0 Shares 19 Views

Panasonic ရဲ့ 20Megapixels ကြည်လင်ပြတ်သားတဲ့ Android စနစ်သုံးကင်မရာ Lumix DMC-CM10

Panasonic ကုမ္မဏီဟာ Panasonic Lumix DMC-CM1 ဆိုတဲ့ ကင်မရာ စမတ်ဖုန်းကိုပဲ ကင်မရာသီးသန့်ဗားရှင်းနဲ့ Lumix DMC-CM10 ဆိုတဲ့ ကင်မရာ တစ်လုံးကို ထုတ်လုပ်ခဲ့ပါတယ်။ ထို ကင်မရာကိုတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဖြန့်ဖြူးရောင်းချမှာ ဖြစ်ပြီး ဒေါ်လာ ၈၆၀ ခန့်ကျသင့် မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကင်မရာကတော့ 20-Megapixel ကြည်လင်ပြတ်သားမှုရှိတဲ့ Sensor နဲ့10mm ၊ f/2.8 Leica DC Elmarit မှန်ဘီလူးတွေကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Mechanical Shutter လည်းတပ်ဆင်ထားပြီး ISO ပမာဏကို ချိန်ညှိုဖို့အတွက် ကွင်း(Ring) လေးတစ်ခုတပ်ဆင်ပေးထားသေးတယ်လို့ သိရပါတယ်။

ကုမ္မဏီ ရဲ့ Lumix ကင်မရာအများစုမှာတွေ့နေကြဖြစ်တဲ့ Venus အင်ဂျင်ကို အဓိကမောင်းနှင်စေပြီး ထူးခြားနေတာတစ်ခုက 20 Megapixels sensor ဟာ ၁ လက်မအရွယ် MOS အမျိုးအစားပဲဖြစ်နေပါတယ်။ ကင်မရာအတွင်းမှာရွေးချယ်နိုင်မယ့် White Balance လုပ်ဆောင်ချက်တွေကတော့ Auto ၊ Sunny ၊ Cloudy ၊ Shade ၊ Incandescent တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် Panasonic ရဲ့ Lumix DMC-CM10 ကင်မရာဟာ 4K ရုပ်ထွက် ဗီဒီယို ရိုက်ကူးမှုကိုလည်း လုပ်ဆောင်ခွင့်ပေးထားပါသေးတယ်။

အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ Lumix DMC-CM10 ကင်မရာဟာ Android 5.0 Lollipop စနစ်ကို ထည့်သွင်းလုပ်ဆောင်ထားပြီး 2.3GHz quad-core Qualcomm Snapdragon 801 processor နဲ့ 2GB ပမာဏ ရှိတဲ့ RAM တို့ကိုလည်း ထည့်သွင်းပေးထားပြီး ကင်မရာရဲ့ ပြသ မျက်နှာပြင်ဟာ ၄.၇ လက်မ ကျယ်ဝန်းပြီး 1080×1920 Pixels ကြည်လင်ပြတ်သားမှုကို ပြသနိုင်မှာဖြစ်ပါတယ်။

ချိတ်ဆက်မှုတွေအနေနဲ့ကတော့ Panasonic ရဲ့ Lumix DMC-CM10 ဟာ 4G LTE ကွန်ယက်နှင့်အတူ GPS ၊ Wi-Fi ၊ a/b/g/n/ac ၊ Micro-USB 2.0 နဲ့ Bluetooth 4.0 တို့ကိုလည်း Support ပြုလုပ်ပေးနိုင်ပါတယ်။ အတွင်းသိုလှောင်ပမာဏလည်း 16GB အထိပါဝင်ပြီး MicroSD ကတ်သာထည့်သွင်းမယ်ဆိုရင် 128GB အထိ တိုးချဲ့  အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီကတော့ 2600mAh လီသီယမ်အိုင်းယွန်း ဘက်ထရီဖြစ်ပြီး Qualcomm Quick Charge 2.0 လုပ်ဆောင်ချက်ကိုလည်း support ပြုလုပ်ပေးနိုင်ပါတယ်။ ကင်မရာ ဟာ အလျား ၁၃၅.၄ မီလီမီတာ ၊ အနံ ၆၈ မီလီမီတာ နဲ့ အမြင့် ၂၁.၁ မီလီမီတာ ရှိပြီး အလေးချိန် ၂၀၄ ဂရမ် လေးလံတယ်လို့လည်း သိရပါတယ်။

Ref : Gadgets 360

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
770 shares256 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Most from this category