0 Shares 25 Views

ဥရောပတိုက်အတွက် ပထမဆုံး iOS Developer သင်တန်းကို Apple စတင်ဖွင့်လှစ်

Jan 23, 2016
0 25

Apple ဟာ အီတလီနိုင်ငံမှာ iOS Developer သင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီသင်တန်းဟာတော့ ဥရောပ တိုက်မှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ Developer သင်တန်းလည်း ဖြစ်ပါတယ်။

Apple ကုမ္မဏီဟာ နေပယ်လ် မြို့ မှာရှိတဲ့ ကျောင်းတစ်ကျောင်းနဲ့ ပါတနာ အဖြစ် ဆောင်ရွက်ကာ မျိုးဆက်သစ်တွေကို iOS နဲ့ပတ်သက်ပြီး Code ရေးဆွဲနည်းတွေကို သင်ကြားပို့ချပေးမယ့် ကျွမ်းကျင်သူတွေကို စုဆောင်းခဲ့တယ်လို့သိရပါတယ်။ အခုလို သင်တန်းဖွင့်လှစ်လိုက်ခြင်းအားဖြင့်လည်း အနာဂါတ်မှာ iOS အတွက် အကောင်းဆုံး App အသစ်တွေထွက်ပေါ်လာဖို့ မျှော်လင့်နိုင်ခဲ့ပါတယ်။

ဥရောပ တိုင်အတွင်းမှာတင် iOS နဲ့ပတ်သက်ပြီး အလုပ်လုပ်ကိုင်နေသူတွေအတွက် Apple က အလုပ်အကိုင်ရာထူး ၁.၂ သန်းခန့်ကို ခန့်အပ်နေရာပေးခဲ့ပြီး အီတလီ တစ်နိုင်ငံတည်းမှာတင် iOS အတွက် ဆောင်ရွက်နေတဲ့ ၀န်ထမ်း ၇၅၀၀၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်။

အခုလည်း အီတလီနိုင်ငံ မှာ iOS အက်ပလီကေးရှင်း ဖန်တီးတည်ဆောင်ရေး စင်တာကို ဖွင့်လှစ်ခဲ့ပြီးတဲ့နောက်မှာ Apple ဟာ ဥရောပ တိုက်အတွင်းက အခြား နိုင်ငံတွေမှာလည်း iOS စင်တာ တွေထပ်မံဖွင့်လှစ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ Apple ဟာ iOS အတွက် အက်ပလီကေးရှင်း ရေးဆွဲမယ့် သူတွေအတွက် ရာထူးနေရာများစွာကို အွန်လိုင်းက တစ်ဆင့် ဖန်တီးပေးခဲ့သလိုပဲ မနှစ်ကလည်း အောက်တိုဘာလမှာ Apple ဟာ အင်ဒိုနီးရှားနိုင်ငံမှာ iOS စင်တာ ဖွင့်လှစ်သွားမယ့် အကြောင်းတွေလည်း ကြေညာခဲ့ပါသေးတယ်။

Ref : The Next Web

You may be interested

Virtual Phone Number များဖန်တီးပေးမယ့် Apps များ
FEATURES, Softwares & Application
0 shares0 views

Virtual Phone Number များဖန်တီးပေးမယ့် Apps များ

Ko Thuya - Jul 27, 2017

အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင် ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။ ဥပမာအားဖြင့်…

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်
Knowledge, Local, Local Market Review
0 shares0 views

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်

zayarsan - Jul 27, 2017

ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှု ဝက်ဆိုက်ဒ် Jovago မှ ဝက်ဆိုက်ဒ်အသုံးပြုသူများအတွက် Jovago Travel Smart အမည်ရ လျော့ဈေးနှစ်ထပ်ကွမ်းရရှိမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်သစ်အရ Jovago င့် Jovago Mobile App တို့ကို ရှိနှင့်ပြီး…

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ
HUBS, LG, Local
115 shares48 views

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ

zayarsan - Jul 27, 2017

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုမ္ပဏီ LG Electronics သည် နောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ပံ့ပိုးကူညီ ပေးခဲ့တယ် လို့ သိရပါတယ်။ ယခုနှစ်အစောပိုင်းကကျင်းပခဲ့တဲ့ LG ရဲ့ Valuable Night ပွဲကြီးတွင်…

Most from this category