၂၀၁၁ခုနှစ်ရဲ့ ဒီနေ့မှာ ကမ္ဘာ့နည်းပညာကို ပြောင်းလဲစေခဲ့တဲ့ Steve Jobs ကွယ်လွန်ခဲ့ပါတယ်

လွန်ခဲ့တဲ့ ၅နှစ်တာကာလဖြစ်တဲ့ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၅ရက်နေ့မှာ Apple Inc ရဲ့ ဖခင်၊ Macintosh, iPod, iPhone, iPad တွေနဲ့ ကွန်ပျူတာ၊ သီချင်းနဲ့ မိုဘိုင်းလ်ဆက်သွယ်ရေးကဏ္ဍကို ခေတ်သစ်တစ်ခေတ် ရောက်စေခဲ့သူလို့ ပြောနိုင်တဲ့ Steve Jobs ဟာ Pancreatic ကင်ဆာနဲ့ ကာလရှည်တိုက်ပွဲဝင်ပြီးနောက် အသက် ၅၆နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Jobs ကို ၁၉၅၅ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က ဆန်ဖရန်စစ္စကိုမြို့မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၇၆ခုနှစ်မှာ Jobs ဟာ သူ့ရဲ့ ကွန်ပျူတာအင်ဂျင်နီယာ သူငယ်ချင်းဖြစ်သူ Stephen Wozniak နဲ့အတူ ကယ်လီဖိုးနီးယားက Los Altos မြို့မှာ Apple Computer ကိုစတင် တည်ထောင်ခဲ့ပါတယ်။

တည်ထောင်ပြီး ၁နှစ်အကြာ ၁၉၇၇ခုနှစ်မှာ Jobs နဲ့ Wozniak တို့ဟာ Apple II ကွန်ပျူတာကို ထုတ်လုပ်ခဲ့ပါတယ်။ ဒါဟာ Personal Computer တွေထဲမှာ ပထမဆုံး ပေါ်ပြူလာဖြစ်ခဲ့တဲ့ ကွန်ပျူတာလို့လဲ ပြောလို့ရပါတယ်။ ၁၉၈၀ခုနှစ်၊ Jobs အသက် ၂၀အရွယ်မှာတော့ Apple ကို ပြည်သူကို ချပြခဲ့ပြီး Jobs ကိုယ်တိုင်လဲ မီလျံနာတစ်ဦး ဖြစ်လာခဲ့ပါတယ်။

လေးနှစ်အကြာမှာ Apple ဟာ Macintosh ကို မိတ်ဆက်ခဲ့ပြီး PC ကွန်ပျူတာတွေမှာ Graphical User Interface လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါဟာဆိုရင် လူတွေကို စာရိုက်ပြီးအမိန့်ပေးရမယ့် အစား Mouse ဆိုတဲ့ ကိရိယာအသစ်တစ်မျိုးနဲ့ အမိန့်ပေးနိုင်အောင် လုပ်ပေးလိုက်တာပါ။

steve-jobs3

၁၉၈၅ခုနှစ်မှာ့ Apple ဘုတ်ဒါရိုက်တာတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီကနေ ထွက်လာခဲ့ရပြီး အဲ့ဒီနှစ်မှာပဲ NeXT ကို ထုတ်ဖော်ခဲ့ပြန်ပါတယ်။ NeXT ဟာ စွမ်းဆောင်ရည်အမြှင့်စား ကွန်ပျူတာတွေကို ထုတ်လုပ်ဖို့အတွက် ပေါ်လာခဲ့တာဖြစ်ပြီး ပစ္စည်းတွေကို တစ်ကမ္ဘာလုံးကပရိတ်သတ်တွေက အကြိုက်တွေ့ခဲ့ကြတာပါ။

NeXT ကထုတ်လုပ်တဲ့ ပစ္စည်းနဲ့ပဲ ဗြိတိသျှကွန်ပျူတာပညာရှင် Tim Berners-Lee ဟာ လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံးသုံးစွဲနေကြတဲ့ www. လို့ခေါ်တဲ့ World Wide Web အင်တာနက်ချိတ်ဆက်စနစ်ကို ထုတ်ဖော်နိုင်ခဲ့တာပါ။ Jobs ဟာ ရုပ်ရှင်ပြုလုပ်တဲ့ ဒါရိုက်တာကြီ George Lucas နဲ့အတူ ကွန်ပျူတာ ဂရပ်ဖစ်စတီရီယိုငယ် တစ်ခုထူထောင်ခဲ့ပြီး နာမည်ကို Pixar Animation Studio လို့ နာမည်ပေးခဲ့ပါတယ်။

pixar1

Pixer ဟာ ၁၉၉၅ခုနှစ်မှာ  “Toy Story” လို့ခေါ်တဲ့ ကမ္ဘာ့ပထမဆုံး ကွန်ပျူတာအန်နီမေးရှင်း ရုပ်ရှင်ကို ထုတ်လုပ်ပြီး အောင်ပွဲခံခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Box-Office မှာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ကာတွန်းဇာတ်ကားတွေရဲ့ ခေတ်ကိုပြောင်းလဲစေခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၃ခုနှစ်မှာတော့ နောက်ထပ် ကမ္ဘာကျော်ရုပ်ရှင်ဖြစ်တဲ့ “Finding Nemo” (2003) နဲ့ “The Incredibles” (2004) ဇာတ်ကားတွေကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်အရောက်မှာတော့ ကမ္ဘာကျော် ရုပ်ရှင်ကုမ္ပဏီ Walt Disney က Pixer ကို ဒေါ်လာ ၇ဘီလီယံ (သန်း၇၀၀၀)နဲ့ ဝယ်ယူခဲ့ပြီး Jobs ဟာ Disney ရဲ့ အကြီးမားဆုံး ရှယ်ယာရှင်အဖြစ် တည်ရှိခဲ့ပါတယ်။

toy-story-1

၁၉၉၆ခုနှစ်ကိုပြန်သွားရမယ်ဆိုရင် Apple ဟာ NeXT ကိုဝယ်ယူမှာဖြစ်ပြီး Jobs ကိုလည်း အကြံပေးအဖြစ်နဲ့ ငှားရမ်းမှာ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ နောက်နှစ်မှာတော့ Jobs ဟာ Apple ရဲ့ interim CEO (၂၀၀၀ခုနှစ်မှာ ‘interim’ စကားလုံးပြုတ်ကျသွားခဲ့) ဖြစ်လာခဲ့ပြီး Apple ဟာ သူ့ရဲ့ ဦးဆောင်မှုအောက်ကို ပြန်လည်ရောက်ရှိသွားခဲ့ပြီး တစ်ကမ္ဘာလုံးမှာ အကျိုးအမြတ်အများဆုံး ကုမ္ပဏီအဖြစ် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အဲ့ဒီနောက် Jobs ဟာသုံးစွဲသူတွေက ဘယ်လိုပစ္စည်းမျိုး နောက်ထပ်ထွက်လာပြီး ဘယ်လိုသုံးရမယ်ဆိုတာကို ခန့်မှန်းမရခင်မှာ ငါတို့ကအဲ့ဒီပစ္စည်းကို ထုတ်လုပ်ပြီး ဖြစ်စေရမယ် ဆိုပြီးကြုံးဝါးခဲ့တဲ့အတိုင်းပဲ ထုတ်ကုန်အသစ်တွေကို Special Events ပွဲကြီးတွေ အကြီးအကျယ်ကျင်းပပြီး သူဝတ်ဆင်နေကျဂျင်းဘောင်းဘီ၊ အနက်ရောင်အင်္ကျီဝတ်ဆင်ပြီး ထုတ်ဖော်ပြသခဲ့ပါတယ်။

အဲ့ဒီအပြင် Apple ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို စီးရီးအလိုက်ထုတ်လုပ်တဲ့ စနစ်ကိုလည်း Jobs ကစတင်ခဲ့ပြီး မော်ဒန်ဒစ်ဂျစ်တယ်ပစ္စည်းတွေရဲ့ ဖခင်တွေဖြစ်တဲ့ iPod သီချင်း Music Player ကို ၂၀၀၁ခုနှစ်၊ iPhone ကို ၂၀၀၇ခုနှစ်နဲ့ iPad တက်ဘလက်ကွန်ပျူတာကို ၂၀၁၀ခုနှစ်မှာအသီးသီး ထုတ်ဖော်ပြသခဲ့ပါတယ်။ (၂၀၀၇ခုနှစ်အစမှာလည်း Apple Computer ကုမ္ပဏီဆိုတဲ့ စကားလုံးက Computer ဆိုတဲ့ စကားလုံးကို ဖြုတ်ချပြီး ဒစ်ဂျစ်တယ်နဲ့ မိုဘိုင်းလ်အီလက်ထရောနစ် ပစ္စည်းတွေ ထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ်ပြောင်းလဲခဲ့ပါတယ်)

ipod-iphone-ipad

ဆေးကုသမှုကို စီးရီးအလိုက်ခံယူရပြီးနောက် ၂၀၀၄ခုနှစ်မှာ Pancreatic Tumor ကို ဖယ်ထုတ်ပစ်ခဲ့ရပြီး ၂၀၀၉ခုနှစ်မှာလည်း အသည်းအစားထိုးကုသခဲ့ရပေမယ့် Jobs ဟာ Apple ကို ၂၀၁၁ခုနှစ် သြဂုတ်လ ၂၄ရက်နေ့ထိ ဦးဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကုမ္ပဏီကို CEO သစ်ရွေးပြီး Tim Cook လက်ထဲထည့်ခဲ့ပြီး ခြောက်ပတ်အကြာ iPhone 4s ဖုန်းသစ်ကို မိတ်ဆက်ပြီး နောက်နေ့မှာပဲ Palo Alto ကနေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ သူသေတဲ့အချိန်မှာ ကြွယ်ဝမှုက ဒေါ်လာ ၇ဘီလီယံရှိပြီဖြစ်ပါတယ်။

steve-jobs-grave-stone

Ref: History.com

%d bloggers like this: