၁၉၈၈ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ Davies Symphony Hall မှာ Steve Jobs ဟာ Motorola 68030 microprocessor ပါဝင်တဲ့ NeXT ကွန်ပျူတာကို မိတ်ဆက်ပြသခဲ့ပါတယ်။ ကွန်ပျူတာကို Optical Storage Disk, Voice Recognition နဲ့ object-oriented languages တွေလို လုပ်ဆောင်ချက်အသစ်များစွာ ထည့်သွင်းပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ စနစ်ကတော့ NeXT STep OS ဖြစ်ပြီး ဈေးနှုန်းကိုတော့ ဒေါ်လာ ၆၅၀၀နဲ့ ရောင်းချခဲ့တာပါ။
NeXT ကွန်ပျူတာတွေကို ယူနစ်ပေါင်း ၅၀,၀၀၀ သာရောင်းချခဲ့တာဖြစ်ပြီး NeXT STep OS ကတော့ အတော်တွင်ကျယ်စွာနဲ့ လွှမ်းမိုးသွားတယ်လို့ ဆိုရမှာပါ။ ဒီ OS ဟာ Mac OS X ရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ Apple က NeXT ကို ၁၉၉၆ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ငွေသား ဒေါ်လာ ၄၂၉သန်းနဲ့ ဝယ်ယူခဲ့ပြီး Steve Jobs ကလည်း Apple ရဲ့ intrim CEO အဖြစ် ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။
Steve Jobs ဟာ Apple ကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပြန်မလာတော့ဘူးလို့ ထင်ခဲ့ကြပါသေးတယ်။ သူက NeXT ရဲ့ တည်ထောင်သူအဖြစ်သာ အဆုံးသတ်ခဲ့ရုံမက၊ Pixar ကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ အသုံးတွင်ကျယ်လှတဲ့ နာမည်ကျော် iPod, iPhone, iPad တွေကို ထုတ်လုပ်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။
Steve Jobs အကြောင်း အပြည့်အစုံသိချင်ရင် ဒီလင့်ကိုနှိပ်ပြီး ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။
Ref: Day In Tech History