0 Shares 507 Views

တေးသွားအလိုက် မိုးကြိုးမုန်တိုင်းတွေပါ ဖန်တီးနိုင်တဲ့ လေပေါ်ပျံတိမ်တိုက်စပီကာ

Oct 13, 2016
0 507

Apple နဲ့ Spotify တို့က Cloud ဂီတစနစ်အတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေချိန်မှာ၊ ဒီဇိုင်နာတစ်ဦးကတော့ ဂီတသံတွေပေးစွမ်းမယ့် တကယ့်တိမ်တိုက်တစ်ခုကို တီထွင်လိုက်ပြီဖြစ်ပါတယ်။

ယခုတိမ်တိုက်စပီကာဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ထွက်ရှိထားတဲ့ Smart Cloud စပီကာလို ခေါင်မိုးတစ်ခုကနေ ကြိုးနဲ့ဆွဲထားစရာမလိုဘဲ၊ လေပေါ်ပျံဝဲနေမှာဖြစ်ကာ မိုးကြိုးမုန်တိုင်းတွေကိုလည်း သီချင်းသံစဉ်နဲ့အလိုက် ဖန်တီးနိုင်ပါသေးတယ်။

img_1803

ဒီဇိုင်နာ Richard Clarkson နဲ့ နယ်သာလန်အခြေစိုက် သံလိုက်အားသုံးလေပေါ်ပျံဝဲမှုနည်းပညာကုမ္ပဏီ Crealev တို့ရဲ့  ‘Making Weather’ ပရောဂျက်ကနေ ယခုစပီကာမော်ဒယ်ကို ထုတ်လုပ်လိုက်တာပါ။

အသုံးပြုမယ်ဆိုရင် တိမ်တိုက်အောက်ခြေကို ကြိုးနဲ့အားသွင်းထားရမှာဖြစ်ပြီး၊ တိမ်တိုက်မှာလည်း အားပြန်သွင်းနိုင်တဲ့ လီသီယမ်အိုင်းယွန်းဘက်ထရီပါဝင်ပါတယ်။ လျှပ်စစ်သံလိုက်အားနဲ့ တိမ်တိုက်က အောက်ခြေပြားကနေ ၂ လက်မလောက် လေပေါ်ကြွတက်နေမှာဖြစ်ပြီး၊ တိမ်တိုက်ထဲမှာပါဝင်တဲ့ LED မီးစနစ်က မိုးကြိုးမုန်တိုင်းအတုတွေကို သီချင်းနဲ့အတူ ဖန်တီးပြမှာဖြစ်တာကြောင့် မြင်ရသူပေါင်းအဖို့ ပါးစပ်အဟောင်းသားဖြစ်စေမယ့် စပီကာတစ်လုံးပါ။

img_1784

ရိုးရိုး Bluetooth စပီကာတွေလိုပဲ အသံထွက်အရည်အသွေးကလည်း ကောင်းမွန်မှုရှိတာကြောင့် ဒီဇိုင်းဆန်းဆန်းစပီကာတစ်လုံးကိုမှ လိုချင်သူ ဂီတဝါသနာရှင်တွေ တကယ့်ကိုသဘောတွေ့မယ့် စပီကာဖြစ်ပါတယ်။

လောလောဆည်တော့ ရှေ့ပြေးမော်ဒယ်အဆင့်မှာပဲရှိသေးပြီး၊ မကြာခင်ထုတ်လုပ်ရောင်းချနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ဒီဇိုင်းက ပါးစပ်အဟောင်းသားဖြစ်စေသလို၊ ဈေးကလည်း ဒေါ်လာ ၄၀၀၀ လောက်ရှိမှာဆိုတော့ မေးရိုးတွေပါ ပြုတ်ကျသွားမယ့်အနေအထားပါ။

Ref:  The Verge, Richard Clarkson

You may be interested

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
0 shares0 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်
NEWS, Tech Update
81 shares14 views

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်

Ko Thuya - Oct 18, 2017

3D နဲ့ပရင့်ပြုလုပ်ခြင်းနည်းပညာဟာ အခုနောက်ပိုင်းမှာ အတော်ကြီးခေတ်စားလာခဲ့ပါတယ်။ လူပုံစံရုပ်တွေကစ လို့ အရာဝတ္ထူပုံတူတွေထုတ်လုပ်ခြင်း၊ အဆောက်အအုံပြုလုပ်ခြင်းတွေ တဖြည်းဖြည်းနဲ့ ပြလုပ်လာခဲ့တာဟာ အခုဆိုရင် 3D Print ထုတ်ပြီးဆောက်လုပ်ထားတဲ့ တံတားအဆင့်ထိတောင်ရောက်လာခဲ့ပါပြီ။ နယ်သာလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဂျီမတ်မြို့လေးမှာ တံတားအတိုလေးတံစင်းကို ပြုလုပ်ဖွင့်လှစ်ခဲ့တာပါ။ စက်ဘီးတွေစီးနင်းပြီးဖွင့်လှစ်ခဲ့တဲ့ ဒီပွဲမှာ Eindhoven…

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ
Android, HUBS, Mobiles & Tablets
342 shares18 views

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ

Ko Thuya - Oct 18, 2017

အမေရိကန် လူမျိုးများဟာ အခြား ထုတ်ကုန်များထက် Apple ထုတ်ကုန်များကို ပိုမို စွဲလမ်းနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ CNBC ရဲ့ All-American Economic စစ်တမ်းက ပျမ်းမျှအားဖြင့် အမေရိကန် အိမ်ထောင်စုတစ်ခုမှာ Apple ထုတ်ကုန် ၂.၆ ခု ပိုင်ဆိုင်တယ်လို့…

Most from this category