Ooredoo SIM ကတ်များကို အွန်လိုင်းမှ တစ်ဆင့် မှတ်ပုံတင်နိုင်ပြီး ဆုလက်ဆောင်များရယူနိုင်

Ooredoo Myanmar မှ ပထမဆုံး အွန်လိုင်းမှတစ်ဆင့် ကိုယ်တိုင်ကိုယ်ကျ လွယ်ကူစွာ ဆင်းကတ်မှတ်ပုံတင်နိုင်မယ့် ဝန်ဆောင်မှုကို မိတ်ဆက် လိုက်ပါတယ် ။Ooredoo Myanmar မှ သုံးစွဲသူများအတွက် အကျိုးရှိစေမယ့် ဝန်ဆောင်မှုအသစ်တစ်ခုဖြစ်တဲ့  အွန်လိုင်းမှ တစ်ဆင့် SIM ကတ် မှတ်ပုံတင်နိုင်မယ့့် ဝန်ဆောင်မှုအသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်တယ်လို့  စက်တင်ဘာလ(၂၁) ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ် ။

မိုဘိုင်းဖုန်းအသုံးပြုသူများအနေနဲ့ ဆင်းကတ်မှတ်ပုံတင်ဖို့အတွက် သက်ဆိုင်ရာအော်ပရေတာ အမှတ်တံဆိပ်အရောင်းဆိုင်သို့ သွားစရာမလိုဘဲ မြန်ဆန်လွယ်ကူအဆင်ပြေစွာ သုံးစွဲသူကိုယ်တိုင် အွန်လိုင်းမှ မှတ်ပုံတင်နိုင်စေမယ့် ဒီ ဝန်ဆောင်မှုကို Ooredoo က ပထမဆုံး မိတ်ဆက်ပေးနိုင်ခဲ့တာဖြစ်ပါတယ် ။

self-regOoredoo အသုံးပြုသူများအနေနဲ့ မိမိတို့ရဲ့ဆင်းကတ်မှတ်ပုံတင်ထားခြင်းရှိ/ မရှိကို *666# သို့ ခေါ်ဆိုပြီး ကိုယ်တိုင်စစ်ဆေးနိုင်ပြီး ဆင်းကတ်မှတ်ပုံတင်ထားခြင်းမရှိပါက အွန်လိုင်းကနေအလွယ်တကူ ကိုယ်တိုင်မှတ်ပုံတင်နိုင်ဖို့ လင့်ခ်တစ်ခုကို ပေးပို့မယ့် စာတိုတစ်စောင်ကို လက်ခံရရှိမှာဖြစ်ပါတယ် ။ 3G/4G မိုဘိုင်းအင်တာနက်ကို ဖွင့်ပြီး စာတိုထဲမှာပါရှိတဲ့ လင့်ခ်ကို နှိပ်က အွန်လိုင်းကနေ ဆင်းကတ်မှတ်ပုံတင်ခြင်းကို ကိုယ်တိုင်စတင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့သိရပါတယ် ။

နောက်တစ်ဆင့်အနေနဲ့ ရှေ့/နောက်ဓာတ်ပုံရိုက်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ဓာတ်ပုံ file ကို ပူးတွဲပေးပို့ ကာ လျှောက်ထားခြင်း ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး မှတ်ပုံတင်နိုင်ပြီဖြစ်ပါတယ် ။ မှတ်ပုံတင်ပြီးပါက အောင်မြင်စွာမှတ်ပုံတင်ပြီးစီးကြောင်း စာတိုတစ်စောင်လက်ခံရရှိမှာဖြစ်ပြီး ထိုသို အွန်လိုင်းမှတစ်ဆင့် မှတ်ပုံ တင်ခြင်းအတွက် ဆုလက်ဆောင်လည်းရရှိမှာဖြစ်တယ်လို့ သိရပါတယ် ။

အွန်လိုင်းကနေ မှတ်ပုံတင်ဖို့ အတွက် (၂၄)နာရီပတ်လုံး အချိန်မရွေးပြုလုပ်နိုင်ပြီး Ooredoo အမှတ်တံဆိပ်အရောင်းဆိုင်များမှာ ကိုယ်တိုယ် မှတ်ပုံတင် ချင်သူတွေအနေနဲ့ကတော့ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (သို့) ကျောင်းသားကတ်မိတ္တူ (သို့) ယာဉ်မောင်းလိုင်စင်မိတ္တူတို့ကို တပါတည်းယူဆောင်လာဖို့လိုအပ်တယ်လို့သိရပါတယ် ။ Ooredoo ရဲ့ စီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှု (B2B service) ကို ရယူထားတဲ့ လုပ်ငန်းများအနေနဲ့လည်း မိမိနဲ့ သက်ဆိုင်တဲ့ အကောင့်မန်နေဂျာကို ဆက်သွယ်ပြီး ဆင်းကတ်မှတ်ပုံတင်ခြင်းကို ပြုလုပ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ် ။

%d bloggers like this: