နည်းပညာချစ်သူမိဘတိုင်းအတွက် အလိုအလျောက်မောင်းနှင်နိုင်တဲ့ စမတ်ကလေးလက်တွန်းလှည်း

Jan 23, 2016
0 4

နည်းပညာချစ်သူမိဘတိုင်းအကြိုက်တွေ့စေမယ့်၊ စမတ်ကလေးလက်တွန်းလှည်းပေါ်ထွက်လာပါပြီ။

Smartbe Stroller လို့ခေါ်တဲ့ ကလေးလက်တွန်းလှည်းဟာ အလိုအလျောက်မောင်းနှင်သွားလာနိုင်တဲ့ အင်ဂျင်တစ်လုံးတပ်စမတ်လက်တွန်းလှည်းဖြစ်ပြီး ရန်ပုံငွေရှာဖွေရေးဝက်ဆိုဒ် Indiegogo မှာ စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့အတွက် ယခုအခါရန်ပုံငွေရှာဖွေလျက်ရှိပါတယ်။

Smartbe လက်တွန်းလှည်းဟာ သင်ဈေးဝယ်ထွက်နေချိန် ဒါမှမဟုတ် ပြေးနေချိန်တို့မှာ အလိုအလျောက်လိုက်ပါနိုင်ပြီး ကုန်းတက်ကုန်းဆင်းတွေကိုလည်းပြုလုပ်နိုင်တယ်လို့ ၀က်ဆိုဒ်မှာဖော်ပြထားပါတယ်။

အလိုအလျောက်မောင်းနှင်နိုင်မှုအပါအ၀င်၊ သီချင်းဖွင့်နားထောင်နိုင်မှု၊ ကလေးနို့ဘူးတွေကိုအပူပေးထားနိုင်မှုနဲ့ ဘက်ထရီအားသွင်းထားနိုင်တဲ့စွမ်းရည်တွေပါ ပါဝင်ပါတယ်။ အသုံးမလိုတဲ့အချိန်မှာခေါက်သိမ်းထားနိုင်တာကြောင့် နေရာမရွေးဆောင်ယူသွားနိုင်မှာဖြစ်ပါတယ်။ ယခုအခါ Indiegogo မှာ ရန်ပုံငွေ ၁၀၅၉ ဒေါ်လာရရှိနေပြီဖြစ်ပြီး ဒေါ်လာ ၈သောင်းလောက်ထိရရှိသွားနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ Smartbe ရဲ့ CEO Guller Morro က ပြော ကြားခဲ့ပါတယ်။
ကလေးရဲ့ဘေးကင်းစိတ်ချရမှုအတွက်လည်း ‘ရပ်တန့်ကြိုး’ ပါရှိပြီး မိဘဖြစ်သူရဲ့လက်ကောက်ဝတ်နဲ့ စမတ်လက်တွန်းလှည်းကို အချိန်တိုင်းချိတ်ဆက်ပေးထားမှာဖြစ်ပါတယ်။ တကယ်လို့ လက်တွန်းလှည်းကနေ ကြိုးပြုတ်ထွက်သွားတာနဲ့ လှည်းကလည်း အလိုအလျောက်ရပ်တန့်သွားမှာဖြစ်ပါတယ်။

Smartbe လက်တွန်းလှည်းကို ၂၀၁၇ခုနှစ်၊ ဧပြီလနောက်ပိုင်းမှာမှ ၀ယ်ယူရရှိသွားနိုင်ဖို့ရှိပြီး အလိုအလျောက်မောင်းနှင်စနစ်မပါတဲ့လက်တွန်းလှည်းကို ၃၉၉ ဒေါ်လာနဲ့ အလိုအလျောက်စနစ်ပါဝင်တဲ့လက်တွန်းကို ဒေါ်လာ ၂၇၀၀ လောက်ကျသင့်မှာဖြစ်ပါတယ်။

Ref: Engadget

You may be interested

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Redmi Note 5 Pro မှာ 60fps ဖြင့် Full HD Video များကို ရိုက်ကူးနိုင်လာ

Ko Thuya - Jun 25, 2018

တစ်စက္ကန့်လျှင် ၆၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းရည်ဟာ Xiaomi Redmi Note 5 Pro ရဲ့ Chinese MIUI 10 Beta မှာ ပါလာပါတယ်။ ဒီသတင်းကို XDA…

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
96 shares32 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
123 shares32 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

Most from this category