ကိုယ်ရေးအချက်အလက်လုံခြုံမှုအတွက် Windows 10 မှာ ပြောင်းထားသင့်တဲ့ Privacy settings (၄) မျိုး

Windows 10 စနစ်ဟာ အခုဆိုရင် တစ်ကမ္ဘာလုံးက စက်အလုံးရေ သန်း ၄၀၀ ကျော်မှာရှိနေပြီဖြစ်တယ်လို့ Microsoft ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

Windows 10 စနစ်ဟာ စတင်ထွက်ရှိချိန်ကတည်းက ကိုယ်ရေးကိုယ်တာအချက်အလက်ပေါက်ကြားမှု ပြဿနာ (Privacy Issues) တွေရှိနေပြီး၊ သုံးစွဲသူရဲ့ ဒေတာအသုံးပြုမှုအချက်အလက်တွေကို Microsoft ထံ ပြန်လည်အစီရင်ခံနိုင်တယ်ဆိုတဲ့ စွမ်းဆောင်ရည်ကြောင့် ဝေဖန်မှုတွေ အများအပြားရင်ဆိုင်ခဲ့ရပါတယ်။ ဒီ့အပြင် ကြော်ငြာတွေကလည်း အတန်အသင့်ပါဝင်နေတာကြောင့် Windows OS သုံးသူတော်တော်များများ စိတ်ပျက်ခဲ့ရပါတယ်။

ဒါပေမယ့် ဒီပြဿနာတွေအကုန်လုံးကို Windows စနစ်မှာတင် သင်ကိုယ်တိုင် အလွယ်တကူဖြေရှင်းနိုင်ပါတယ်။

အောက်ဖော်ပြပါအချက်လေး (၅) ချက်ကို လုပ်ဆောင်ထားမယ်ဆိုရင် သင့်ရဲ့ အတွင်းရေးအချက်အလက်တွေ Microsoft ဆီ ရောက်မှာကို အထိုက်အလျောက်ကာကွယ်ပေးထားနိုင်မှာပါ။ ဒါပေမယ့် ဒီအတွက် Windows စွမ်းဆောင်ရည်တစ်ချို့ကိုတော့ လက်လွှတ်ဆုံးရှုံးရဖို့ရှိပါတယ်။

(၁) သင့်အကြောင်းကို Cortana က အလုံးစုံမသိလာအောင်လုပ်ထားပါ။

Cortana ဆိုတာ Siri တို့ Google Assistant တို့လိုမျိုး သင်လိုသမျှခိုင်းနိုင်မယ့် Virtual Assistant (ဒီဂျစ်တယ်လက်ထောက်) ပရိုဂရမ်တစ်ခုဖြစ်ပြီး၊ ‘သူမ’ က သင့်အကြောင်းကို ထဲထဲဝင်ဝင်သိဖို့ ကြိုးစားပါလိမ့်မယ်။ သင့်လေယူလေသိမ်း၊ အရေးအသားတွေအပြင် သင့်ရဲ့ တည်နေရာ၊ သင်သုံးနေတဲ့ပြက္ခဒိန်၊ ဝဘ်ကြည့်ရှုမှု history တို့ကို ‘သူမ’ က သိထားဖို့ တောင်းဆိုမှာဖြစ်ပြီး၊ သင့်အတွက် အသုံးဝင်ဆုံး လက်ထောက်တစ်ယောက်ဖြစ်လာဖို့ စွမ်းဆောင်မှာပါ။

Cortana က ဒီလိုစပ်စပ်စုစုနိုင်တာကို မကြိုက်ဘူးဆိုရင်တော့ ‘getting to know you’ လုပ်ဆောင်ချက်ကို အခုလိုပိတ်ထားနိုင်ပါတယ်။

ပထမဆုံး Start Menu > Settings > Privacy > Speech, inking, & typing ထဲကို ဝင်ပါ။ ထို့နောက် အညိုရောင်ဘောက်စ်နဲ့ပြထားတဲ့ Stop getting to know me ကို နှိပ်လိုက်ပါ။

 

Cortana က သင့်အကြောင်း ကောက်ယူထားတဲ့ဒေတာအချက်အလက်တွေကိုလည်း Cortana ရဲ့ settings menu ထဲက “Manage what Cortana knows about me in the cloud”ထဲဝင်ပြီး ဖျက်ပစ်နိုင်ပါတယ်။

