0 Shares 83 Views

New York မြို့ရဲ့ ပထမဆုံး အများပြည်သူသုံး၊ မြန်နှုန်းမြင့် Wi-Fi ရုံတွေ စတင်ဖွင့်လှစ်

Jan 22, 2016
0 83

linknyc

New York မြို့ရဲ့ ပထမဆုံး အများပြည်သူသုံး မြန်နှုန်းမြင့် Wi-Fi ကွန်ရက်ကို ယနေ့မနက်မှာ၊ Third Avenue ရိပ်သာလမ်း၊ ၁၅ လမ်းနဲ့ ၁၉ လမ်းကြားက Wi-Fi ရုံလေးခုကနေ စတင်ချိတ်ဆက်အသုံးပြုနိုင်ခဲ့ပါတယ်။

ပထမဆုံး Wi-Fi ရုံကို ဒီဇင်ဘာ လမှာ စတင်တပ်ဆင်ခဲ့တာဖြစ်ပေမယ့်၊ ယနေ့မှာမှ New York မြို့သားတွေ အင်တာနက် စသုံးနိုင်ခဲ့တာပါ။

ဒီအစီအစဉ်ဟာ New York မြို့တော်ရဲ့စီရင်စုငါးခုစလုံးကို အခမဲ့အင်တာနက်ချိတ်ဆက်အသုံးပြုခွင့်ပေးသွားမယ့် LinkNYC ကွန်ရက်ရဲ့ ကနဦးအဆင့်ဖြစ်ပါတယ်။

LinkNYC ကွန်ရက်ဆိုတာ ခေတ်ဟောင်းအကြွေစေ့ဖုန်းရုံတွေနေရာမှာ ခေတ်မီ Wi-Fi စင်တာတွေကို အစားထိုး တပ်ဆင်ပေးမယ့် အစီအစဉ်တစ်ခုဖြစ်ပြီး၊ New York မြို့သားတွေအနေနဲ့ ယခု Wi-Fi ရုံတွေကနေ အမေရိကန်ပြည်နယ်ပေါင်း ၅၀ ကို အခမဲ့ ဖုန်းခေါ်ဆိုနိုင်ခွင့်၊ အခမဲ့မြန်နှုန်းမြင့်အင်တာနက်သုံးနိုင်ခွင့်တို့ ရရှိမှာပါ။

ဒီ့အပြင် Link စင်တာတစ်ခုတိုင်းစီမှာ အင်တာနက်ရှာဖွေကြည့်ရှုနိုင်ဖို့အတွက် Android ဖုန်းတစ်လုံး၊ ဖုန်းအားသွင်းပေါက်နှစ်ပေါက် နဲ့ ကြော်ငြာစခရင်တစ်ခုတို့ပါရှိပါတယ်။ Verge မဂ္ဂဇင်းက စမ်းသပ်ခဲ့မှုအရ Wi-Fi မြန်နှုန်းဟာ 300 Mbps ကျော်ရှိတယ်လို့ သိရပါတယ်။

LinkNYC ကွန်ရက်ကို အသုံးပြုချင်သူအနေနဲ့ Wi-Fi ရုံမှာရှိတဲ့ဖန်သားပြင်ကနေ Log in အရင်ဝင်ရောက်ရမှာဖြစ်ကာ မိမိရဲ့ အီးမေးလ်လိပ်စာ ကို ဖြည့်သွင်းပေးရပါမယ်။ LinkNYC တာဝန်ရှိသူတွေရဲ့အဆိုအရတော့ အီးမေးလ်ကောက်ခံရခြင်းဟာ သတင်းအချက်အလက်ပိုင်းဆိုင်ရာအတွက်သာဖြစ်ပြီး သုံးစွဲသူရဲ့အချက်အလက်တွေကိုမျှဝေမှု၊ ရောင်းစားမှုတွေလုပ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ရုံတစ်ရုံမှာ Log in ၀င်ထားရုံနဲ့ Wi-Fi ရုံကွန်ရက်မိတဲ့နေရာတိုင်းမှာ အင်တာနက်သုံးစွဲသွားနိုင်ပါတယ်။

ဂျူလိုင်လလယ်လောက်မှာ New York မြို့အတွင်း Wi-Fi ရုံပေါင်း ၅၀၀ လောက်အပြီးတပ်ဆင်သွားဖို့ရှိပြီး စီရင်စုငါးခုစလုံးကို ကွန်ရက်ခြုံလွှမ်းနိုင်ဖို့အတွက် ရုံပေါင်း ၇၅၀၀ လောက်တပ်ဆင်သွားမှာဖြစ်ပါတယ်။

3

4

Ref: The Verge

 

 

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
137 shares47 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category