Tesla ရဲ့ အလိုအလျောက်မောင်းနှင်စနစ် အဓိက Update ယနေ့ထွက်ရှိမည်

Tesla ရဲ့ CEO ဖြစ်သူ Elon Musk ရဲ့ Twitter ကနေ ကြေငြာတဲ့ ကြေငြာချက်အရ ကုမ္ပဏီရဲ့ အလိုအလျောက်မောင်းနှင်စနစ်ရဲ့ နောက်ဆုံး Update ဗားရှင်းဟာ ဒီနေ့ညမှာ ထွက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။ မောင်းသူမဲ့စနစ်ဆိုတာမှာ ဒီစနစ်ဟာ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ပရိုဂရမ်ဆော့ဖ်ဝဲတစ်ခုပဲဖြစ်ပြီး ဒီစနစ်ဟာ ကျွန်တော်တို့ဖုန်းတွေမှာ ရှိနေတဲ့ OS စနစ်တွေလို Update လုပ်လို့ရတာပဲဖြစ်ပါတယ်။ ဒါကြောင့် OS စနစ်တွေကို Update လုပ်သလိုမျိုး Version Update လုပ်ပြီး AI ကိုပြင်ဆင်မွမ်းမံသွားရုံပဲဖြစ်ပါတယ်။

ဒီဗားရှင်း 8.0 Update မှာ Autopilot စနစ်ကို ဒုတိယမြောက်ခြေရာခံ ကင်မရာဆင်ဆာစနစ်ထက် ရေဒါအပေါ်ပိုမိုမှီခိုနိုင်အောင် ပြုလုပ်ထားပါတယ်။ ဒီအကြံဉာဏ်ကြောင့် ရေဒါအနေနဲ့ နှင်းတွေကျနေတာလို ကင်မရာရဲ့ မြင်နိုင်စွမ်းတွေ နည်းပါးတဲ့အခါမျိုးမှာ ပိုမိုအသုံးပြုနိုင်မှာပါ။

အဲ့ဒီအပြင် ရေဒါဆင်ဆာတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက Tesla ကစတင်လုပ်ဆောင်အသုံးပြုနေခဲ့တာကြောင့် ကင်မရာထက် ပိုမိုအတွေ့အကြုံများသယောင် ရှိနေပါတယ်။ အဲ့ဒီအပြင် လုပ်ဆောင်ချက်အသစ်တစ်ရပ်အနေနဲ့ ယာဉ်မောင်းသူက သူ့လက်တွေကို စတီယာရင်ပေါ်တင်လိုက်တာနဲ့ Autopilot စနစ်ကို ပိတ်ပေးမယ့် လုပ်ဆောင်ချက်လည်း ပါဝင်လာခဲ့ပါတယ်။

ဗားရှင်း 8.0 ဟာ Autopilot စနစ်မှာတင်မဟုတ်ပဲ Dashboard နဲ့ Media App ရဲ့ UI တွေကိုပါ အနည်းငယ် အပြောင်းအလဲပြုလုပ်ထားခဲ့ပါတယ်။ အဲ့ဒီအပြင် အပူချိန်ထိန်းညှိတဲ့စနစ်မှာ အလိုအလျောက်ထိန်းတဲ့စနစ်နဲ့ Air Condition စနစ်တွေကို Always-on လုပ်ထားတာကြောင့် ကားရဲ့အတွင်းခန်းအပူချိန်ဟာ ၁၀၅ဒီဂရီဖာရင်ဟိုက် (၄၀ဒီဂရီဆဲလ်စီးရပ်စ်) ထက်ပိုမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ကားကို ကလေးတွေနဲ့အတူထားခဲ့ချိန်မှာ အပူလောင်တာတွေ၊ စတဲ့ပြဿနာတွေ ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး။

Ref: Engadget

%d bloggers like this: