တရုတ်ဘီလျံနာတစ်ယေက်ရဲ့သားက သူ့ခွေးအတွက် iPhone 7 ၈လုံးဝယ်ပေးခဲ့

ကျွန်တော်တို့တွေဟာ စီးပွားရေးအခြေအနေတွေ ကွာဟမှုကြီးမားတဲ့ ကမ္ဘာကြီးမှာနေထိုင်နေရတယ်ဆိုတာ တဖြည်းဖြည်းသိသာလာပါပြီ။ ချမ်းသာတဲ့သူတွေက အကောင်းတကာ့ အကောင်းဆုံးတွေပဲ အသုံးပြုနေကြပြီး ဆင်းရဲချို့တဲ့သူတွေကတော့ ဆာလောင်မွတ်သိပ်နေကြပါတယ်။ ယခုတစ်ခါထွက်ပေါ်လာတဲ့ သတင်းကတော့ တရုတ်ဘီလျံနာတစ်ယောက်ရဲ့ သားဟာ အပျော်သဘောအနေနဲ့ သူ့ခွေးအတွက် iPhone 7 ရှစ်လုံးကို ဝယ်ပေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းစု Wanda Group ပိုင်ရှင်ဖြစ်တဲ့ Wang Jailin ရဲ့ သားဖြစ်သူ Wang Sicong ဟာ အခုလိုမျိုး ခွေးအတွက် iPhone 7 တွေဝယ်ပေးခဲ့တာကို ဓာတ်ပုံရိုက်ပြီး တရုတ်လူမှုကွန်ယက် Weibo မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ Wang Jinlin ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ဘီလျံ၃၀ရှိပြီး ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ရုံလုပ်ငန်းစုရဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။

iPhone 7 တွေရဲ့ ဈေးနှုန်းဟာ တစ်လုံးကို ယွမ် ၆၃၈၈ကနေ ၇၉၈၈ (ဒေါ်လာ ၉၅၇ မှ ဒေါ်လာ ၁၁၉၇) ခန့်ရှိတာကြောင့် သူ့အနေနဲ့ ခွေးအတွက် iPhone တွေဝယ်ယူဖို့အတွက် ဒေါ်လာ ၇၇၀၀နီးပါး (ကျပ်သိန်း ၁၀၀ခန့်) သုံးစွဲခဲ့တာပါ။ ခွေးနာမည်ကတော့ Coco လို့သိရပြီး ခွေးမလေးအနေနဲ့ နားကြပ်ပေါက်မပါလာတော့လို့ ဘယ်လိုများခံစားရမလဲလို့တောင် တွေးမိပါသေးတယ်။ 😀

Ref: Gizmodo

%d bloggers like this: