ဒစ်ဂျစ်တယ်မီဒီယာကဏ္ဍအတွက် Discovery ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြုတ်နှံ

Discovery Channel နဲ့ Animal Planet တို့ကို ပိုင်ဆိုင်တဲ့ Discovery Communications ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက TV အစီအစဉ်တွေကို မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေဆီ Digital Content အနေနဲ့ အရောက်ပို့နိုင်ဖို့အတွက် ရင်းနှီးမြုတ်နှံမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ Discovery ဟာ Group Nine media လို့အမည်ရတဲ့ Holding ကုမ္ပဏီသစ်တစ်ခုကို တည်ထောင်ခဲ့ပြီး ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြုတ်နံှခဲ့တာပါ။

Discovery အနေနဲ့ တခြားမီဒီယာကုမ္ပဏီတွေလိုပဲ သူတို့ရဲ့ Content တွေကို ဖုန်းနဲ့ တခြားမိုဘိုင်းလ်ပစ္စည်းတွေကို အသုံးပြုနေကြတဲ့ အွန်လိုင်းက ကြည့်ရှုသူတွေထံကို ပိုမိုပို့ဆောင်နိုင်ဖို့အတွက် ပရိုဂရမ်အသစ်တစ်ရပ်အနေနဲ့ ထပ်မံချဲ့ထွင်ခဲ့တာလည်း ဖြစ်ပါတယ်။

discovery-logo1

Discovery အနေနဲ့ Facebook လိုပိုမို ကြီးမားလာတဲ့ ပလက်ဖောင်းကို ကြော်ညာမှုကိုလည်း တိုးချဲ့လိုနေပြီး ဗီဒီယို Content တွေကိုလည်း Snapchat လိုနေရာမှာ ပြသနိုင်ဖို့အတွက် ရည်ရွယ်ထားတယ်လို့ CEO ဖြစ်သူက ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဒီလုပ်ဆောင်ချက်ဟာ ကမ္ဘာပေါ်က မိုဘိုင်းလ်သုံးစွဲသူ ၇ဘီလီယံကို တိုက်ရိုက် ထိတွေ့နိုင်ဖို့ဖြစ်ပါတယ်” လို့ ကြာသပတေးနေ့အင်တာဗျူးမှာ Discovery ရဲ့ CEO ဖြစ်သူ David Zaslav ကပြောကြားခဲ့တာပါ။

Ref: Reuters

%d bloggers like this: