0 Shares 2368 Views

Note 7 ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပြီး ဖုန်းသုံးစွဲမှုကိုလည်း လုံးဝရပ်တန့်ကြဖို့ Samsung သတိပေးလိုက်ပြီ

Oct 11, 2016
0 2368

Samsung ဟာ နောက်ဆုံးမှာတော့ သူတို့ထုတ်လုပ်ခဲ့တဲ့ အကောင်းဆုံးလို့သတ်မှတ်ခဲ့တဲ့ ဖုန်းအပေါ်လက်လျှော့လိုက်ပြီ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Galaxy Note 7 ဖုန်းကို ပြန်လည်အစားထိုးလဲလှယ်ထားတဲ့ ဖုန်းတွေဟာ ပြန်လည် မီးလောင် ပေါက်ကွဲခဲ့တာကြောင့် ပြသနာတွေကို ထပ်မံဖြစ်ပွားလာခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် Samsung ဟာ ရှင်းမရနိုင်အောင် ရှုပ်ထွေးနေတဲ့ Galaxy Note 7 ဖုန်း အရှုပ်တော်ပုံကို လတ်တလော ဖြေရှင်းတဲ့အနေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေပိုင်းလောက်တုန်းက သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး သုံးစွဲသူတွေအနေနဲ့ Original Note 7 ဖုန်းတွေ၊ လဲလှယ်ပြီးဖုန်းတွေအကုန်လုံးကို လတ်တလောမှာ အသုံးမပြုပဲ ပါဝါပိတ်ထားဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ \

အဲ့ဒီအပြင် ဒီနေ့က စတင်ပြီး Note 7 ဖုန်းရောင်းချမှုတွေကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်းလဲ ပြောကြားခဲ့ပါတယ်။ အဆိုပါသတင်းကတော့ မနေ့ကတည်းကရင်း သတင်းတွေက အခိုင်အမာ ပြောကြားနေခဲ့ကြတာဖြစ်ပြီး ယခုမှ တရားဝင်အနေနဲ့ သတင်းထုတ်ပြန်ခဲ့တာပါ။

တောင်ကိုးရီးယား အာဏာပိုင်တွေအနေနဲ့ ထုတ်ကုန်အသစ်တွေဖြစ်တဲ့ Note 7 ဖုန်းတွေဟာလည်း အခုလို ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့နေရကြောင်း ပြောကြားခဲ့ပြီး ဘယ်လိုမျိုး ဆိုးကျိုးတွေဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

samsung-galaxy-note-7-12

Samsung ရဲ့ ရှယ်ယာတွေဟာလည်း ဒီအင်္ဂါနေ့မှာ ၇.၅ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး တန်ဖိုး ဒေါ်လာ ၁၈သန်းခန့် တန်ကြေးရှိခဲ့ပါတယ်။ ဒီလိုရှယ်ယာဈေးနှုန်းကျဆင်းမှုဟာ ပြီးခဲ့တဲ့ ၂၀၀၈ကတည်းကဆိုရင် နေစဉ်ရှယ်ယာဈေးနှုန်း အနိမ့်ဆုံးအဖြစ် ကျဆင်းသွားတာပါ။

အမေရိကန်စားသုံးသူကာကွယ်ရေး ကော်မရှင်ဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်ကတည်းက ဖြစ်ပွားခဲ့တဲ့ ဖုန်းပေါက်ကွဲမှု ၅မှုကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။

Ref: The Guardian, Wall Street Journal, Techno Buffalo, The Verge

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Most from this category