0 Shares 54 Views

Google ရဲ့ Android Ware 2.0 စမတ်နာရီတွေကို နောက်နှစ်အစောပိုင်းတွင် ထုတ်လုပ်မည်

Google ရဲ့ စမတ်နာရီ အမျိုးအစားနှစ်မျိုးကို ဒီနှစ်ဇူလိုင်လမှာ ထုတ်လုပ်မှာ ဖြစ်တယ်လို့ အစောပိုင်းတုန်းက ကောလဟာလထွက်ခဲ့ပေမယ့် လာမယ့် ၂၀၁၇ခုနှစ် ပထမမြောက်သုံးလပတ်အတွင်းမှာ ထွက်ရှိလာမှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

နှစ်မျိုးလုံးကို Android Ware 2.0 နဲ့ အလုပ်လုပ်မှာ ဖြစ်ပြီး နာရီတွေရဲ့ နာမည်ဝှက်တွေကိုတော့ “Angelfish” နဲ့ “Swordfish” ဆိုပြီး ပေးထားကြောင်း ကောလဟလသတင်းတွေ ဖြန့်ချိရာမှာ နာမည်ကြီးတဲ့ Evan Blass (evleaks) က Twitter မှာ ဖော်ပြခဲ့တာပါ။

နာရီတွေအနေနဲ့ လုပ်ဆောင်ချက် အများအပြားပါဝင်မှာဖြစ်ပြီး Google Assistant AI စနစ်လည်း ထည့်သွင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Blass အနေနဲ့ Android Ware နဲ့ ပတ်သက်တဲ့ တခြား အပိုအချက်အလက်တွေနဲ့ ထွက်ရှိမယ့်ရက်အသေးစိတ်ကိုတော့ မျှဝေခဲ့ခြင်းမရှိပါဘူး။ Google ကထုတ်လုပ်မယ့် စမတ်နာရီတွေဟာ Android Ware 2.0 စနစ်နဲ့ အလုပ်လုပ်မယ့် ပထမဆုံး Android နာရီတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

တခြားနာရီနဲ့ပါတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ မတွေ့သေးပေမယ့် Pixel ဖုန်းတွေလိုပဲ “Made by Google” ဆိုတဲ့ တံဆိပ်နဲ့ လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Ref: The Verge

Facebook Comments

You may be interested

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares87 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
5 shares111 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ
Mobiles & Tablets, NEWS, Security & Safety
0 shares98 views

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ

Ko Thuya - May 28, 2017

၂၀၁၆ ခုနှစ် မေလမှာ Egypt Air လေကြောင်းပိုင် လေယာဉ်တစ်စီးဟာ ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းလာစဉ် ပျက်ကျခဲ့ပါတယ်။ အခုတော့ ပြင်သစ် စုံစမ်းရေးမှူးများက လေယာဉ်ပေါ်ပါ iPhone 6S နဲ့ iPad Mini 4 တို့ရဲ့ ဘက်ထရီ…

Most from this category