0 Shares 122 Views

A6500 နဲ့ Cyber-shot RX100 V ကင်မရာသစ်နှစ်မျိုးကို Sony မိတ်ဆက်

Oct 08, 2016
0 122

Sony ဟာ ဒီနှစ်အစောပိုင်းတုန်းက A6300 ကင်မရာကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပမေယ့် ကုမ္ပဏီအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အတွင်းပိုင်းကိုပြင်ဆင်ထားတဲ့ Lens Mirrorless ကင်မရာတစ်မျိုးကို ထပ်မံထုတ်ဖော်လိုက်ပါတယ်။ Sony ဟာ နောက်ဆုံးမျိုးဆက်ဗားရှင်း Mirrorless A6500 ကင်မရာကို ထုတ်ဖော်ခဲ့တာဖြစ်ပြီး နောက်ထပ်အမျိုးအစားတစ်မျိုးကတော့ Cyber-shot RX100 V အမျိုးအစားပဲဖြစ်ပါတယ်။

sony-a6500-2

A6500 ဟာ အရင်မော်ဒယ်ထက် လုပ်ဆောင်ချက်အသစ်တွေ အများအပြား ထပ်မံထည့်သွင်းခဲ့ပြီး ၂၄.၂ MP ဆင်ဆာ၊ စူပါမြန်နှုန်းမြှင့် Focus၊ 425 autofocus point နဲ့ 4K ဗီဒီယိုတွေရိုက်ကူးနိုင်စွမ်းတွေ ထပ်မံထည့်သွင်းထားခဲ့တာပါ။ အဲ့ဒီအပြင် ကင်မ၇ာအသစ်မှာ LCD touchscreen ကိုလည်း ထည့်သွင်းထားတာကြောင့် ဒါဟာဆိုရင် ကိုယ်လိုချင်တဲ့ Focus ကို Display မှာ တို့ထိပြီး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ 5-axis ပုံရိပ်ရုပ်ထွက်စနစ်ကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။

sony-a6500-3

Sony က ကင်မရာအသစ် Cyber-shot RX100 V မှာ လက်ရှိရှိနေတဲ့ ကင်မရာတွေနဲ့ ယှဉ်လိုက်ရင် အလျှင်မြန်ဆုံး auto-focus နဲ့ အကောင်းဆုံး auto-focus point တွေ ရရှိနိုင်အောင် ထုတ်လုပ်ထားတာပါ။ ဒါဟာ Shooting Speed ကိုလည်း အမြန်ဆုံး ရရှိအောင်လုပ်ထားပြီး ဆင်ဆာအနေနဲ့ 20.1 –Megapixel CMOS ဆင်ဆာပါဝင်တာပါ။

cyber-shot-rx100-v1

 

မျက်နှာပြင်ကို လှုပ်ရှားနိုင်တဲ့ OLED မျက်နှာပြင်တပ်ဆင်ထားပြီး Wi-Fi နဲ့ NFC တို့ ပါဝင်ပါတယ်။ Sony အနေနဲ့ ကင်မရာထည့်သွင်းဖို့အတွက် အထူးရေစိုခံတဲ့အိမ် ဒီဇိုင်းကိုလည်း ပြုလုပ်ထားတာဖြစ်ပြီး ရေအောက်အနက် ပေ၁၃၀အထိ ယူဆောင်သွားနိုင်တယ်လို့ သိရပါတယ်။

A6300 ကိုလာမယ့်လမှာ ဒေါ်လာ ၁၄၀၀နဲ့ ရောင်းချမှာ ဖြစ်ပြီး Cyber-shot RX100 Vကိုတော့ ဒီလထဲမှာ ဒေါ်လာ ၁၀၀၀ခန့်နဲ့ ရရှိနိုင်မှာပါ။ ရေစိုခံအိမ် အပါအဝင်ဆိုရင်တော့ နိုဝင်ဘာလမှာ ရရှိမှာ ဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၃၅၀ထပ်ဆောင်းပေးရမှာ ဖြစ်ပါတယ်။

Ref: TechnoBuffalo

Facebook Comments

You may be interested

စက်ရုပ်တွေကို အများဆုံး အသုံးပြုနေတဲ့ တောင်ကိုရီးယား
NEWS, Science, Tech Update
0 shares0 views

စက်ရုပ်တွေကို အများဆုံး အသုံးပြုနေတဲ့ တောင်ကိုရီးယား

zayarsan - May 27, 2017

စက်ရုပ်များကို စက်ရုံများမှာ အသုံးချလာမှုဟာ အရှိန်အဟုန် မြင့်မားလာနေပါတယ်။ အဲဒီအထဲမှာ တောင်ကိုရီးယားကတော့ ကမ္ဘာမှာ စက်ရုပ် အများဆုံး အသုံးပြုတဲ့ နိုင်ငံ ဖြစ်ပါတယ်။ International Federation of Robotics ရဲ့ အဆိုအရ တောင်ကိုရီးယားဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှာ ၀န်ထမ်း…

ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ
FEATURES, Softwares & Application
0 shares0 views

ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ

Ko Thuya - May 27, 2017

Facebook က Messenger ကို ဆက်သွယ်ရေး ကိရိယာ တစ်ခုထက်ပိုတဲ့ ၀န်ဆောင်မှု ပလက်ဖောင်းတစ်ခု အဖြစ် ဖန်တီးနေပါတယ်။ အမေရိကန်မှာ ဆိုရင် Messenger ကနေ ငွေပေးပို့နိုင်ပါပြီ။ Messenger ကနေ Uber အငှားယာဉ်ကို နိုင်ငံအချို့မှာ ခေါ်နိုင်ကြပါတယ်။ မကြာခင်ကလည်း…

Twitter App တစ်ခုသာ ထည့်ထားတဲ့ Donald Trump ရဲ့ iPhone
Mobiles & Tablets, NEWS, Security & Safety
0 shares5 views

Twitter App တစ်ခုသာ ထည့်ထားတဲ့ Donald Trump ရဲ့ iPhone

Ko Thuya - May 27, 2017

အမေရိကန် သမ္မတ Donald Trump ရဲ့ iPhone ထဲမှာ Twitter App တစ်ခုသာ ထည့်ထားတယ်လို့ Axios ရဲ့ သတင်းထောက် ဖြစ်သူ Mike Allen က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရေးသားဖော်ပြထားပါတယ်။ Trump ဟာ…

Most from this category