(၂) Location ပိတ်ပစ်ပါ။

Windows 10 ကို အလွယ်တကူသယ်သွားလို့ရတဲ့ လက်ပ်တော့ (သို့) တက်ဘလက်ကို သုံးနေတယ်ဆိုရင်တော့ တစ်ချို့ Apps တွေက Location ရမှ အဆင်ပြေတာဖြစ်တာကြောင့် ဖွင့်ထားပေးဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် သင်ကိုယ်တိုင်က ကိုယ်ရေးလုံခြုံမှုကို ဂရုစိုက်သူဆိုရင်တော့ မသုံးဖြစ်တဲ့အခါတိုင်းမှာ Location ကို ပိတ်ထားပေးပါ။

Location ပိတ်မယ်ဆိုရင် သင်သုံးနေတဲ့ Maps app တွေကိုတော့ သုံးလို့ရမှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် သုံးစေချင်တဲ့ Apps ကိုပဲ သုံးခွင့်ပေးဖို့လည်း ရွေးချယ်ထားနိုင်ပါတယ်။

Location ပိတ်နည်းကတော့ Settings > Location ထဲက Location for this device is on လို့ ပြထားတာကို Change လုပ်ပြီး၊ ပိတ်ပေးလုပ်ပါ။

stop-getting-to-know-me

(၃) Sync လုပ်တာကို ရပ်ပေးပါ။

Windows 10 မှာ Sync (တသားတည်းဖြစ်အောင်ချိန်ညှိမှု) လုပ်တာတွေ တော်တော်များများရှိပါတယ်။ Microsoft အကောင့်နဲ့ Log-in ဝင်ထားမယ်ဆိုရင်၊ ဒီအကောင်နဲ့ပဲဝင်ထားတဲ့ တခြားစက်တွေမှာ Settings နဲ့ password တွေကို အလိုလို sync လုပ်နေမှာဖြစ်ပါတယ်။

Syncing ကို ပိတ်ထားမယ်ဆိုရင် ကိုယ့်အကောင့်မှာ ပြင်ထားတဲ့ Settings နဲ့ password တွေကို တခြားစက်တွေမှာ ပြောင်းပေးမှာမဟုတ်တဲ့အတွက် ကိုယ့်ဘာသာပြောင်းပေးရမှာဖြစ်ပါတယ်။ Sync ပိတ်နည်းကတော့ Settings ထဲက Accounts ထဲကို ဝင်ပြီး၊ အောက်ဆုံးက Sync your settings ထဲ ဝင်လိုက်ပါ။ ဒီမှာ Settings တစ်ခုချင်းစီကို ကိုယ့်စိတ်ကြိုက် sync ပိတ်နိုင်သလို အားလုံးပိတ်ချင်ရင် အပေါ်ဆုံးက Sync settings ကို Off လုပ်ထားလိုက်ပါ။

dvvdv8e

Notification ပါ Sync ပိတ်ချင်တယ်ဆိုရင် Cortana ကိုဖွင့်၊ Settings ထဲဝင်ပြီး၊ Send Notifications between devices ကို ပိတ်ပေးပါ။

cortana

(၄) Advertising ID ကို ပိတ်ထားပါ။

Microsoft အကောင့်တိုင်းမှာ သီးသန့် Advertising ID တစ်ခုစီရှိပါတယ်။ ဒီ Advertising ID ကနေပြီးတော့ Microsoft က သင့်ဒေတာတွေကို ကောက်ယူမှာဖြစ်ပြီး၊ သူ့ပလက်ဖောင်းအားလုံးမှာ သင်နဲ့သင့်တော်မယ့်အရာတွေချည်း ဖော်ပြပေးမှာပါ။ ကွန်ပြူတာမှာ Microsoft အကောင့်နဲ့ ဝင်ထားတယ်ဆိုရင် သင်ကြိုက်လောက်မယ့်ကြော်ငြာတွေကို Apps တွေမှာ ပြပေးမှာဖြစ်ပြီး၊ Start Menu လို OS စနစ်ထဲမှာတောင် ကြော်ငြာတွေတွေ့ရနိုင်ပါတယ်။

ဒီကြော်ငြာတွေကို ပိတ်မယ်ဆိုရင် Settings ထဲက Privacy ထဲဝင်ပြီး၊ General > Let apps use my advertising ID for experiences across apps (turning this off will reset your ID) ဆိုတဲ့ အပေါ်ဆုံး settings ကို Off လုပ်ထားလိုက်ပါ။ ဒါပိတ်ထားပေမယ့် ကြော်ငြာတွေကိုတော့ ဆက်တွေ့နေရဦးမှာပါ။

150803_bit_windows10-01-png-crop-original-original

ဒါပေမယ့် သင်ကြိုက်လောက်မယ့်ကြော်ငြာတွေချည်းမဟုတ်တော့တာ တွေ့ရပါလိမ့်မယ်။

Ref: Cnet

 

 

 

%d bloggers like this: