0 Shares 256 Views

ထပ်မံထွက်ရှိတဲ့ iOS 10.1 public beta မှာ iPhone 7 Plus အတွက် Feature အသစ်ပါဝင်လာ

Oct 08, 2016
0 256

Apple အနေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က iOS 10 ရဲ့ beta version အသစ်အဖြစ် iOS 10.1 public beta 2 ကို ထုတ်ခဲ့ပြီး  bug တွေအမြောက်အများကို ပြင်ဆင်ထားရုံမက iPhone 7 Plus အတွက် Feature အသစ်လည်းထပ်မံပါဝင်လာတယ်လို့သိရပါတယ် ။

iPhone 7 Plus အသုံးပြုသူများအနေနဲ့ iOS 10.1 public beta 2 ကို install လုပ်ပြီး Apple ရဲ့ Portrait Mode Feature ကို ရရှိနိုင်ပြီဖြစ်ပါတယ် ။ Portrait Mode Feature က iPhone 7 Plus ရဲ့ dual camera နဲ့ရိုက်တဲ့ ပုံတွေကို အရည်အသွေးမြင့် DSLR camera နဲ့ရိုက်ထားသလို ခံစားစေနိုင်မယ့် bokeh effect ပါဝင်လာတာဖြစ်ပါတယ် ။

peggle-800x450

 

iOS 10.1 public beta ပေါ်မှာ 64 bit App တွေ ကိုပဲ ကောင်းမွန်စွာ အသုံးပြုလို့ရနိုင်တော့မှာဖြစ်ပြီး 32 bit App တွေကို Download ပြုလုပ် တဲ့အခါ ဖုန်းကို လေးလံသွားစေနိုင်ကြောင်း Alert Message နဲ့ သတိပေးမှာဖြစ်ပါတယ် ။ Apple ဟာ (၂၀၁၃) ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ iPhone 5s မှာကတည်းက 64 bit OS ကိုစတင်အသုံးပြုခဲ့တာဖြစ်ပြီး App Developer တွေကိုလည်း 64 bit App တွေကိုသာ ဖန်တီးဖို့ တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ် ။

 

Apple အနေနဲ့ App Store ပေါ်မှာ အသုံးဝင်မယ့် Update ဖြစ်တဲ့ App တွေကို ပဲထားချင်တော့တဲ့ အတွက် Update မဖြစ်တော့တဲ့ App တွေကိုဖယ်ရှားဖို့ နဲ့ Update ပြုလုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းက သတိပေး ချက်ထုတ်ပြန်ခဲ့ပါတယ် ။ ဖယ်ရှားချိန်ကို ရက်(၃၀) သတ်မှတ်ပေးထားပြီး သတ်မှတ်ရက်ပြည့်တဲ့အထိ Update မဖြစ်တဲ့ App တွေကို App Store ကနေဖယ်ရှားပစ်မှာ ဖြစ်တယ် လို့သိရပါတယ် ။

Ref: bgr & macrumours

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category