Android ဖုန်းစခရင်ကို လက်ဗွေရာဆန်ဆာသုံးပြီး ဘယ်လိုပိတ်မလဲ

ယခုအသစ်ထွက်လာတဲ့ မော်ဒယ်မြင့်/လတ် ဖုန်းတော်တော်များများမှာ မပါမဖြစ်ပါလာတဲ့အရာတစ်ခုက Fingerprint scanner ဖြစ်ပါတယ်။

တန်ဖိုးနည်းဖုန်းတစ်ချို့မှာပါ လက်ဗွေရာဆန်ဆာပါဝင်လာပြီဆိုတော့ ဖုန်းကို unlock လုပ်ရတာ အရင်ထက် အများကြီးပိုမြန်ဆန်လွယ်ကူလာသလို၊ လုံခြုံရေးပိုင်းမှာလည်း စိတ်ချမှုပိုရှိလာပါတယ်။

ဒါပေမယ့် လက်ဗွေရာဆန်ဆာပါဖုန်းအများစုမှာ လက်ဗွေရာနဲ့ စခရင်ကို unlock သာ လုပ်လို့ရပြီး၊ lock လုပ်လို့မရတာကို တွေ့ရပါတယ်။ ဒါဆို လက်ဗွေရာဆန်ဆာနဲ့ပဲ ဖုန်းကို lock ဘယ်လိုလုပ်မလဲ။

အဆင့် (၁) – Fingerprint to Sleep ကို ဖုန်းထဲသွင်းပေးပါ။

‘Fingerprint to Sleep’ ဆိုတဲ့ Android အက်ပလီကေးရှင်းလေးဟာ ပါဝင်ခလုတ်မကောင်းတော့တဲ့ ဖုန်းတွေအတွက်ပဲဖြစ်ဖြစ်၊ လက်ဗွေရာနဲ့ပဲ အလွယ်တကူ lock လုပ်ချင်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ် တော်တော်အသုံးဝင်တဲ့ app လေးဖြစ်ပါတယ်။

ဒီ App ကို လက်ရှိ Google Play Store မှာမရရှိသေးတဲ့အတွက် အပြင်ဆိုက်တစ်ခုကနေ ဒေါင်းလုဒ်ဆွဲရပါမယ်။ ( ဒီ App အတွက် Digital Times မှ တာဝန်ယူမှာမဟုတ်ဘဲ၊ မိမိဆန္ဒအလျောက်သာ ဒေါင်းလုဒ်ဆွဲယူပါ။)

Download “Fingerprint to Sleep” Here

တရားဝင်အပ်စတိုးက ဒေါင်းလုဒ်ယူတာမဟုတ်တဲ့အတွက် ဒီ app သွင်းမယ်ဆိုရင်၊ ပထမဆုံး Settings > Privacy ထဲက Unknown Sources ကို ဖွင့်ပေးထားပါ။ (ဖုန်းမော်ဒယ်အလိုက် နေရာကွာခြားမှုရှိနိုင်ပါတယ်။)

အဆင့် (၂) Service ဖွင့်ပေးပါ။

Fingerprint to Sleep ကို ဒေါင်းလုဒ်ယူပြီးလို့၊ ဖုန်းထဲမှာ install လုပ်ပြီးသွားပြီဆိုရင်၊ ဒီ app ကို ‘device administrator’ အနေနဲ့ ထားပေးဖို့ တောင်းဆိုပါလိမ့်မယ်။ သုံးမှာသေချာပြီဆိုရင် “Activate” လုပ်လိုက်ပါ။ ထို့နောက်မှာတော့ “Enable fingerprint lock” ကို အမှန်ခြစ်ပေးပြီး စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အဆင့် (၃) ချိန်ညှိနိုင်ခြင်း

မတော်တဆ ဖုန်းလက်ဗွေရာဆန်ဆာကို ထိမိတာနဲ့ screen lock ကျမှာ စိုးရိမ်တယ်ဆိုရင် “Response enrolled fingerprint only” ကိုပါ အမှန်ခြစ်ထားလိုက်ပါ။ ဒါဆိုရင် ကိုယ် လက်ဗွေရာပေးထားတဲ့ လက်ချောင်းနဲ့ပဲ ဆန်ဆာကို ထိလိုက်မှ ဖုန်း lock ကျမှာဖြစ်ပါတယ်။

ဒီ့အပြင် Android စနစ်ကနေ ဒီ app ကို မရှင်းပစ်အောင်လို့လည်း “Foreground service” ကို အမှန်ခြစ်ပေးထားဖို့ အကြံပေးချင်ပါတယ်။  Root မဖောက်ထားတဲ့ဖုန်းမှာတော့ unlock လုပ်တဲ့အခါ PIN တစ်ခါလုပ်ပေးဖို့ လိုပါလိမ့်မယ်။

အဆင့် (၄) Root ဖောက်ထားသော ဖုန်းများအတွက်သာ

Root ဖောက်ထားတဲ့ ဖုန်းတွေမှာ ဒီ app ထဲက settings တစ်ခု ပိုသုံးနိုင်မှာဖြစ်ပါတယ်။

Android မှာပါတဲ့ လုံခြုံရေးစနစ်ကြောင့်၊ Device Administrator လုပ်ပိုင်ခွင့်ယူထားတဲ့ app တစ်ခုခုက screen lock လုပ်လိုက်ပြီဆိုရင်၊ နောက် Unlock ပြန်ဖွင့်တဲ့အခါ PIN ရိုက်ခိုင်းပါတယ်။

ဒါမျိုးမဖြစ်ချင်ဘူးဆိုရင်တော့ အောက်ဆုံးက “Work-around for Smart Lock and Fingerprint” ဆိုတာကိုပါ အမှန်ခြစ်ထားပေးလိုက်ပါ။

(ယခုဖော်ပြပါ App သည် တရားဝင်စတိုးမှ ရယူထားသော App မဟုတ်သောကြောင့် မိမိဆန္ဒအလျောက်သာ ဒေါင်းလုဒ်ဆွဲယူပါ။ အဆိုပါ App ကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်တစ်စုံတစ်ရာကို တာဝန်ယူမည်မဟုတ်ပါ။)

Ref: Wonder How-To

%d bloggers like this: