Nike နဲ့ပူးပေါင်းထုတ်လုပ်ထားတဲ့ Apple Watch တွေကို ၂၈ရက်နေ့မှာ စတင်ရောင်းချမည်

သင့်အနေနဲ့ Series 2 Apple စမတ်နာရီတွေကို အားကစားဆန်ဆန်ပတ်ချင်လို့ ဒီဇိုင်းသစ်တစ်မျိုးကို စောင့်မျှော်နေတယ်ဆိုရင်တော့ ထွက်ပေါ်လာခဲ့ပါပြီ။ Apple ရဲ့ Update အမျိုးအစားသစ် Nike+ ဗားရှင်းနဲ့ Apple Watch Series 2 ကို လာမယ့် အောက်တိုဘာလ ၂၈ရက်နေ့ကျရင် တရားဝင်အနေနဲ့ စတင်ထုတ်လုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် Apple ဟာ အမေရိကန် အားကစား ပစ္စည်းကုမ္ပဏီ Nike နဲ့ ပူးပေါင်း ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။

nike-version-apple-watch-1

 

ထုတ်ကုန်အနေနဲ့ အများအပြားပြောင်းလဲလာဖို့မရှိပဲ အဓိကအချက်အနည်းငယ်ကိုသာ ဆန်းသစ်ထားတာကို တွေ့ရှိရမှာပါ။ ဘာတွေပြောင်းလဲလာဖို့ရှိနေလဲ ဆိုရင်တော့ အဓိကအနေနဲ့ လက်ပတ်ကြိုးဖြစ်ပြီး Nike ရဲ့ စတိုင်အတိုင်း Sports ဆန်တဲ့ ပုံစံသစ်ကို မြင်တွေ့ရမှာပါ။ အရောင်အသွေးအနေနဲ့ အနက်၊ အဝါ၊ ငွေ သို့မဟုတ် ခဲရောင်ဆိုပြီး အရောင်လေးမျိုးမှာ အပေါက်ပုံစံတွေနဲ့ ဆန်းသစ်ထားမှာပါ။

nike-version-apple-watch-3

ဒီဆန်းသစ်ထားတဲ့ Series 2 စမတ်နာရီရဲ့ ဈေးနှုန်းတွေကတော့ ၃၈မီလီမီတာဗားရှင်းဟာ ဒေါ်လာ ၃၇၀ကျသင့်မှာ ဖြစ်ပြီး ၄၂မီလီမီတာဗားရှင်းကတော့ ဒေါ်လာ၄၀၀ ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Ref: Tech Crunch

%d bloggers like this: