0 Shares 342 Views

လာမည့်၂၈ရက်နေ့တွင် Honor 5X နှင့်အတူ Honor Holly 2 Plus ကိုပါထုတ်ပြန်မည်

Jan 23, 2016
0 342

Huawei ရဲ့ အမှတ်တံဆိပ်ခွဲ Honor က ဇန်နဝါရီလ ၂၈ရက်နေ့မှာ Honor 5X စမတ်ဖုန်းကို ထုတ်လုပ်ဖို့ အတည်ပြုပြီးတဲ့နောက် ယခုအခါ အဲ့ဒီပွဲမှာပဲ နောက်ထပ် ဟန်းဆက်တစ်မျိုးကို ထပ်မံထုတ်လုပ်နိုင်တယ်လို့ ကောလာဟလသတင်းတွေထွက်နေပါတယ်။

ထပ်မံထုတ်လုပ်မယ့် ဖုန်းကတော့ Honor Holly 25 Plus ဖြစ်ပြီး အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း Honor 5X ကိုကြေညာမယ့် လာမယ့် ၂၈ ရက်နေ့မှာ အတူတကွ ပွဲထွက်ဖွယ်ရှိနေတာဖြစ်ပါတယ်။ အစီရင်ခံစာ တစ်ရပ်အရ Honor Holly 2 Plus ဟာ ပေါ်လီကာဘွန်နိတ် သတ္တုနဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး Fingerprint Scanner တို့လိုမျိုး Feature တွေတော့ ပါဝင်လာမှာမဟုတ်ဘူးလို့သိရပါတယ်။

သတ်မှတ်ချက်တွေအရ Honor Holly 2 Plus ဟာ ၅လက်မ စခရင် IPS HD (720×1280 pixels) Display နဲ့ ဖြစ်ပြီး 1.3GHz quad-core processor, 2GB RAM နဲ့ 16GB of inbuilt storage တို့အပြင် Micro SD card ကိုနောက်ထပ် 128GB ထိထပ်စိုက်လို့ရမှာဖြစ်ပါတယ်။ 13-megapixel ရှိတဲ့ကျောဘက်ကင်မရာ, 5-megpixel ရှိတဲ့ ရှေ့မျက်နှာဘက် ကင်မရာတွေနဲ့အတူ 4000mAh ဘက်ထရီတို့လည်းပါဝင်မှာပါ။ Honor Holly 2 Plus ဟာ Dual 4G sims အနေနဲ့အသုံးပြုနိုင်မှာပါ။ သတင်းရင်းမြစ်တွေအနေနဲ့ Honor Holly 2 Plus စမတ်ဖုန်းရဲ့ ဈေးနှုန်းကိုတော့ ဖော်ပြထားခဲ့ခြင်းမရှိပါဘူး။

နောက်တစ်ခုကတော့ ၂၈ရက်နေ့မှာ အဓိကထားကြေညာမယ့် Honor 5X ပဲဖြစ်ပါတယ်။ ပြန်ပြောရရင် တရုတ်နိုင်ငံမှာ အောက်တိုဘာလကတည်းက 2GB နဲ့ 3GB RAM ဆိုပြီး နှစ်မျိုးပါဝင်မယ်ဆိုပြီး သတင်းတွေထွက်နေတာပါ။ ဈေးနှုန်းအနေနဲ့က 2GB RAM အတွက် တရုတ်ယွမ် ၉၉၉(ကျပ် ၂၀၀၀၀၀ ခန့်) , 3GB RAM အတွက် တရုတ်ယွမ် ၁၃၉၉(ကျပ် ၂၈၀၀၀၀ ခန့်) အသီးသီးရှိမှာ ဖြစ်ပါတယ်။

Dual Sim (Micro-Sim နဲ့ Nano-Sim) အမျိုးအစားဖြစ်ပြီး Honor 5X ဟာ 5.1 Lollipop Android Version နဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။ တခြား Feature တွေအနေနဲ့ ကတော့ ၅.၅လက်မ မျက်နှာပြင် Full-HD (1080×1920 Pixels) Resolution IPS Display အမျိုးအစားဖြစ်ပါတယ်။ 16GB Inbuilt Storage နဲ့ 128GB MicroSD card ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။ 13-megapixel ကျောဘက်ကင်မရာနဲ့ Dual-LED Flash, 5-megapixel ရှေ့မျက်နှာ ကင်မရာတို့ပါဝင်မှာဖြစ်ပါတယ်။ 3000mAh ဘက်ထရီနဲ့တည်ဆောက်ထားပြီး Quick Charge 3.0 စနစ်ကိုလည်းထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Most from this category