0 Shares 47 Views

Mozilla ရဲ့ CEO ဟောင်းက Ads တွေကိုတားမြစ်ထားနိုင်မယ့် Browser အက်ပလီကေးရှင်းအသစ်ကိုရေးဆွဲနေ

Jan 22, 2016
0 47

တစ်ချိန်တစ်ခါက အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ Mozilla ဆိုတဲ့ Browser အက်ပလီကေးရှင်းကို တီထွင်ခဲ့သူ Mozilla ကုမ္မဏီ ရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း Brendan Eich ဟာ အင်တာနက်ရဲ့ ပုဂ္ဂလိကအခွင့်အရေးတွေကို အမြဲတွေးနေသူတစ်ယောက်ပါ။

အခုလည်း Eich ဟာ Brave လို့ခေါ်တဲ့ Browser အက်ပလီကေးရှင်းတစ်ခုကို ရေးဆွဲဖန်တီးနေပါတယ်။ အဲဒီ Brave ဆိုတဲ့ Browser ကတော့ Google ရဲ့ Chromium ကို အခြေခံထားတဲ့ ၀က်ဘ်ရှာဖွေရေး browser တစ်ခုဖြစ်ပြီး Privacy နဲ့ Speed အမည်တွေကို default ပြုလုပ်ထားခြင်းအားဖြင့် ကြော်ငြာပြသမှု(ads) တွေအားလုံးကို တားမြစ်ထားနိုင်မယ်လို့ သိရပါတယ်။

ဒါဆို Brave ရဲ့ ရည်ရွယ်ချက်ကဘာလဲ? သေချာတာကတော့ Brave ဆိုတဲ့ browser ဟာ သူ့ရဲ့ သီးသန့် ကြော်ငြာတွေကိုသာပြသမှာဖြစ်ပါတယ်။ ဘဏ္ဍာငွေကိုတော့ Brave က ၁၅ ရာခိုင်နှုန်း ၊ ကြော်ငြာလက်ခံသူက ၅၅ ရာခိုင်နှုန်း ၊ ကြော်ငြာရှင် က ၁၅ ရာခိုင်နှုန်းနဲ့ သုံးစွဲသူကတော့ ၁၀ ကနေ ၁၅ ရာခိုင်နှုန်း စတဲ့ အချိုးအတိုင်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Brave ရဲ့ ကြော်ငြာပြသမှုကတော့ သုံးစွဲသူကထို Browser ကို အသုံးပြုပြီး ရှာဖွေထားတဲ့ Tag တွေကို အခြေခံပြီး ads တွေကို ပြသသွားမှာပါ။ အကယ်၍ ကြော်ငြာပြသမှုမှာ မမြင်ချင်တာတွေရှိခဲ့မယ်ဆိုရင် History ထဲမှာ ကိုယ်မကြိုက်တဲ့ tag တွေကို ပြန်ဖယ်လိုက်လို့ရနိုင်ပါတယ်။

Brave အက်ပလီကေးရှင်း ဆော့ဖ်ဝဲ ဟာ Mac နဲ့ PC စတဲ့ ကွန်ပျူတာ စနစ်များ ၊ Android နဲ့ iOS ကဲ့သို့သော မိုဘိုင်းလ် စနစ်များအားလုံးမှာ အသုံးပြုနိုင်အောင် ဒီနှစ်အကုန်ပိုင်းမှာ ထုတ်လုပ်သွားဖွယ်ရှိတယ်လို့သိရပါတယ်။ ဒီ အက်ပလီကေးရှင်းရဲ့ အောင်မြင်မှုကတော့ Brave ဟာ ကြော်ငြာပြသမှု(ads) တွေကိုဘယ်လောက်ထိ တားမြစ်နိုင်မလဲဆိုတာနဲ့ Brave ရဲ့ သီးသန့်ကြော်ငြာတွေဟာ ဘယ်လောက်ထိ အသုံးဝင်မယ်ဆိုတာတွေအပေါ် မူတည်နေပါတယ်။

Brave ရဲ့ ရှာဖွေမှု လုပ်ဆောင်ချက်တွေ ဘယ်လောက်ထိ မြန်ဆန်လဲဆိုတာ စမ်းသပ်ထားပုံကိုတော့ အောက်ပါ ဗီဒီယို မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။

Ref : Engadget

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Most from this category