Sony က Nintendo ကိုယှဉ်ပြိုင်ဖို့ Android နဲ့ iOS မိုဘိုင်းဂိမ်းတွေ ထုတ်လုပ်မည်

Sony ရဲ့ ဂိမ်းပိုင်းဆိုင်ရာ လုပ်ငန်းစုဟာ မိုဘိုင်းလ်ဂိမ်း အမျိုးအစား ငါးမျိုးထက်မနည်းကို ထုတ်လုပ်ဖို့အတွက် လုပ်ဆောင်နေပြီဖြစ်တယ်လို့ ကုမ္ပဏီရဲ့ သောကြာနေ့ ပြောကြားချက်တစ်ရပ်အရ သိရပါတယ်။ ဂျပန်အီလက်ထရောနစ် ဘီလူးကြီးအနေနဲ့ ပြိုင်ဘက်ဖြစ်တဲ့ Nintendo ရဲ့ ခြေလှမ်းကို လိုက်တဲ့ အနေနဲ့ မိုဘိုင်းလ်ဂိမ်းလောကထဲကို ဝင်ရောက်ဖို့အတွက် လုပ်ဆောင်နေတာပါ။

ဂိမ်းတွေကို လာမယ့် ၂၀၁၈နှစ်ကုန်ပိုင်းလောက်မှာ ထုတ်လုပ်ဖို့အတွက် လျာထားပြီး ကမ္ဘာ့လူသုံးအများဆုံး OS ကြီးနှစ်ခုဖြစ်တဲ့ Apple ရဲ့ iOS နဲ့ Google ရဲ့ Android ပလက်ဖောင်းနှစ်ခုလုံးကို ရောက်ရှိလာမှာပါ။ ကွန်ဆိုးလ်ဂိမ်းစက်လောကမှာဆိုရင် Playstation နဲ့ Xbox တို့ဟာ ပေါ်ပြူလာအဖြစ်ဆုံးဖြစ်ပြီး Sony အနေနဲ့ ယခုအခါမှာ ပိုမိုကျယ်ပြန့်တဲ့ ခြေလှမ်းတစ်ရပ်ကို လှမ်းဖို့အတွက် လုပ်ဆောင်နေတာကို ကြည့်ရှုရမှာပါ။

Sony ဟာ ကမ္ဘာ့ဂိမ်းဈေးကွက်မှာ အမြတ်ငွေပမာဏ ဒေါ်လာ ၁၂.၄ဘီလီယံ တန်ကြေးရှိတဲ့ ၅၀ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး ကမ္ဘာ့တတိယမြောက်အကြီးမားဆုံး ကုမ္ပဏီအဖြစ်နဲ့ ရပ်တည်နေခဲ့တာဖြစ်တယ်လို့ သုတေသနအရ သိရှိရပါတယ်။

Ref: CNBC, Tech Time

%d bloggers like this: