0 Shares 82 Views

၁၉၇၇ခုနှစ်ရဲ့ ဒီနေ့မှာ Atari ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး ဗီဒီယိုဂိမ်းကို ထုတ်လုပ်ခဲ့ပါတယ်

အမေရိကန် ဂိမ်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Atari ကုမ္ပဏီဟာ ၁၉၇၇ခုနှစ်၊ အောက်တိုဘာလ ၁၄ရက်နေ့မှာ ကမ္ဘာ့ပထမဆုံး ဗီဒီယိုကွန်ပျူတာဂိမ်းစနစ်လို့ လူသိများတဲ့ (Atari 2600 ဂိမ်းစက်ကို စတင်ထုတ်လုပ် ရောင်းချခဲ့ပါတယ်။

Atari 2600 ဒါမှမဟုတ် Atari VCS ဆိုတာဟာ အိမ်ဆော့ဗီဒီယို ဂိမ်းစက်တစ်မျိုးဖြစ်ပြီး စတင်မိတ်ဆက်ခဲ့တာကတော့ ၁၉၇၇ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့မှာ စတင်ထုတ်ဖော် မိတ်ဆက်ခဲ့တာပါ။ ဒီစက်ကို နောက်ပိုင်းမှာ ကျော်ကြားလာမယ့် Microprocessor စနစ်ကို အခြေခံပြီး ပြုလုပ်ထားတာဖြစ်ပြီး ROM cartridges တွေပါဝင်တဲ့ ဂိမ်းကုတ်တွေနဲ့ ဖွဲ့စည်းထားတာပါ။

အရင်ဦးဆုံး ဒီဂိမ်းစက်ကို Atari VCS ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဗီဒီယိုကွန်ပျူတာစနစ် ကိုချုံ့ထားတာလို့ပြောနိုင်ပါတယ်။ Atari 5200 ဆိုပြီးတော့ ၁၉၈၂ခုနှစ်မှာ ဆက်လက်ထုတ်လုပ်ခဲ့ပြီး VCS ကို 2600 ဆိုပြီးတော့ နာမည်ပြောင်းခဲ့ပါတယ်။ Atari 2600 ဟာ Joystick Controllers နှစ်မျိုးပါဝင်တဲ့ အမျိုးအစားဖြစ်ပဲ ဖြစ်ပါတယ်။

atari-2600-joystick

Atari 2600 Joystick

ဂရပ်ဖစ်ပိုင်းမှာဆိုရင် Atari 2600 ဂိမ်းဟာ တီဗီရဲ့ Signal Format အသုံးပြုပုံပေါ်မူတည်ပြီး ကာလာပုံစံအမျိုးမျိုး ထွက်အောင် ပြုလုပ်နိုင်ပါတယ်။ NTSC Format မှာဆိုရင် အရောင်အမျိုးအစား ၁၂၈မျိုးရရှိနိုင်ပြီး၊ PAL စနစ်မှာဆိုရင်တော့ ၁၀၄မျိုးသာ ရရှိနိုင်ပါတယ်။ SECAM palette မှာဆိုရင်တော့ အရောင် ၈မျိုးသာရရှိနိုင်မှာ ဖြစ်ပါတယ်။

ဂိမ်းတွေမှာဆိုရင် ၁၉၇၇ခုနှစ် စတင်ထုတ်လုပ်တုန်းက Outlaw, Space War နဲ့ Breakout ဂိမ်းတွေ ပါဝင်ပါတယ်။ နောက်ပိုင်းမှာတော့ Atari Corp ဟာ Adventure, Breakout, Yars’ Revenge တို့လိုဂိမ်းတွေအပါအဝင် ခေါင်းစဉ်အမျိုးမျိုးနဲ့ ဂိမ်းတွေထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီအပြင် ဂိမ်းစက်ဟာ Activision ရဲ့ Pitfall, Imagic ရဲ့ Atalantis တို့လို Third Party ထုတ်လုပ်သူတွေရဲ့ ဂိမ်းတွေကြောင့်လည်း အောင်မြင်မှုများခဲ့တယ်ဆိုရင် မမှားပါဘူး။ နောက်ပိုင်းမှာ  E.T. the Extra-Terrestrial, Pac-Man တို့လို နာမည်ကျော်ဂိမ်းတွေလည်း ဆော့နိုင်ခဲ့ပါတယ်။

pitfall-game

Pitfall Game

Atari 2600 ဂိမ်းစက်ဟာ ၁၉၈၀ ခုနှစ်တွေမှာ အလွန်အောင်မြင်ခဲ့ပါတယ်၊ Atari 2600 ဂိမ်းရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့  နယူးယော့ခ်မြို့၊ Rochster မှာရှိတဲ့ The Strong က National Toy Hall of Fame မှာ စာရင်းသွင်းခံခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာတော့ Atari 2600 ဟာ ကမ္ဘာ့ဗီဒီယိုဂိမ်းတွေထဲမှာ ဒုတိယမြောက်အခမ်းနားဆုံး ဗီဒီယိုဂိမ်းအဖြစ် IGN ကရွေးချယ်ခဲ့ပါတယ်။

Ref: Wiki, This Day In Tech

You may be interested

ကမ္ဘာ့ဈေးကွက်တွင်းသို့ ပိုမိုထိုးဖောက်ရန် စီစဉ်နေကြောင်း Vivo ထုတ်ပြန်ကြေညာ
FEATURES, HUBS, Mobile & Tablets
46 shares2 views

ကမ္ဘာ့ဈေးကွက်တွင်းသို့ ပိုမိုထိုးဖောက်ရန် စီစဉ်နေကြောင်း Vivo ထုတ်ပြန်ကြေညာ

Ko Thuya - Oct 21, 2017

ကမ္ဘာတစ်ဝှမ်းမှ ငယ်ရွယ်သူများ ကိုယ့်ကိုကိုယ် ထုတ်ဖော်ပြသနိုင်မှု ပိုမိုလာစေရန် ပြည့်စုံသည့် ထုတ်ကုန်ထုတ်လုပ်မှု စနစ်ဖြင့် ဈေးကွက်သစ်တွင်းသို့ ဝင်ရောက်တော့မည် ရှင်းကျန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၂၀၊ အောက်တိုဘာ၊ ၂၀၁၇ ကမ္ဘာ့စမတ်ဖုန်းအမှတ်တံဆိပ်များတွင် နုပျိုစွာဖြင့် ဦးဆောင်ပါဝင်နေသည့် Vivo သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင်…

Apple က iPhone 8 ရောင်းအား မကောင်း၍ ထုတ်လုပ်မှုကို ထက်ဝက် လျှော့ချ
Apple, HUBS, Mobiles & Tablets
31 shares6 views

Apple က iPhone 8 ရောင်းအား မကောင်း၍ ထုတ်လုပ်မှုကို ထက်ဝက် လျှော့ချ

Ko Thuya - Oct 21, 2017

Apple Fans များဟာ iPhone 8 အစား iPhone X ကို ၀ယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ iPhone 8 ရောင်းချတဲ့အချိန်မှာလည်း Apple Store များမှာ ကြိတ်ကြိတ်တိုး ၀ယ်ယူမှု နည်းပါးခဲ့ပါတယ်။ မကြာခင်ကလည်း iPhone…

Huawei က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမည်
Mobiles & Tablets, NEWS
272 shares31 views

Huawei က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမည်

Ko Thuya - Oct 21, 2017

Huawei ရဲ့ Consumer Business Group မှ စီအီးအို ဖြစ်သူ Richard Yu က Mate 10 စမတ်ဖုန်းများ မိတ်ဆက်ပွဲမှာ CNET နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်တာဗျူးမှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချို့ကို…

Most from this category