0 Shares 72 Views

ပထမဆုံး Ultra HD Blu-ray Player ကို ဒီနှစ်ကုန်ပိုင်းမှာ Oppo ထုတ်လုပ်မည်

ကျွန်တော်တို့တွေ Oppo နဲ့ပတ်သက်တဲ့ ဖုန်းတွေကို တော်တော်များများကိုင်ဖူးကြပါတယ်။ ဒါပေမယ့် Oppo ကတော့ ဒီလောက်နဲ့ ရပ်တန့်နေမယ့်ပုံမပေါ်ပါဘူး။ Oppo အနေနဲ့ အိမ်သုံးပစ္စည်းနဲ့ ပတ်သက်တဲ့အရာတွေကို ထုတ်လုပ်ဖို့အတွက်အစီအစဉ်လည်း ရှိနေခဲ့ပါတယ်။

ကုမ္ပဏီဟာ ပြီးခဲ့တဲ့အပတ်တုန်းက သူတို့ရဲ့ Ultra HD Blu-ray player ကို ထုတ်ဖော်ပြသခဲ့ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ player ရဲ့နာမည်ကတော့ UDP-203 ဖြစ်ပြီး ဒေါ်လာ ၅၀၀နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ စက်မှာ Dual-HDMI ပေါက်တွေ၊ USB ပေါက်နှစ်ပေါက်၊ Analog 7.1 အသံထွက်စနစ်၊ RS- 232 နဲ့ အီသာနက်တွေပါဝင်ပါတယ်။

သတင်းတွေရဲ့ပြောကြားချက်အရတော့ စက်ကို အဆင့်မြှင့်တင်ထားပြီး UDP 205 မော်ဒယ်အနေနဲ့ထုတ်လုပ်မှာလည်းဖြစ်ပြီး မော်ဒယ်နှစ်မျိုးစလုံးဟာ Dolby Version HDR ရုပ်ထွက်ကို ရရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။

သုံးစွဲသူတွေအနေနဲ့ Samsung, Panasonic, Philips, Microsoft Xbox One S နဲ့ Sony ရဲ့ ပထမဆု့း 4K ရုပ်ထွက် Player တို့အပြင် နောက်ထပ်ရွေးချယ်စရာတစ်ခု ထပ်တိုးလာခဲ့တာပါ။

Ref: Engadget

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category