ဘာသာစကား၊ သင်္ကေတစတာတွေကို အမျိုးမျိုးပြောင်းလဲနိုင်မယ့် E Ink ကီးဘုတ်ကို Apple အသုံးပြုရန်စီစဉ်နေ

Apple ဟာ လက်ပ်တော့တွေရဲ့ ထိန်းချုပ်မှုစနစ်ကို တိုးမြှင့်တဲ့အနေနဲ့ နည်းပညာသစ်တစ်ရပ်ကို အသုံးပြုဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ 9to5Mac နဲ့ TrustedReview တို့ရဲ့သတင်းအရ Apple အနေနဲ့ Sonder Design ရဲ့ Dynamic ကီးဘုတ်နည်းပညာကို လက်ပ်တော့ဗားရှင်းအသစ်မှာ အသုံးပြုဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒီနည်းပညာကို E Ink လို့ခေါ်ပြီး ကီးဘုတ်ထဲက Lables တွေကို အမျိုးမျိုး ပြောင်းလဲနိုင်တဲ့ ပုံစံဖြစ်ပါတယ်။ တကယ်လို့ ဒီအတိုင်းသာမှန်ခဲ့မယ်ဆိုရင် Apple ရဲ့ နောက်ထွက်မယ့် ကွန်ပျူတာတွေမှာ သင့်အနေနဲ့ ပုံရိပ်ပြောင်းတာတွေ၊ ကာရိုက်တာအမျိုးမျိုးပြောင်းတာတွေ၊ သင်္ကေတာပြောင်းတာတွေ၊ ဘာသာစကားပြောင်းလဲတာတွေကို ကီးဘုတ်တစ်ခုတည်းမှာ လုပ်ဆောင်နိုင်တော့မှာပါ။

ဒါပေမယ့် လက်တလောမှာ MacBook အသစ်ထွက်ရှိမယ့် အကြောင်းကို မတွေ့ရှိရသေးသလို ဒီနည်းပညာကိုလည်း သေချာစွာ လုပ်ဆောင်နေဆဲဖြစ်တာကြောင့် သင့်အနေနဲ့ နည်းပညာအသစ်အတွက် အနည်းဆုံး ၂၀၁၇ခုနှစ်အထိတော့ စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref: Engadget

%d bloggers like this: