0 Shares 129 Views

လောင်စာဆီသုံးကားတွေကို ၂၀၅၀ခုနှစ်ရောက်ရင် ဥရောပမှာ လုံးဝတွေ့ရတော့မှာ မဟုတ်

Oct 11, 2016
0 129

ဂျာမနီဟာ လျှပ်စစ်စွမ်းအင်သုံးယာဉ်တွေ (Electronic Vehicles) ကို ပိုမိုအသုံးပြုဖို့အတွက် တွန်းအားတစ်ရပ် ပေးလိုက်ပါပြီ။ ဒီနွေရာသီအစောပိုင်းကာလတုန်းက နိုင်ငံအနေနဲ့ အသစ်ထုတ်လုပ်မယ့်ကားတွေမှာ ဓာတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိစေမယ့် ကားတွေကိုသာ ထုတ်လုပ်ဖို့အတွက် ဥပဒေတစ်ရပ် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လျှပ်စစ်ယာဉ် (EV) တွေကိုသာ ထုတ်လုပ်ဖို့အတွက် အသံပေးခဲ့ပါတယ်။

ဒါ့အပြင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပပြုလုပ်တဲ့ ပဲရစ်စ်ကမ္ဘာကြီးပူနွေးလာမှု သဘောတူညီချက်အရ ဂျာမနီအနေနဲ့ လျှပ်စစ်ကားတွေရဲ့လိုအပ်ချက်ကို လာမယ့် ၂၀၃၀ပြည့်နှစ်မတိုင်မီ ဥရောပတစ်တိုက်လုံး ရရှိဖို့အတွက် တွန်းအားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျာမနီဟာ လာမယ့် ၂၀၅၀ပြည့်နှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ရာခိုင်နှုန်း ၈၀ကနေ ၉၅ရာခိုင်နှုန်းအထိ လျှော့ချသွားဖို့အတွက် ကတိပြုထားတာပါ။ ဒီကတိကဝတ်အရ နောက်ထပ်ထုတ်လုပ်မယ့် ကားသစ်တွေကို မှတ်ပုံတင်ရာမှာ ၂၀၃၀ခုနှစ်ကျရင် ဆီနဲ့ ဒီဇယ်ကားတွေကို စတင်ရပ်ဆိုင်းတော့မှာပါ။

တကယ်လို့ ဒီကမ်ပိန်း အောင်မြင်သွားလို့ရှိရင် နှစ်နှစ်ဆယ်အတွင်းမှာ လက်ရှိရှိနေတဲ့ ကိုယ်တွင်းလောင်ကျွမ်းတဲ့ စွမ်းအင်သုံးယာဉ်တွေဟာ လမ်းမတွေပေါ်ကနေ ပျောက်ကွယ်သွားဖို့အတွက် အစိုးရက မျှော်လင့်နေတာပါ။

ဂျာမနီရဲ့ ကားကုမ္ပဏီကြီး နှစ်ခုဖြစ်တဲ့ Daimler နဲ့ Volkswagen တို့လို ကုမ္ပဏီတွေဟာ လျှပ်စစ်ကားပရိုဂရမ်အတွက် အစီအစဉ်တွေကို ထုတ်ဖော်ခဲ့ပြီး ဖြစ်ပါတယ်။ Volkswagen က လာမယ့် ၂၀၂၅ခုနှစ်မှာ လျှပ်စစ်ကား နှစ်သန်းကနေ သုံးသန်းအထိ ထုတ်လုပ်ဖို့အတွက် မျှော်မှန်းထားကြောင်း ဆိုထားပါတယ်။

ဂျာမန်ကားကုမ္ပဏီကြီး မာစီဒီးဘင့်ဇ်အနေနဲ့လည်း နောက်သူတို့ရဲ့ လျှပ်စစ်ကားတွေကို တစ်စီးပြီး တစ်စီး ထုတ်ဖော်ပြသခဲ့ရာမှာ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ထရပ်ကားကိုတောင် ထုတ်လုပ်ထားနိုင်တဲ့အထိ အဆင့်မြှင့်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Ref: Digital Trends

 

Facebook Comments

You may be interested

Instagram မှာ ဓါတ်ပုံတစ်ပုံတင်ရင် မြန်မာငွေ သိန်း ၁၂၀ ၀န်းကျင်ရတဲ့ စုံတွဲ
NEWS, Photography
0 shares0 views

Instagram မှာ ဓါတ်ပုံတစ်ပုံတင်ရင် မြန်မာငွေ သိန်း ၁၂၀ ၀န်းကျင်ရတဲ့ စုံတွဲ

Ko Thuya - May 30, 2017

အသက် ၂၆ နှစ်အရွယ် Jack Morris နဲ့ သူ့ရဲ့ ချစ်သူ အသက် ၂၄ နှစ်အရွယ် Lauren Bullen တို့ဟာ Instagram မှာ ၀င်ငွေများစွာ ရှာဖွေနိုင်တဲ့ စုံတွဲ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ စုံတွဲဟာ ကမ္ဘာပတ်ပြီး…

ဖုန်းကညီမအတွက်မရှိမဖြစ်အရာတစ်ခုပါလိုပြောတဲ့ မော်ဒယ် ရွှေရေးချယ်
CELEBRITY, Interview
0 shares0 views

ဖုန်းကညီမအတွက်မရှိမဖြစ်အရာတစ်ခုပါလိုပြောတဲ့ မော်ဒယ် ရွှေရေးချယ်

Pyone Thizar Ye - May 30, 2017

အနုပညာလောထဲကို ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာတဲ့သူ Photo Model တစ်ယောက်အနေနဲ့ မဂ္ဂဇင်းတော်တော်များများမှာတွေရတဲ့သူ သူမကတော့ မော်ဒယ်ရွှေရေးချယ် ပဲဖြစ်ပါတယ်။ ရွှေရေးနဲ့တွေ့တုန်း သူမရဲ့အနုပညာလှုပ်ရှားမှုနဲ့အတူ ဖုန်းအကြောင်းကိုလည်း အခုလိုမေးဖြစ်ခဲ့ပါတယ်။ Q. အနုပညာလောကထဲကို စဝင်ခဲ့ဖြစ်ခဲ့ပုံ ပြောပြပေးပါလား။ ခရီးသွားမဂ္ဂဇင်း ကာဗာရိုက်ဖို့ အသိ ဓာတ်ပုံဆရာတစ်ယောက်က ကမ်းလှမ်းတာကနေ…

Xiaomi ရဲ့ တန်ဖိုးနည်း Mi 6c လာမည်
Android, HUBS, Mobiles & Tablets
288 shares578 views

Xiaomi ရဲ့ တန်ဖိုးနည်း Mi 6c လာမည်

Ko Thuya - May 30, 2017

ရှောင်မီက တန်ဖိုးကြီး စွမ်းဆောင်ရည်မြင့် Mi 6 ကို ယခင်လက မိတ်ဆက်ခဲ့ပါတယ်။ တန်ဖိုးကြီး မော်ဒယ်ကို မတတ်နိုင်သူများအတွက် ရှောင်မီက တန်ဖိုးနည်း Mi 6 Model ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို Mi 6c…

Most from this category