0 Shares 46 Views

Google မှာရိုက်ရှာလိုက်ရင်တွေ့ရမယ့်ပျော်စရာဆယ်ခု

Google ဟာ ကျွန်တော်တို့အတွက်ကတော့ အကောင်းဆုံး Search Engine ကြီးတစ်ခုပါပဲ။ Google’s Easter Eggs ဟာ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ပုံရိပ်လေးတွေ၊ ပရိုဂရမ်နဲ့ ပစ္စည်းကိရိယာလေးတွေ စတာတွေဟာ ထင်ရှားပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေဟာ Google Serch Box မှာပျောက်ကွယ်နေတဲ့ ပျော်စရာလေးတွေဖန်တီးလို့ရတယ်ဆိုတာ သိပ်မသိကြပါဘူး။ သင့်အနေနဲ့ ဒီလိုပျော်စရာလေးတွေကို Chrome Browser ရှိတဲ့ မိုဘိုင်းလ်ဖုန်းတွေမှာရော၊ PC မှာပါ မှာ အလွယ်တကူရိုက်ရှာလိုက်ရင်ရနိုင်ပါတယ်။ တချို့တခြား Browser တွေနဲ့လည်းအလုပ်လုပ်ပါတယ်တဲ့..ကဲလုပ်ကြည့်ရအောင်..။

၁) Barrel roll

google barrel roll

အဟောင်းလေးပါပဲ ဒါပေမယ့် မိုက်ပါတယ်။ Search မှာ “do a barrel roll” ဒါမှမဟုတ် “z or r twice” လို့ရိုက်လိုက်တာနဲ့ သင့် Google Search စာမျက်နှာဟာ ၃၆၀ဒီဂရီ တစ်ပတ်လှည့်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ? အပျော်သက်သက်ပါ။ Z or R ဆိုတဲ့ စကားနှစ်ရပ်လုံးက Star Fox ဂိမ်းကိုရည်ညွှန်းထားလို့ Fox Game ထဲကအတိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။

၂) Tilting

google tilting

Askew လို့ Google မှာ ရိုက်ရှာလိုက်ရင် သင့်ရဲ့ ရှာလိုက်တဲ့ Page ကြီးတစ်ခုလုံးစောင်းသွားတာကိုတွေ့ရမှာပါ။ ဘာရယ်မဟုတ်ဘူး ပျော်စရာလေးပေါ့။

၃) Star Wars Text

google star war text

သင့်အနေနဲ့ သင်ရှာလိုက်တဲ့ Page ကို Star War မှာ စာတန်းထိုးသလိုမျိုး ရလဒ်တွေကို ဖော်ပြပေးတာကို မြင်ဖူးပါသလား၊ တကယ်လို့ မမြင်ဖူးဘူးဆိုရင် “a long time ago in a galaxy far, far away” လို့ရှာကြည့်လိုက်ပါ။

၎) Google ရဲ့ ၁၉၉၈

Google like it’s 1998

၁၉၉၈ တုန်းက Google အနေနဲ့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ကိုစတင် ဖွင့်လှစ်တုန်းက Version ကိုသင်သိပါသလား၊ “google in 1998” လို့ရိုက်လိုက်ရင် သင့်ရဲ့အခုသုံးနေတဲ့ Search Engine ကြီးရဲ့ လွန်ခဲ့တဲ့ ၁၈နှစ်က ပုံစံကိုပြန်တွေ့ရပါလိမ့်မယ်။

၅) Zerg rush!

google zeug rush

“zerg rush” လို့ရိုက်လိုက်တာနဲ့ ရဲ့ ဝက်ဘ်ပေ့ခ်ျက စာမျက်နှာ အထက်၊ ဘေး၊ အောက်၊ စတဲ့ နေရာပေါင်းစုံကနေ “o” စကားလုံးအနီအဝါ လေးတွေကျလာပြီး သင့်စာမျက်နှာကြီးကိုစားသွားပါလိမ့်မယ် ပြီးရင်တော့ အဲ့ဒီစာလုံးလေးတွေ စုသွားပြီး Google အတိုကောက် “GG” ဆိုတဲ့ စာသားဖြစ်သွားတာ တွေ့ရမှာပါ။

