0 Shares 33 Views

အလေးလံဆုံး ကုန်ပစ္စည်းကို သယ်ဆောင်ပြပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ဒရုန်း အကြီးစား တစ်မျိုး

Jan 22, 2016
0 33

နော်ဝေ နိုင်ငံ အော်စလို တက္ကသိုလ်မှာ ပညာ သင်ကြားနေတဲ့ အင်ဂျင်နီယာတွေအဖွဲ့ဟာ ရီမုဒ် ကွန်ထရိုး ဒရုန်းတွေကိုအသုံးပြုပြီး ၆၁ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ကုန်ပစ္စည်းတွေသယ်ဆောင် ပြသ ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒရုန်းအသေးများစွာကို ပြန်လည်ပေါင်းစပ် ချိတ်တွဲပြီး ဧရာမ ဒရုန်းတစ်ခုအသွင် ဖန်တီးထားတဲ့ ထို ရီမုဒ်ကွန်ထရိုး ယာဉ်ကိုတော့ Megakopter လို့ ခေါ်ပါတယ်။ ထို ယာဉ်ကိုတော့ ဒလက် ၆ ခုပါ ဒရုန်း ၈ ခုကိုပေါင်းဆက်ပြီး ဆုံလည် စက်ပစ္စည်း ၁၃ ခုကို မတူညီတဲ့မော်တာ ၄ခုနဲ့ မောင်းနှင်စေကာ အလူမီနီယံ နဲ့ သစ်သားပေါင်းစက်ထားတဲ့ ကိုယ်ထည်နဲ့ ယာဉ်တစ်ခုလုံးကို ချိတ်ဆက်ပေးထားပါတယ်။

ထို ယာဉ်ငယ်ကို စမ်းသပ်မောင်းနှင်ပြခဲ့ရာမှတော့ ၆၁ ကီလိုဂရမ် လေးလံတဲ့ ကုန်ပစ္စည်း(၁၄၃ ပေါင်ကျော်) ကို ၃၇ စက္ကန့်တိတိ သယ်ဆောင်ပြသနိုင်ခဲ့ပြီး ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းထဲမှာ စံချိန်တင်နိုင်ခဲ့ပါတယ်။

ထို အင်ဂျင်နီယာအဖွဲ့ဟာ အနာဂတ်မှာလည်း Megakopter ကို ပိုမိုအားကောင်းလာပြီး ပိုမိုလေးလံ ကြီးမားတဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင် နိုင်ဖို့အတွက်လည်း ထပ်မံ လုပ်ဆောင်သွားဦးမယ်လို့ ဆိုထားပါတယ်။

Ref :Engadget

You may be interested

Virtual Phone Number များဖန်တီးပေးမယ့် Apps များ
FEATURES, Softwares & Application
0 shares0 views

Virtual Phone Number များဖန်တီးပေးမယ့် Apps များ

Ko Thuya - Jul 27, 2017

အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင် ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။ ဥပမာအားဖြင့်…

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်
Knowledge, Local, Local Market Review
0 shares0 views

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်

zayarsan - Jul 27, 2017

ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှု ဝက်ဆိုက်ဒ် Jovago မှ ဝက်ဆိုက်ဒ်အသုံးပြုသူများအတွက် Jovago Travel Smart အမည်ရ လျော့ဈေးနှစ်ထပ်ကွမ်းရရှိမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်သစ်အရ Jovago င့် Jovago Mobile App တို့ကို ရှိနှင့်ပြီး…

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ
HUBS, LG, Local
115 shares48 views

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ

zayarsan - Jul 27, 2017

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုမ္ပဏီ LG Electronics သည် နောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ပံ့ပိုးကူညီ ပေးခဲ့တယ် လို့ သိရပါတယ်။ ယခုနှစ်အစောပိုင်းကကျင်းပခဲ့တဲ့ LG ရဲ့ Valuable Night ပွဲကြီးတွင်…

Most from this category