0 Shares 16 Views

စိတ်ထိန်းချုပ်နည်းပညာတစ်ရပ်လုံးကိုပြောင်းလဲပစ်နိုင်မယ့် ကမ္ဘာ့ပထမဆုံးအပေါ့စား ဦးနှောက်လှိုင်းဖတ်စက်

Jan 23, 2016
0 16

 

ကီးဘုတ်နဲ့မောက်စ်သုံးပြီး ကွန်ပြူတာတွေသုံးစွဲရတဲ့ သမားရိုးကျနည်းလမ်းတွေကိုမေ့ပစ်လိုက်ပါ။ မကြာမီအနာဂတ်မှာ ကျွန်တော်တို့ဟာ စိတ်နဲ့ပဲ ထိန်းချုပ်ပြီး ကွန်ပြူတာတွေကို စေခိုင်းသုံးစွဲနိုင်ပါတော့မယ်။

ဒါဟာ မဖြစ်နိုင်တဲ့နည်းပညာတစ်ခုလို့ ထင်လောက်စရာရှိပေမယ့် မကြာသေးခင်ကပဲ University of California San Diego က သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရဲ့လှိုင်းတွေကိုစိစစ်ဖမ်းယူပြီး ကွန်ပြူတာကို သတင်းအချက်အလက် တွေအဓိပ္ပါယ်ဖော် ပြန်ပို့ပေးနိုင်မယ့် ကမ္ဘာ့ပထမဆုံးအပေါ့စားဦးနှောက်လှိုင်းဖတ်စက်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ပါတယ်။
ဒီစက်မပေါ်လာခင်မှာတော့ လူတစ်ယောက်ရဲ့ဦးနှောက်လှိုင်းတွေကိုဖတ်ရှုတဲ့စက်တွေဟာ ကြီးမားလေးလံကာ ကရိကထများပြီး ၀ါယာကြိုးတွေ ထိုးထိုးထောင်ထောင်နဲ့ ကြည့်ရဆိုးပါတယ်။
ဒါပေမယ့် အခုအခါမှာတော့၊ ပေါ့ပါးသေးငယ်တဲ့ဦးနှောက်လှိုင်းဖတ်စက်ပေါ်လာပြီဖြစ်ပြီး ဒီစက်စနစ်ဟာ စမ်းသပ်ခန်းသုံးစက်ကြီးတွေလိုပဲ စွမ်းဆောင်ရည်ကောင်းမွန်တယ်လို့ တီထွင်သူပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ယခုစက်အသစ်ဟာ ရေဘ၀ဲပုံစံရှိပြီး၊ အာရုံခံကိရိယာတွေတပ်ဆင်ထားတဲ့မျှော့ကြိုးသဏ္ဍာန်လက်ချောင်းတွေပါရှိတာကြောင့် မည်သူမဆိုအဆင်ပြေပြေတပ်ဆင်နိုင်ပါတယ်။
ဦးနှောက်ကအလုပ်တာဝန်တစ်ခုကိုလုပ်ဖို့စေခိုင်းလိုက်တဲ့အခါ ဦးနှောက်ဆဲလ်(နာဗ်ဆဲလ်) တွေကြား ဓာတုဓာတ်ပြုနည်းအားဖြင့် အီလက်ထရောနစ်လှိုင်းတိုတွေထွက်ရှိတာနဲ့ ထိုလှိုင်းတိုတွေကို စက်က ဖမ်းယူမှတ်သားပြီး၊ ဆော့ဖ်ဝဲအကူအညီနဲ့  ဦးနှောက်ကဘာစေခိုင်းလိုက်သလဲဆိုတာကို အဓိပ္ပါယ်အတိအကျဖော်ပေးမှာဖြစ်ပါတယ်။

ဆံပင်တစ်ဝိုက်မှာတပ်ဆင်ရတဲ့အာရုံခံကိရိယာတွေကို ငွေနဲ့ကာဗွန်ရောစပ်ကာပြုလုပ်ထားပြီး၊ ဦးရေပြားမှာထိတပ်ဆင်ရတဲ့အာရုံခံကိရိယာတွေကိုတော့ ဟိုက်ဒရိုဂျဲလ်ကနေပြုလုပ်ထားတာဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်အရ၊ မကြာမီအချိန်အတွင်းမှာ ဦးနှောက်လှိုင်းဖတ်ရှုမှုစနစ်တွေကို စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တော့မှာဖြစ်ကာ၊ တစ်နေ့တာအတွင်း ဦးနှောက်ရဲ့အခြေအနေကို စောင့်ကြည့်မှတ်သားခြင်း၊ဦးနှောက်စွမ်းရည်ပိုမိုတိုးတက်အောင်လုပ်ဆောင်ခြင်းတို့မှာ အသုံးချလာနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

Ref: DailyMail

 

You may be interested

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့
Gadgets, NEWS, Tech Update
20 shares7 views

လူ့မျက်လုံးကို ပထမဆုံးအနေဖြင့် စက်ရုပ်က ခွဲစိတ်ပေးခဲ့

Ko Thuya - Jun 20, 2018

ခွဲစိတ်ကုသရေး လုပ်ငန်းများမှာ စက်ရုပ်များကို အသုံးပြုနေကြပါပြီ။ အခုတော့ လူ့မျက်လုံးကို ခွဲစိတ်ဖို့ ပထမဆုံးအနေဖြင့် စက်ရုပ်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို အောက်စဖို့ဒ်မှ John Radcliffe Hospital မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး Nature Biomedical Engineering မှာ…

Pop-Up Camera ပါလာတဲ့ Oppo Find X
Android, HUBS, Mobiles & Tablets
434 shares74 views

Pop-Up Camera ပါလာတဲ့ Oppo Find X

Ko Thuya - Jun 20, 2018

Oppo က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းပါတဲ့ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Find X ဖြစ်ပြီး စကရင်အထက်မှ ဘောင်ဟာ အလွန်ပါးလွှာပါတယ်။ ကင်မရာများ တပ်ဆင်ထားတဲ့ Notch လည်း မပါပါဘူး။ ကင်မရာများဟာ မျက်နှာပြင်ရဲ့ အထက်မှာ…

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
251 shares602 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

Most from this category