၆) ခေါင်းပန်းလှန်မယ်

google flip a coin

တကယ်လို့ သင့်အနေနဲ့ တစ်ယောက်ယောက်နဲ့ ဘယ်သူဦးဆုံးလုပ်မယ်၊ အပျော်တမ်းလောင်းမယ် စတာတွေလုပ်မယ်ဆိုရင် ခေါင်းနဲ့ပန်းလှန်လေ့ရှိပါတယ်။ အကြွေစေ့တွေကအခုတော်တော်ရှားပြီး ပျောက်ကွယ်မတတ်ဖြစ်နေလို့ ရှာဖွေရတာခက်ခဲနေပါလိမ့်မယ်၊ မပူပါနဲ့ Google မှာ “flip a coin” လို့ရိုက်ရှာလိုက်ရင် ခေါင်းပန်းလှန်လို့ရပါပြီ။

၇) အံစာခေါက်မယ်

google roll a die

အပေါ်ကခေါင်းပန်းလှန်သလိုပဲ အံစာခေါက်တာဆော့ချင်ရင်တော့ Search Box မှာ “roll a die” လို့ရှာလိုက်ပါ။

၈) Bacon Number

google bacon number

Bacon ဆိုတာ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ပါ။ Bacon နဲ့ တွဲပြီးသရုပ်မဆောင်ဖူးတဲ့ မင်းသားမင်းသမီးတော်တော်ရှားပါတယ်။ Bacon Number ဆိုတာကတော့ သင့်ရဲ့ အချစ်တော် သရုပ်ဆောင်ရဲ့ အဆင့်ကိုသတ်မှတ်ပေးတာဖြစ်ပါတယ်။ ဥပမာ bacon number brad pitt လို့ရှာလိုက်ရင် သင့်အနေနဲ့ Bacon Number အဖြစ်သတ်မှတ်ထားတဲ့ (သရုပ်ဆောင်၊ အဆိုတော်၊ နိုင်ငံရေးပညာရှင် စသည်) သူရဲ့ နံပါတ်ကိုတွေ့ရမှာဖြစ်ပါတယ်။

၉) အသီးတွေပြိုင်ကြမယ်

google fruit trumps

တကယ်လို့သင်က အစားရှောင်သူတစ်ဦး ဒါမှမဟုတ် ဘယ်အသီးကအကောင်းဆုံးလဲဆိုတာကိုနှိုင်းယှဉ်ချင်တဲ့ သူဆိုရင် Search Box မှာ “apples vs oranges” လိုမျိုး အသီးနာမည်တွေထည့်ပြီး အထဲမှာပါတဲ့ ကယ်လိုရီ၊ သကြားဓာတ်၊ ဆား၊ ဗီတာမင် စတဲ့ ပါဝင်တာတွေကိုနှိုင်းယှဉ်လို့ရပါတယ်။

၁၀) Recursion (ပြန်ပြခြင်း)

google recursion

Google မှာ Recursion (ပြန်ပြခြင်း) ဆိုတဲ့ စကားလုံးကို ရိုက်ရှာလိုက်ရင် အဓိပ္ပာယ်နဲ့ အတူ အပေါ်မှာ “recursion” ကိုဆိုလိုတာလားဆိုပြီး ပြန်မေးပါလိမ့်မယ်၊ သင်ကစာလုံးရိုက်တာမှာနေလို့ ပြတာထင်တယ် ဆိုပြီးနှိပ်လိုက်ရင် recursion ဆိုတဲ့အတိုင်းအဲ့ဒါကိုပဲပြန်ပြမှာပါ။ Google Programmer တွေကကျွန်တော်တို့ကိုအဲ့ဒီလို ပျော်လို့ရအောင် စနောက်ထားတာပါ။

Ref: The Guardian

You may be interested

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Ko Thuya - Sep 26, 2017

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone…

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်
smartwatch
0 shares7 views

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်

Zar Ni Nyein Tun - Sep 26, 2017

Verizon Wireless ရဲ့ 4G LTE-connect ဖြစ်တဲ့ Wear24 ကို မေလက $ 300 နဲ့ စတင်ေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ဒီ smartwatch ဟာ Google ရဲ့ Android Wear 2 software နဲ့ 1.4-inch…

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ
Tech Update, Vivo
103 shares144 views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Zar Ni Nyein Tun - Sep 26, 2017

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ…

Most from this category