Telenor User များ သတင်းကျွတ်အထိမ်းအမှတ် Viber စတစ်ကာသစ်များ အခမဲ့ ရယူနိုင်

တယ်လီနောမြန်မာအနေနဲ့ လာမယ့် အောက်တိုဘာ(၁၆) ရက်နေ့မှာကျရောက်မယ့် သီတင်းကျွတ်လပြည့်အခါသမယ အထိမ်းအမှတ်အဖြစ် “Playful in Thadingyut” အမည်နဲ့ Viber Sticker ဒီဇိုင်းအသစ်များကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

တယ်လီနောမြန်မာလီမိတက် အနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၅) နှစ်ကုန်ပိုင်းလောက်က စတင်မိတ်ဆက်ခဲ့တဲ့ ၎င်းတို့ရဲ့ Viber public chat ကို သုံးစွဲသူ အရေအတွက်ဟာ ယခုရက်သတ္တပတ်အတွင်းမှာ တစ်သန်းကျော်လွန်ခဲ့ပြီ ဖြစ်တဲ့အတွက် ယင်း အထိမ်းအမှတ်ကို ထပ်လောင်းအားပြုမှုအဖြစ် သတင်းကျွတ်အထိမ်းအမှတ် Viber Sticker အသစ်များကို မိတ်ဆက်ပေး လိုက်တာဖြစ်ပါတယ်။ Telenor User များအနေနဲ့ “Playful in Thadingyut” စတစ်ကာအသစ်များကို အင်တာနက်အသုံးပြုခ ပေးဆောင်စရာမလိုပဲ တယ်လီနော အင်တာနက်ကွန်ရက်ကိုအသုံးပြုပြီး အခမဲ့ရယူနိုင်မှာ ဖြစ်ပါတယ်။

တယ်လီနော နဲ့ Viber တို့ပူးပေါင်းကာ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလ အထိမ်းအမှတ် အတွက် ‘ဂျာရစ်နှင့်စာဥ’ စတစ်ကာများ ၊ မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ ဂုဏ်ကျက်သရေရှိမှုနဲ့ စိတ်အားထက်သန်မှုတို့ကို ဖော်ပြတဲ့ ‘We Love Myanmar’ စတစ်ကာများကိုလည်း အစောပိုင်းကာလများက မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အလျင်မြန်ဆုံး တိုးတက်နေတဲ့ မိုဘိုင်းအင်တာနက်ကွန်ရက် ကနေတဆင့် ပိုမိုများပြားတဲ့ သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးနိုင်ဦးမှာ ဖြစ်တဲ့အတွက် Viber public chat page ကိုအသုံးပြုသူ အရေအတွက် ပိုမို များပြားလာဦးမှာ အသေအချာပါပဲ။ ဒါ့အပြင် ကျွန်တော်တို့ အနေနဲ့ မြန်မာ့ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေကို မြတ်မြတ် နိုးနိုး ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပြီး Viber နဲ့အတူ ဒီစတစ်ကာဒီဇိုင်းသစ်များကို မိတ်ဆက်နိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာ ပျော်ရွှင်မိပါတယ်” လို့ တယ်လီနောမြန်မာမှ Chief Marketing Officer ဖြစ်သူ Joslin Myrthong က ပြောကြားခဲ့ပြီး  Viber ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ဌာနအကြီးအကဲ ဖြစ်သူ Crystal Gonzalez ကလည်း “Viber နဲ့တယ်လီနော ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ မကြာမီကျရောက်တော့မယ့် သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ်အနေနဲ့ သီတင်းကျွတ် စတစ်ကာ ဒီဇိုင်းသစ်တွေကို မိက်ဆက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက အသုံးပြုသူ ၂၈ သန်းကလည်း ကြိုက်နှစ်သက်ကြ မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်မိပါတယ်။ မြန်မာနိုင်ငံက Viber သုံးစွဲသူတွေအနေနဲ့ တစ်လကို Viber စတစ်ကာ အရေ အတွက် ၂၆၇ သန်းလောက် ပေးပို့နေပြီး အဆိုပါ အရေအတွက်ဟာ အရှေ့တောင်အာရှမှာ အမြင့်မားဆုံးဖြစ်နေပါတယ်။ အကောင်းမွန်ဆုံး ဆက်သွယ်ရေးဆိုင်ရာ အက်ပလီကေးရှင်းတစ်ခု ဖြစ်တာနဲ့အညီ Viber အနေနဲ့ တယ်လီနောလို ဈေးကွက်ဦးဆောင်သူတွေနဲ့ ပူးပေါင်းပြီး နိုင်ငံ့ယဉ်ကျေးမှုတွေကိုမြှင့်တင်ဖို့ ဆက်လက်လုပ် ဆောင်သွားမှာပါ” လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

%d bloggers like this: