0 Shares 1034 Views

စမတ်ဖုန်းဈေးကွက်ကနေ အရှုံးပေးထွက်ခွာပြီဖြစ်ကြောင်း BlackBerry တရားဝင်ကြေငြာ

Sep 29, 2016
0 1034

နာမည်ကျော်ကနေဒါစမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Blackberry ဟာ စမတ်ဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး၊ ဆော့ဖ်ဝဲထုတ်လုပ်မှုကိုပဲ အာရုံစိုက်သွားတော့မှာဖြစ်ကြောင်း ယမန်နေ့က တရားဝင်ကြေငြာခဲ့ပါတယ်။

Blackberry Ltd. က ထုတ်ပြန်ခဲ့တဲ့ ဒုတိယသုံးလပတ်အစီရင်ခံစာအရ ကုမ္ပဏီအနေနဲ့ ဆော့ဖ်ဝဲထုတ်လုပ်ရောင်းချမှုပိုင်းမှာ ယမန်နှစ်ကထက် ၈၉ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိခဲ့ပေမယ့်၊ စုစုပေါင်းလုပ်ငန်းလည်ပတ်မှုအရှုံးပေါ်ငွေက ကန်ဒေါ်လာ ၃၇၂ သန်းအထိ ရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် ဈေးကွက်လေ့လာသူတွေ ခန့်မှန်းထားတဲ့ အရှုံးငွေပမာဏက ဒီထက်တောင်များသေးတာကြောင့် Blackberry အနေနဲ့ ဖြေသာတယ်လို့ ဆိုရမှာပါ။

Blackberry ဟာ လွန်ခဲ့တဲ့လအနည်းငယ်က DTEK50 ဆိုတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်ကို ထုတ်ခဲ့ပေမယ့်၊ အဆိုပါဖုန်းဟာ Alcatel ရဲ့ Idol 4 ဖုန်းကို Blackberry ရဲ့ Android ဗားရှင်းထည့်ထားတဲ့ဖုန်းတစ်လုံးအဆင့် လောက်သာရှိသာပြီး၊ Blackberry ရဲ့ ကိုယ်ပိုင်ဒီဇိုင်းမျိုး မတွေ့ခဲ့ရတာကိုကြည့်ရင် Blackberry ဟာ အစောကတည်းက ဟာ့ဒ်ဝဲထုတ်လုပ်မှုကုန်ကျစရိတ်တွေကို လျော့ချနေခဲ့တာ သိသာပါတယ်။

BlackBerry ဟာ BlackBerry OS ကနေ စွန့်ခွာပြီး၊ Android OS ဘက် ပြောင်းပြီးကတည်းက ဟာ့ဒ်ဝဲပိုင်းကို အားထုတ်မှုသိပ်မရှိခဲ့ပါဘူး။ Priv ဖုန်းက မဆိုးဘူးလို့ ဆိုနိုင်ပေမယ့်၊ ဈေးကြီးတာကြောင့် လူတန်းစားမရွေးမကိုင်နိုင်တဲ့အပြင်၊ အရောင်းပိုင်းအောင်မြင်မှုမရခဲ့တဲ့ဖုန်းဖြစ်ပါတယ်။

BlackBerry ရဲ့ ရှေ့ဆက်မယ့်လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်ပြီး CEO John Chen က အခုလို ပြောကြားခဲ့ပါတယ်။

“ ယခုစီးပွားရေးဗျူဟာမှာတော့၊ ကျနော်တို့အနေနဲ့ လုံခြုံရေးပိုင်းနဲ့ အက်ပလီကေးရှင်းတွေပါဝင်တဲ့ ဆော့ဖ်ဝဲထုတ်လုပ်မှုအပိုင်းကို အာရုံစိုက်သွားမှာပါ။ ကုမ္ပဏီတွင်းဟာ့ဒ်ဝဲထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ အကုန်လုံးကို ရပ်ဆိုင်းသွားမှာဖြစ်ပြီး၊ ဟာ့ဒ်ဝဲအပိုင်းကို မိတ်ဖက်ကုမ္ပဏီတွေနဲ့ပဲ စာချုပ်ချုပ်ဆိုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

BlackBerry အမှတ်တံဆိပ်ကို ဖုန်းတွေမှာ ဆက်လက်မြင်ရဖို့ မျှော်လင့်ချက်ရှိသေးပေမယ့်၊ BlackBerry ကိုယ်တိုင်ထုတ်တဲ့ ဖုန်းတွေကိုတော့ မြင်ရဖို့မရှိတော့ဘဲ၊ တခြားကုမ္ပဏီတစ်ခုခုက ထုတ်လုပ်ပေးတဲ့ဖုန်းအနေနဲ့ပဲ ထွက်လာမှာပါ။

Ref: Forbes, Gadgets 360

 

 

You may be interested

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု
HUBS, Lenovo, Mobiles & Tablets
0 shares0 views

Android 8.0 Oreo ရရှိနိုင်မယ့် Device များအား Lenovo အတည်ပြု

Ko Thuya - Oct 18, 2017

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Lenovo ကသုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းမော်ဒယ် ၃ မျိုးထဲက တခုကိုပိုင်ဆိုင်လျင်ပင် Android 8.0 Oreo ကိုရရှိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဆီကထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ K8, K8 Plus နဲ့ K8 Note စမတ်ဖုန်းများကို နောက်ဆုံးထွက် Android…

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်
NEWS, Tech Update
81 shares21 views

ကမ္ဘာ့ပထမဦးဆုံး 3D-Priint နည်းပညာဖြင့်ဆောက်ထားသည့် တံတား နယ်သာလန်တွင် ဖွင့်လှစ်

Ko Thuya - Oct 18, 2017

3D နဲ့ပရင့်ပြုလုပ်ခြင်းနည်းပညာဟာ အခုနောက်ပိုင်းမှာ အတော်ကြီးခေတ်စားလာခဲ့ပါတယ်။ လူပုံစံရုပ်တွေကစ လို့ အရာဝတ္ထူပုံတူတွေထုတ်လုပ်ခြင်း၊ အဆောက်အအုံပြုလုပ်ခြင်းတွေ တဖြည်းဖြည်းနဲ့ ပြလုပ်လာခဲ့တာဟာ အခုဆိုရင် 3D Print ထုတ်ပြီးဆောက်လုပ်ထားတဲ့ တံတားအဆင့်ထိတောင်ရောက်လာခဲ့ပါပြီ။ နယ်သာလန်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဂျီမတ်မြို့လေးမှာ တံတားအတိုလေးတံစင်းကို ပြုလုပ်ဖွင့်လှစ်ခဲ့တာပါ။ စက်ဘီးတွေစီးနင်းပြီးဖွင့်လှစ်ခဲ့တဲ့ ဒီပွဲမှာ Eindhoven…

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ
Android, HUBS, Mobiles & Tablets
342 shares19 views

အမေရိကန် လူမျိုးများဟာ Apple Products များကို ပိုမို စွဲလမ်းနေဟု စစ်တမ်းက ဖော်ပြ

Ko Thuya - Oct 18, 2017

အမေရိကန် လူမျိုးများဟာ အခြား ထုတ်ကုန်များထက် Apple ထုတ်ကုန်များကို ပိုမို စွဲလမ်းနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြလိုက်ပါတယ်။ CNBC ရဲ့ All-American Economic စစ်တမ်းက ပျမ်းမျှအားဖြင့် အမေရိကန် အိမ်ထောင်စုတစ်ခုမှာ Apple ထုတ်ကုန် ၂.၆ ခု ပိုင်ဆိုင်တယ်လို့…

Most from this category