ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သုံး စစ်တပ်သုံးယာဉ်ကို Chevrolet ထုတ်ဖော်

အမေရိကန်ကားကုမ္ပဏီ Chevrolet ဟာ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သုံး ယာဉ်အမျိုးအစားတစ်မျိုးကို ထုတ်ဖော်လိုက်ပါတယ်။ Chevy ဟာ Colorado ZH2 လို့ နာမည်ပေးထားတဲ့ ထရပ်ကားအမျိုးအစားကို စစ်တပ်ရဲ့ ဆဲလ်လောင်စာသုံးယာဉ်အနေနဲ့ စမ်းသပ်အသုံးချဖို့အတွက် ဒီဇိုင်းထုတ်ထားတာပါ။

ဒီအင်ဂျင်စနစ်ဟာ သာမန်လောင်စာဆီသုံးကားတွေထက် ပိုမိုတိတ်ဆိတ်ပြီး ပိုမိုအေးမြစွာနဲ့ အလုပ်လုပ်မှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ဓာတ်ငွေ့တွေ လုံးဝထုတ်လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကားဟာ နေရာတိုင်းမှာ မောင်းနှင်နိုင်မှာတော့ မဟုတ်သေးပါဘူး။ ကားကို လျှပ်စစ်စွမ်းအင်ပေးဖို့အတွက် ကားအင်ဂျင်ရဲ့ အပြင်ဘက်ပိုင်းမှာ ၂၅ကီလိုဝပ်ရှိတဲ့ ဖြုတ်နိုင်တပ်နိုင်တဲ့ စွမ်းအင်စနစ် (Modular Cell) တွေကို ထည့်သွင်းထားမှာပါ။ ဒီစွမ်းအင်စုကနေ အင်ဂျင်ကို အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။

chevrolet-colorado-zh2-1

ကားမှာ ပါဝင်တဲ့ အဆင့်မြှင့်လည်ပတ်မှုစနစ်တွေနဲ့ အဆင့်မြှင့် စွမ်းအင်ထိရောက်မှုစနစ်တွေလို ပါရင်းစွဲလုပ်ဆောင်ချက်တွေက ဟိုက်ဒရိုဂျင်ပါဝါထုတ်လုပ်ဖို့အတွက် ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် ဆဲလ်တွေကို ရေထည့်ပြီးတော့တောင် ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ စက်တွေကို အလွယ်တကူ ပြင်နိုင်ဖို့အတွက်လည်း စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်မှာဖြစ်လို့ သင့်အနေနဲ့ Fuel Cells တွေကို တကယ့်လက်တွေ့ စစ်မြေပြင်မှာ အလွယ်တကူ လဲလှယ်နိုင်မှာ ဖြစ်တယ်လို့လဲ Chevrolet ကဆိုပါတယ်။

အမေရိကန်တပ်မတော်အနေနဲ့ ZH2 ကို လာမယ့်၂၀၁၇ခုနှစ်ကျရင် “တကယ့်စစ်မြေပြင်အခြေအနေမှာ” စမ်းသပ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။ ဘယ်အချိန်မှာ ဒီကားတွေအနေနဲ့ တာဝန်စတင်ထမ်းဆောင်မယ်ဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။

ဟိုက်ဒရိုဂျင်ပါဝါကို ထုတ်လုပ်ဖို့ ဈေးနှုန်းကြီးမြှင့်တာရယ်၊ သာမန်ရုပ်ကြွင်းလောင်စာတွေလောက် သုံးရတာ မလွယ်ကူတာရယ် စတဲ့အခက်အခဲတွေက ဟိုက်ဒရိုဂျင်ကားတွေအတွက် အဓိကအခက်အခဲတွေအဖြစ် ရှိနေတာပါ။ ဒါပေမယ့် ယခုလိုထုတ်လုပ်ခဲ့တဲ့ ကြိုးပမ်းမှုတွေကြောင့် တစ်ချိန်မှာ ဓာတ်ငွေ့ထုတ်လွှင့်မှုမရှိပဲ သဘာဝပတ်ဝန်းကျင်ကို လုံးဝထိခိုက်မှုမရှိစေတဲ့ ကားတွေကို ထုတ်လုပ်ဖို့အတွက် လမ်းစတွေပေါ်လာခဲ့တာပါ။

Ref: Engadget

%d bloggers like this: