0 Shares 131 Views

အစိုးရရဲ့ဆင်ဆာတွေကိုကျော်ဖြတ်ပြီး တရုတ်နဲ့အီရန်တို့မှာ လူမှုကွန်ရက်သုံးနိုင်အောင်ပြုလုပ်ပေးခဲ့တဲ့ Facebook

Jan 23, 2016
0 131

 

Facebook အသုံးပြုခွင့်ပိတ်ပင်ခံထားရတဲ့ တရုတ်နဲ့အီရန်နိုင်ငံတို့က မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ Facebook လူမှုကွန်ရက်ကို အသုံးပြုနိုင်အောင် Facebook ဟာ ၄င်းရဲ့ Android app ကို စွမ်းဆောင်ရည်အသစ်တစ်ရပ် ထည့်သွင်းပေးခဲ့ပါတယ်။

နှစ်နိုင်ငံပေါင်း လူဦးရေ ၁.၄ သန်းလောက်ရှိတဲ့ တရုတ်နဲ့အီရန်တို့ကို အဓိကဖောက်ဝင်ဖို့ ဖြစ်တယ်လို့ တရားဝင်မပြောပေမယ့်လည်း၊ ယခု feature အသစ်ဟာ ဆဲလ်ဖုန်းကွန်ရက်တွေက အစိုးရဲ့ ဆင်ဆာကို ရှောင်ရှားနိုင်စွမ်းရှိတာကြောင့် ဒီ feature ဟာ အာဏာရှင်ဆန်ဆန်အုပ်ချုပ်သူအစိုးရတွေလက်အောက် နေထိုင်ရသူတွေအတွက် အဓိကအသုံးဝင်တဲ့စွမ်းဆောင်ရည်ဖြစ်တာကို တွေ့ရပါတယ်။
ယခုအပတ်ကစပြီးတော့၊ Facebook ဟာ အကောင်းဆုံးခြေရာဖျောက်အွန်လိုင်းဆော့ဖ်ဝဲဖြစ်တဲ့ Tor နဲ့ ပူးပေါင်းသွားမှာဖြစ်ပြီး Facebook အသုံးပြုခွင့်မရရှိတဲ့နိုင်ငံတွေကို ဖောက်ဝင်သွားဖို့ ပြင်ဆင်လျက်ရှိပါတယ်။
Tor ဟာ ကမ္ဘာတစ်လွှားက အင်တာနက် signal တွေကို encrypt လုပ်၊ လမ်းလွှဲပေးနိုင်ကာ၊ အင်တာနက်ကြည့်နေစဉ်မှာ ဆင်ဆာတွေကို ရှောင်တိမ်းနိုင်ပြီး၊ မိမိကွန်ပြူတာရဲ့ တကယ့်တည်နေရာအစစ်ကိုလည်း မသိရအောင် လုပ်ပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါတယ်။

Tor ရဲ့ ယခုလိုအစွမ်းကြောင့်၊ ရာဇ၀တ်ဒုစရိုက်သမားတွေလည်းသုံးစွဲကြပေမယ့်၊  အင်တာနက်သုံးသမျှကို မျက်ခြေမပြတ်စောင့်ကြည့်နေပြီး၊ အပြစ်ပေးခံရလေ့ရှိတဲ့ အာဏာရှင်အစိုးရအောက်က ပြည်သူတွေကိုလည်း Tor ဟာ အကာအကွယ်ပေးနိုင်တာကြောင့် Facebook က ပူးပေါင်းခဲ့ခြင်း ဖြစ်ပါတယ်။

Tor ကို Orbot လို့ခေါ်တဲ့ မိုဘိုင်း app ကနေလည်းသုံးစွဲနိုင်ပြီး ယခုအခါ Facebook ရဲ့ နောက်ဆုံးထွက် Android app မှာ settings ထဲဝင်ရောက်ကာ၊ Tor ကိုအသုံးပြုနိုင်ပြီး၊ Facebook ကိုယ်တိုင်တောင် သင်ဘယ်ကနေသုံးနေလဲဆိုတာ သိရှိနိုင်မှာမဟုတ်ပါဘူး။

Tor ကို iPhones တွေမှာလည်း လက်ရှိအသုံးပြုနိုင်ဦးမှာမဟုတ်သလို၊ Apple စက်တွေအတွက် တရားဝင် iOS Tor app လည်းမရှိသေးပါဘူး။

Ref: CNN

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category