0 Shares 145 Views

အကောင့်တစ်ခုထက်ပိုပြီး သုံးနိုင်တော့မယ့် Messenger ဗားရှင်း အသစ်ကို Facebook စမ်းသပ်နေ

ကမ္ဘာမှာ လူသုံးအများဆုံး လူမှု မီဒီယာ အဖြစ်ရပ်တည်နေတဲ့ Facebook ဟာ သူတို့ရဲ့ မက်ဆေ့ဂ်ျပေးပို့တဲ့ အက်ပလီကေးရှင်း Messenger ကို ပိုပြီး ဆွဲဆောင်မှုရှိစေတဲ့ ဒီဇိုင်းမျိုးတွေ ပြောင်းလဲဖို့ စမ်းသပ်နေပါတယ်။ Messenger အက်ပလီကေးရှင်း ရဲ့ အောက်ခြေမှာ ပေါ်နေတဲ့ အပြာရောင် အပေါင်းလက္ခဏ ခလုပ်လေးဖြစ်တဲ့ Floating Action Button (FAB) ဟာ Messenger ရဲ့ အကြီးဆုံးနဲ့ အထင်ရှားဆုံး ပြောင်းလဲမှုဖြစ်လာမှာ ဖြစ်ပါတယ်။

 

အခြား မသိသာတဲ့ အသေးစား ဒီဇိုင်းပြောင်းလဲမှုတွေနဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်လာမှာဖြစ်ပြီး ပိုမို ကောင်းမွန်လာတဲ့ လုပ်ဆောင်ချက်ကတော့ အကောင့်တစ်ခုထက်ပိုပြီး အသုံးပြုနိုင်တော့မှာ ပဲဖြစ်ပါတယ်။

 

FAB ခလုပ် လေးဟာ လက်ရှိ Messenger အက်ပလီကေးရှင်းရဲ့ အောက်ခြေမှာပြသနေတဲ့ အပြာရောင် ဘား နေရာမှာ အစားထိုး ထည့်သွင်းထားတာဖြစ်ပြီး ထို FAB ခလုပ်ကို နှိပ်လိုက်တာနဲ့မက်ဆေ့ဂ်ျ အသစ်ပေးပို့ဖို့ ၊ ခေါ်ဆိုမှု တစ်ခုပြုလုပ်ဖို့ ၊ အဖွဲ့လိုက်မက်ဆေ့ဂ်ျတွေ ဖန်တီးဖို့ ၊ Friend အသစ်တစ်ယောက်ကို ပေါင်းထည့်ဖို့နဲ့ သင့်ရဲ့ မက်ဆေ့ဂ်ျအဟောင်းတွေကို ရှာဖွေဖို့ စတဲ့ ရွေးချယ်ခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။

 

အခြား ပါဝင်မယ့် လုပ်ဆောင်ချက်အသစ်တွေကတော့ မှိန်ပြပြ အခြေအနေပြဘား (Status Bar) နဲ့ Refreshed ခလုပ်တို့ပဲ ဖြစ်ပါတယ်။

 

နောက်ပြီး အရင်တုန်းက Messenger အက်ပလီကေးရှင်းဟာ အသုံးပြုသူတွေကို Sign Out လုပ်ခွင့်လည်း မပေးသလို အကောင့်များစွာကို သုံးစွဲခွင့်လည်း မပေးပါဘူး။ အရင်တုန်းက Messenger အက်ပလီကေးရှင်းမှာ Sign In ပြုလုပ်ထားတဲ့ အကောင့်ကို Sign Out ပြုလုပ်လိုလျှင် အက်ပလီကေးရှင်းတစ်ခုလုံးကို delete လုပ်ပြီး install ပြန်လုပ်မှ ရခဲ့တာပါ။

 

အခု Messenger ရဲ့စမ်းသပ်ဆဲ ဒီဇိုင်းအသစ်မှာတော့ Settings ထဲဝင်ရောက်ပြီး accounts option မှာ နောက်ထပ်အကောင့်အသစ်တွေကိုပေါင်းထည့်နိုင်ပြီး အကောင့်ပြောင်းလဲအသုံးပြုလိုက်တဲ့အကြိမ်တိုင်းမှာ သက်ဆိုင်ရာ အကောင့်ရဲ့ password ကိုတော့ ရိုက်ထည့်ပေးဖို့လိုပါလိမ့်မယ်။

 

လက်ရှိမှာ ထိုစမ်းသပ်ဆဲ ဒီဇိုင်းအသစ်ကို သုံးစွဲသူတွေထံ ကျရာစနစ်နဲ့ ဆာဗာကနေထုတ်လွှင့်ပေးနေပြီး update ဗားရှင်းကိုတော့ မကြာမီ အချိန်အတွင်းမှာ ဖြန့်ချီသွားမယ်လို့လည်း သိရပါတယ်။

 

Ref : 9 to 5 Google

You may be interested

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro သင့်ရဲ့တစ်နေ့တာ လုပ်ဆောင်ချက်တွေထဲမှာ စိတ်ရှုပ်ရပြီး အနှောင့်အယှက်ပေးတာ တစ်ခုကိုပြောပါဆိုရင် ညမအိပ်ခင် ဖုန်းအားသွင်းရတာမျိုး၊ စိတ်မချရလို့ မအိပ်ခင် အားသွင်းထားတဲ့မီး ပြန်ပိတ်ရတာမျိုး၊ ဖုန်းအားပြည့်အောင် စောင့်ပြီးမှအိပ်ရတာမျိုး၊ မနက်မိုးလင်းလို့ အပြင်မသွားခင်…

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်
HUBS, LG, NEWS
0 shares0 views

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်

Ko Thuya - Dec 18, 2018

LG က CES 2018 မှာ စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီ နမူနာ မော်ဒယ်ကို ပြသခဲ့ပါတယ်။ အခုတော့ Bloomberg ရဲ့ သတင်းအရင်းအမြစ်တစ်ခုက အဲဒီ တီဗီကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ ပြောပါတယ်။ ၆၅ လက်မ OLED…

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့
Android, Apple, HUBS
81 shares30 views

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့

Ko Thuya - Dec 18, 2018

စမတ်ဖုန်းများမှာ ဒေတာများကို ကာကွယ်ဖို့ အတွက် လက်ဗွေရာ အာရုံခံ နည်းပညာများ ထည့်သွင်းလာကြပါတယ်။ နောက်ပိုင်းမှာတော့ ပိုမို စိတ်ချရတဲ့ မျက်နှာ အာရုံခံ နည်းပညာများကို အသုံးပြုလာကြပါတယ်။ အဆင့်မြင့် မျက်နှာအာရုံခံ နည်းပညာကို ပထမဆုံး အသုံးပြုနိုင်တဲ့ ကုမ္ပဏီက Apple ဖြစ်ပါတယ်။…

Most from this category