0 Shares 425 Views

ဒီနှစ်အတွက် တရုတ်နိုင်ငံအတွင်း ဟန်းဆက် ရောင်းအား ၂ ဆ တက်လာဖို့ရည်ရွယ်ထားတဲ့ Xiaomi

Jan 23, 2016
0 425

တရုတ်နိုင်ငံအခြေစိုက် နည်းပညာ ကုမ္မဏီဖြစ်တဲ့ Xiaomi ဟာ မနှစ်က တစ်ကမ္ဘာလုံးရောင်းချနိုင်ခဲ့တဲ့ မိုဘိုင်းလ်ဖုန်း အရေအတွက် ထက် ၂ ဆပိုများတဲ့ ဟန်းဆက် အရေအတွက်ကို အွန်လိုင်းမဟုတ်တဲ့ တိုက်ရိုက်ရောင်းချမှု နဲ့ တရုတ်နိုင်ငံမှာတင် ရောင်းချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။

အွန်လိုင်းကတစ်ဆင့် ရောင်းချမှုမှာ အားကောင်းခဲ့တဲ့ ဘေဂျင်း အခြေစိုက် Xiaomi ကုမ္မဏီ ဟာ သူတို့ရဲ့ ပထမဆုံး ဟန်းဆက်ကို ထုတ်လုပ်နိုင်ခဲ့ပြီး ၃ နှစ်အကြာ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ဒုတိယ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းထုတ်လုပ်သူလည်း ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း Xiaomi ကုမ္မဏီဟာ တစ်ကမ္ဘာလုံးကို စမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ မျှော်လင့်ထားတာထက် ၁၂ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး မနှစ်က ဟန်းဆက် အရေအတွက် သန်း ၇၀ ကိုသာ ရောင်းချနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြည်တွင်း ပြိုင်ဘက်တွေဖြစ်တဲ့ Lenovo နဲ့ Huawei တို့ဟာလည်း အင်တာနက်ရောင်းချမှုမှာ Xiaomi ရဲ့ ရောင်းအားကို အမှီလိုက်နိုင်ခဲ့ပါတယ်။ Xiaomi ရဲ့ ရောင်းအားအများဆုံးတည်ရှိရာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံ မှာတော့ ပထမဆုံးအကြိမ်အနေနဲ့ ရောင်းအားတွေမြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် Xiaomi ဟာ လက်လီလက္ကားရောင်းချသူတွေက တစ်ဆင့် ရောင်းအားမြှင့်တင်နိုင်ဖို့ ကြိုးစားခဲ့သလို “Mi Home” ဆိုတဲ့ Xiaomi အရောင်းပြခန်းတွေကိုလည်း အရေအတွက် ၂၀ ကနေ ၅၀ အထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ စစ်တမ်းကောက်ယူသူတွေ ခန့်မှန်းတွက်ချက်ထားမှုအရ Xiaomi ရဲ့ ၂၀၁၅ ခုနှစ် တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောင်းချမှုစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း (သို့) စမတ်ဖုန်းအရေအတွက် ၂၈ သန်းဟာ အွန်လိုင်းမဟုတ်တဲ့ တိုက်ရိုက်ရောင်းချမှုကနေ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီနှစ်မှာတော့ Xiaomi ဟာ စမတ်ဖုန်းအရေအတွက် ၅၈ သန်းတိတိကို တရုတ်နိုင်ငံအတွင်းမှာ ရှိတဲ့ Suning Commerce Group ကုမ္မဏီ ၊ GOME Electrical Appliances Holding ၊ Beijing Digital Telecom ကုမ္မဏီ ပိုင် D.Phone စတဲ့ လက်လီရောင်းချသူများ ရဲ့ အကူအညီနဲ့ပဲ ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ Reuters သတင်းတစ်ရပ်အရသိရပါတယ်။

Ref : Gadgets 360

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
137 shares47 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category