိုးပေးသွားမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့၊ ကားမှာ AI နည်းပညာကိုထည့်သွင်းထားပြီး လိုအပ်ပါက ကားက အလိုအလျောက်ထိန်းချုပ်မောင်းနှင်သွားနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် Volvo ဟာ ယာဉ်မောင်းသူလုံးဝမလိုတဲ့ကားတစ်စီးကို ပြုလုပ်နေတာမဟုတ်ဘဲ၊ ယာဉ်မောင်းသူကို အထောက်အကူပြုပေးနိုင်မယ့်နည်းပညာတွေကိုဖန်တီးပေးနေတာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Ref: Mirror

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
56 shares7 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
92 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Most from this category