Telenor ဆင်းကဒ်များကို အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်နိုင်ပြီ

Telenor Myanmar အနေနဲ့ Telenor SIM card အသုံးပြုသူများအတွက် အွန်လိုင်းကနေ အလွယ်တကူ SIM card မှတ်ပုံတင်နိုင်မယ့် နည်းလမ်းကိုမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ် ။

Telenor SIM card အသုံးပြုသူတွေအနေနဲ့ Telenor Myanmar ရဲ့ဝန်ဆောင်မှုတွေကို လွယ်ကူ အဆင်ပြေစွာ အသုံးပြုနိုင်ဖို့ ပြုလုပ်ပေးထားတဲ့ MyTelenor App ကနေတစ်ဆင့် SIM card မှတ်ပုံတင်ခြင်းကို တိုက်ရိုက် ပြုလုပ်နိုင် ပြီဖြစ်တယ်လို့သိရပါတယ် ။

MyTelenor App ကိုလက်ရှိအသုံးပြုများအနေနဲ့ နောက်ဆုံး Version ကို Update ပြုလုပ်ပေးဖို့ လိုအပ်ပြီး ၊ မရှိသေးသူများအနေနဲ့လည်း Google Play နဲ့ Apple App Store တို့မှာအလွယ်တကူ Download ပြုလုပ်နိုင်ပြီး Google Play အဆင်မပြေသူများအတွက်ကတော့ https://goo.gl/2w2SQT ဒီ Link မှာ Download ရယူနိုင်ပါတယ် ။ ဒါအပြင့် Telenor User တွေအနေနဲ့ Telenor Mobile Data ကိုသုံးပြီး http://mytelenor.com.mm/web/tablet/mytelenor ဒီ Link မှာ အခမဲ့ Download ရယူနိုင်ပါတယ် ။ ဖုန်းနဲ့ မဟုတ်ဘဲ ကွန်ပျူတာနဲ့ မှတ်ပုံတင်ချင်သူတွေကတော့ https://ecaf.telenor.com.mm/Default.aspx?lang=IMMENSE ဒီ Link မှာ ဝင်ရောက်ပြုလုပ်နိုင် ပါတယ် ။

MyTelenor App မှ Register ပြုလုပ်နည်း

အဆင့် ( ၁ )
ဖုန်းမှ MyTelenor App ကို ဖွင့်ပြီး မိမိ ဖုန်းနံပါတ်ထည့်သွင်းပါ ။

အဆင့် ( ၂ )
မိမိ ဖုန်းနံပါတ်ကို မှန်ကန်စွာရိုက်သွင်းပြီး Sign in ကိုနှိပ်ပါ ။
တယ်လီနောမှ Code နံပါတ် sms ပေးပို့တဲ့အခါ sms ကရရှိတဲ့ code ကို verification code from sms ဆိုသော Box မှာ ထည့်သွင်း ပြီး sign in ကိုနှိပ်ပါ ။

အဆင့် ( ၃ )
Code နံပါတ်မှန်ကန်တာနဲ့ MyTelenor Setting ထဲကို ရောက်သွားမှာဖြစ်ပြီး
ဆင်းကဒ် မှတ်ပုံတင်ဖို့ အောက်ဘက် ထောင့်စွန်းရှိ Help ဆိုသော Tab ထဲကို ဝင်ပါ ။

ပြီးရင်တော့ App ကဖော်ပြထားတဲ့အတိုင်း အလွယ်တကူတစ်ဆင့်ခြင်းပြုလုပ်နိုင်ပြီဖြစ်ပါတယ် ။

%d bloggers like this: