0 Shares 13 Views

၂၀၂၀ ခုနှစ်အတွင်း သြစတြေးလျမှာ 5G ကွန်ရက် ရရှိနိုင်မှာဖြစ်ကြောင်း Vodafone ကုမ္ပဏီပြောကြား

Jan 21, 2016
0 13

corbis

Vodafone ကုမ္ပဏီရဲ့ ပြောကြားချက်အရ မြန်နှုန်းမြင့် 5G ကွန်ရက်ဟာ ခန့်မှန်းတာထက်စောပြီး ရောက်ရှိလာဖွယ်ရှိပါတယ်။

Vodafone ကုမ္ပဏီရဲ့ သြစတြေးလျနိုင်ငံဆိုင်ရာနည်းပညာအရာရှိချုပ် Benoit Hanssen က သြစတြေးလျ နိုင်ငံအနေနဲ့ မကြာခင်မှာ အလွန်မြန်နှုန်းမြင့် 5G မိုဘိုင်းကွန်ရက်ကို ရရှိတော့မှာဖြစ်တယ်လို့ သူယုံကြည်ကြောင်း သတင်းထောက်တွေကို ဆစ်ဒ်နီမြို့မှာ ပြောကြားခဲ့ပါတယ်။

Hanseen က သြစတြေးလျနိုင်ငံဟာ စမတ်ဖုန်းစတင်သုံးစွဲစဉ်တုန်းကလည်း မြန်မြန်ဆန်ဆန်နဲ့ လက်ခံသုံးစွဲခဲ့တာကြောင့် စမတ်ဖုန်းထိုးဖောက်မှုအမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် သြဇီဟာ ဆန်းသစ်တဲ့အရာတွေကို လက်ခံနိုင်ဖို့အဆင်သင့်ဖြစ်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီလိုဆန်းသစ်တဲ့အရာတွေကို လက်ခံသုံးစွဲဖို့တတ်နိုင်တဲ့ လူဦးရေလည်းရှိနေတယ်လို့ ဆိုပါတယ်။

4G ကွန်ရက်ဟာ သြစတြေးလျနိုင်ငံကို ၂၀၁၁ ခုနှစ်မှာ စတင်ရောက်ရှိခဲ့တာဖြစ်ပြီး လူတိုင်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံသုံးစွဲခဲ့ကြပါတယ်။ အခုဆိုရင် Vodafone သုံးစွဲသူ ၇၀ ရာခိုင်နှုန်းကျော်ဟာ 4G ကွန်ရက်ပေါ်မှာဖြစ်ပြီး ၂၀၁၆ မှာ ၉၀ ရာခိုင်နှုန်းရောက်ရှိမယ်လို့ Hanssen က ခန့်မှန်းထားပါတယ်။

Vodafone ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်မှာ telecom ၀န်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ TPG နဲ့ သဘောတူစာချုပ်တစ်ခု ချုပ်ဆိုကာ Vodafone ရဲ့ ဖိုင်ဘာကွန်ရက်တွေကို တိုးချဲ့ခဲ့ပြီး လက်ရှိမှာ 5G ကွန်ရက်ဖော်ဆောင်နိုင်ဖို့ အလားအလာအရှိဆုံး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အတွင်းက ဗြိတိသျှသိပ္ပံပညာရှင်တွေရဲ့ 5G ကွန်ရက်ချိတ်ဆက်မှုစမ်းသပ်ချက်မှာလည်း တစ်စက္ကန့်ကို ဒေတာမြန်နှုန်း ၁ terabit (1 Tbps) အထိရရှိခဲ့ပြီး ဒီမြန်နှုန်းနဲ့ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားရဲ့ ဖိုင်ဆိုက်ထက် အဆ ၁၀၀များတဲ့ဖိုင်တစ်ဖိုင်ကို သုံးစက္ကန့်အတွင်း ဒေါင်းလုဒ်ဆွဲနိုင်မှာဖြစ်ပါတယ်။

Ref:

 

You may be interested

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်
NEWS, Tech Update
0 shares0 views

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်

Ko Thuya - Jul 22, 2017

တောင်ကိုရီးယားမှာ လာမယ့်နှစ်တွင် ကျင်းပမယ့် Winter Olympics ပွဲအတွက် LG က နိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်မှာ စက်ရုပ်များကို စမ်းသပ်နေပါတယ်။ ဒီနေ့ကစပြီး ဆိုးလ်မြို့ရဲ့ အင်ချီယွန် နိုင်ငံတကာ လေဆိပ်မှာ LG ရဲ့ Airport Guide Robot…

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ
Mobiles & Tablets, NEWS
99 shares39 views

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

Ko Thuya - Jul 22, 2017

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးယောက်စီးတီးတွင် ကျင်းပမယ့် Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား မီဒီယာများထံ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာတော့ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ မရေးသားထားဘဲ Do bigger…

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro
Apple, HUBS, Mobiles & Tablets
687 shares1613 views

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro

zayarsan - Jul 21, 2017

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် လို့ နာမည်ကြီးနေတဲ့ အမျိုးအစား က ဘာများပါလိမ့်...ဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ Apple ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာနေသူတိုင်းအတွက် ခေါင်းစားစေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ် လို့ DailyMail က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့…

Most from this category