လာမယ့် လေးနှစ်အတွင်း လက်လီအရောင်းဆိုင် ၁၀၀၀ကျော် ထပ်မံဖွင့်လှစ်ဖို့ စီစဉ်နေတဲ့ Xiaomi

စတင်တည်ထောင်ခဲ့တဲ့ ၂၀၁၁ခုနှစ်ကစတင်ပြီး ကြည့်မယ်ဆိုရင် Xiaomi ဟာ ခြေလှမ်းမှန်မှန်နဲ့ ချီတက်နေတာကို တွေ့ရပါတယ်။ ကုမ္ပဏီအနေနဲ့ အဓိကအားဖြင့် တရုတ်နဲ့ အာရှဈေးကွက်ကို ပစ်မှတ်ထားပြီး ပိုမိုကျယ်ပြန့်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ကို ရောက်ရှိအောင် ပြုလုပ်နေခဲ့တာပါ။ ဒါကြောင့် အင်တာနက်အရောင်းကဏ္ဍကို ချဲ့ထွင်နေရုံသာမက လာမယ့် ၂၀၂၀ခုနှစ်အမှီ လက်လီအရောင်းဆိုင်ပေါင်း ၁၀၀၀ ကျော်ကို ထပ်မံဖွင့်လှစ်ဖို့အတွက် ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိပြည်တွင်း ပြိုင်ဘက်တွေဖြစ်တဲ့ Huawei, Oppo နဲ့ Vivo တို့လို ကုမ္ပဏီတွေကို ကျော်ဖြတ်နိုင်ဖို့ Xiaomi အနေနဲ့ အရောင်းမြှင့်တင်တဲ့ အစီအစဉ်တွေကို ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ လွှမ်းမိုးမှုမရှိသေးတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပဈေးကွက်တွေကို ထိုးဖောက်ဖို့နဲ့ ပြိုင်ဘက်တွေကိုယှဉ်ပြိုင်ဖို့အတွက် နောက်ထပ်အရောင်းဆိုင် ၁၀၀၀ ကိုဖွင့်လှစ်မှာဖြစ်တယ်လို့ CEO ဖြစ်သူ Lei Jun ကဆိုခဲ့တာပါ။

ဒီစတိုးတွေကို ဘယ်နေရာတွေမှာ အခြေစိုက်မယ်ဆိုတာကိုတော့ မပြောသေးပေမယ့် အဓိကအနေနဲ့ကတော့ တရုတ်တဝိုက်ပဲ ဖြစ်ဖို့များတယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ အဓိက စတ်ဖုန်း အမျိုးအစားတွေကို ဒေါ်လာ ၃၀၀ ခန့်နဲ့ ရောင်းချလိုနေတာဖြစ်ပါတယ်။

လက်ရှိအနေနဲ့လည်း Xiaomi ဟာ စမတ်ဖုန်းတွေအပြင် တခြား စမတ်အိမ်သုံးပစ္စည်းတွေကိုပါ ထုတ်လုပ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း Xiaomi ရဲ့ အဓိကစမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Mi 5 ကိုဆက်ခံတဲ့ ဖုန်းသစ် Mi 5s ကိုထုတ်လုပ်ခဲ့ပါတယ်။

Ref: Phone Arena

%d bloggers like this: