0 Shares 35 Views

အလိုအလျောက်သန့်ရှင်းနိုင်တဲ့စမတ်မှန်တစ်မျိုးကို ဗြိတိန်သိပ္ပံပညာရှင်တွေ တီထွင်

Jan 22, 2016
0 35

အလိုအလျောက်သန့်ရှင်းမှုပြုလုပ်နိုင်ပြီး၊ စွမ်းအင်သုံးစွဲမှုလည်းခြွေတာနိုင်မယ့် စမတ်မှန်တစ်မျိုးကို ဗြိတိန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်က သိပ္ပံပညာရှင်တွေ တီထွင်နိုင်ခဲ့ပါတယ်။

ဒီမှန်မှာ ခဲတံသဏ္ဍာန်နာနိုပစ္စည်းလေးတွေနဲ့ ထည့်သွင်းတည်ဆောက်ထားတာကြောင့် ရေကပ်တင်နိုင်မှုမရှိဘဲ၊ ဖန်သားပြင်ပေါ်တင်ကျန်နေတဲ့အညစ်အကြေး၊အစွန်းအထင်းတွေကိုပါ ရေနဲ့အတူမြောပါသွားအောင်ဒီဇိုင်းဆွဲပြုလုပ်ထားပါတယ်။ လက်ရှိအဆောက်အဦးသုံးမှန်တွေဟာ ရေကပ်တင်မှုရှိတာကြောင့် ညစ်ပတ်တဲ့အစွန်းအထင်းတွေကို မှန်မှာတင်ကျန်ရစ်စေ တာဖြစ်ပါတယ်။

ဒီ့အပြင် ဗနေဒီယမ်ဒိုင်အောက်ဆိုဒ်ဒြပ်ပေါင်းသုံးအလွှာပါးတစ်ခုနဲ့ မှန်ကိုဖုံးအုပ်ထားတာကြောင့် အေးစက်တဲ့ရာသီဥတုမှာ အခန်းအတွင်း အပူချိန်ဆုံးရှုံးမှုကို တားဆီးပေးနိုင်သလို၊ ပူပြင်းတဲ့ရာသီဥတုမှာလည်း နေကထုတ်လွှတ်တဲ့အနီအောင်ရောင်ခြည်လှိုင်း အခန်းတွင်းဝင်ရောက်မှုကို တားဆီးပေးနိုင်တာကြောင့် အပူချိန်မြင့်တက်မှုကို တားဆီးပေးနိုင်မှာဖြစ်ပါတယ်။

ယခုစမတ်မှန်နည်းပညာကို အထပ်မြင့်အဆောက်အဦးတွေနဲ့ မိုးမျှော်တိုက်တွေမှာထည့်သွင်းအသုံးချသွားဖို့ရှိပြီး၊ အထပ်မြင့် အဆောက်အဦးတွေအနေနဲ့ ၀န်ထမ်းတွေ အသုံးပြုကာ မှန်သန့်ရှင်းရေးလုပ်ရတဲ့အခက်အခဲနဲ့ ၊ အပူအပေးပေးစနစ်တွေရဲ့ မီတာခ ကုန်ကျစရိတ်တို့ကနေ ကင်းလွတ်သွားမှာဖြစ်ပါတယ်။

ပထမဦးဆုံးစမတ်မှန်တွေကို နောက်သုံးလေးငါးနှစ်ထဲ ဈေးကွက်ထဲစတင်တင်ပို့သွားဖို့ရှိပြီး လက်ရှိ ငွေဒြပ်၊ရွှေဒြပ်စင်သုံး စွမ်းအင်ချွေတာရေးမှန်တွေထက် အများကြီးဈေးပိုသက်သာမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Mirror

You may be interested

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ
Apple, HUBS, Mobiles & Tablets
208 shares47 views

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ

Ko Thuya - Nov 24, 2017

Apple က ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone အတွက် Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ US Patent and Trademark Office (USPTO) မှ သတင်းအချက်အလက်များအရ အဲဒီ Patent ဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်တပ်ဆင်ထားတဲ့ ကိရိယာ ဖြစ်ပြီး…

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်
Mobiles & Tablets, NEWS
340 shares148 views

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်

Nwe Oo - Nov 24, 2017

မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော software ပိုင်းကိုပါ တော်တော်လေးစိတ်တိုင်းကျခဲ့ပါတယ်။ ပေးရတဲ့ $499 နဲ့တော်တော်ကြီးတန်တဲ့ဖုန်းတစ်လုံးလို့တော့ ဆိုရမှာပါ။ OnePlus ကုမ္ပဏီက အရမ်းတော့မကြီးပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို သူကိုယ်တိုင်နားလည်ပါတယ်။ $500 လောက်နဲ့  ကမ္ဘာမှာနာမည်ကြီးနေတဲ့…

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ
Mobiles & Tablets, NEWS
183 shares58 views

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ

Ko Thuya - Nov 24, 2017

Coolpad က အိန္ဒိယမှာ တန်ဖိုးနည်း Note 5 Model အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ယခုနှစ် သြဂုတ်လမှာ အိန္ဒိယတွင် ရောင်းချပေးခဲ့တဲ့ Note 5 Lite C ရဲ့ Storage ထက် နှစ်ဆ ပိုမိုများပြားတဲ့ 32GB…

Most from this category