0 Shares 452 Views

Galaxy Note 7 ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းဖွယ်ရှိနေတဲ့ Samsung

Oct 10, 2016
0 452

အဓိက စမတ်ဖုန်းမျိုးဆက်ဖြစ်တဲ့ Galaxy Note 7 စမတ်ဖုန်းတွေကို ဘက်ထရီပြသနာကြောင့် ပြန်လည်သိမ်းဆည်းခဲ့တာ တစ်လကျော်ကြာမြင့်ပြီးနောက်မှာ Samsung အနေနဲ့ Note 7 ဖုန်းထုတ်လုပ်မှုကို ရပ်တန့်ထားမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

AT&T နဲ့ T-Mobile တို့လို အော်ပရေတာတွေရဲ့ သတင်းထုတ်ပြန်ချက်အရ သူတို့ရဲ့ ဖုန်းရောင်းချမှုတွေကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ ကိုးရီးယားသတင်းအေဂျင်စီ Yonhap ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားခဲ့တာပါ။ တောင်ကိုရီးယားနည်းပညာဘီလူးအနေနဲ့ ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့နေရတာကြောင့် ဖုန်းထုတ်လုပ်မှုကို ယာယီအနေနဲ့ ရပ်တန့်ထားဖို့ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ Samsung ရဲ့ အဓိက Supplier တစ်ဦးရဲ့ ပြောကြားချက်အပေါ် ကိုးကားပြီး ဖော်ပြထားခဲ့တာပါ။

“ဒီပြုလုပ်မှုမှာ Samsung ရဲ့ တစ်ကမ္ဘာလုံးဈေးကွက်ကို ဖြန့်ချိနေတဲ့ အဓိကနေရာတစ်ခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံလည်း ပါဝင်ပါတယ်” လို့ ကုမ္ပဏီက သတင်းဌာနကို ဆိုခဲ့တာပါ။

Samsung အနေနဲ့ ကုမ္ပဏီရဲ့ မီဒီယာဌာနဟာ ဒီရက်ပိုင်းအတွင်းမှာ သတင်းတွေထွက်ပေါ်ထားခဲ့တဲ့ Note 7 ရဲ့ အစားထိုးလဲလှယ်ပြီးသား ဖုန်းတစ်လုံးက ထပ်မံပေါက်ကွဲတယ်ဆိုတဲ့ သတင်းအပေါ် ဖြေရှင်းဖို့အတွက်အလုပ်များနေခဲ့ပါတယ်။ ပထမဆုံး လဲလှယ်ပြီးယူနစ်ဖုန်းမှ မီးခိုးတွေ ထွက်လာပြီး မီးလောင်ခဲ့တဲ့ ပြသနာဟာ အမေရိကန်ပြည်ထောင်စု Southwest လေကြောင်းရဲ့ လေယာဉ်ပေါ်မှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

samsung-galaxy-note-7-fire

ဒီဖြစ်ရပ်အတွက် အမေရိကန်စားသုံးသူ ကာကွယ်ရေးကော်မရှင်က Samsung ကို စုံစမ်းနေတဲ့ အကြောင်း ဒီလင့်မှာ နှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

Ref: Tech Cranch

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
346 shares89 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
175 shares33 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
138 shares47 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Most from this category